ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


အဖြူရောင်သံယောဇဉ် ( my short story from planet )
July 15, 2006, 6:52 am
Filed under: Essays And Stories

အဖြူရောင်သံယောဇဉ်
ပန်းတွေခင်းထားတဲ့လမ်းလေးတစ်ခုမှာ ကိုယ်လျှောက်ရင်း ပန်းလေးတွေကို စိုက်ကြည့်နေမိတယ်။ ကြက်သွေးရောင်ဖြာနေတဲ့ပန်းလေးတစ်ပွင့်ကို ကိုယ်ကောက်ယူလိုက်ပြီး မင်းကို သတိရမိပြန်တယ်။ လေနှင်ရာအလိုက် ကိုယ်ကြည့်ရင်း လေထဲမှာပျံ့လွင့်နေတဲ့ သစ်ရွက်လေးတွေကို အတိုင်းအဆမဲ့မရှိ လိုက်ကြည့်နေမိပြန်တယ်။ လေတစ်ချက်တိုက်တိုင်း ကိုယ့်စိတ်တွေလည်း ပျံ့လွင့်နေမိတယ်။ တကယ်ဆိုရင် တို့နှစ်ယောက်ဇတ်လမ်းလေးက ကိုယ့်ဘက်က ဆုံးဖြတ်ချက်ကြောင့် ဝေးကွာသွားခဲ့တာပါ။ ကိုယ်နောင်တမရချင်ဘူး သူငယ်ချင်းရယ်။

မှတ်မိပါသေးတယ်… ၂၀၀၅ခုနှစ်ရဲ့မေလလောက်မှာပေါ့… ကိုယ်က ပလန်းနက်မြေကိုစရောက်လို့ ပလန်းနက်မြေနဲ့ရင်းနှီးကျွမ်းဝင်နေချိန်ပါ… အမှန်ပြောရရင် ကိုယ်က အွန်လိုင်းက ကျူကျူတွေကို လုံးဝမကြိုက်ခဲ့ဘူး… ကိုယ်နဲ့ခင်ချင်သူတိုင်းကို ကိုယ့်ဘက်က အဖြူရောင်သက်သက်နဲ့ခင်ခဲ့တယ်.. မကောင်းတဲ့ အကျင့်စရိုက်ရှိသူဆိုရင်လည်း ကိုယ့်ဘက်က ပုံမှန်လောက်ခင်ပြီး တကယ်လေးစားဖို့ကောင်းတဲ့ မောင်နှမ အသိတွေကိုတော့ ကိုယ်ရင်းရင်းနှီးနှီးခင်ခဲ့တယ်…….. တစ်ခုဆိုးတာတစ်ခုက ကိုယ်က စိတ်ဆိုးလွယ်သလို စိတ်တိုလွယ်သလို စိတ်ပြေလည်းမြန်ပါတယ်.. ကိုယ်က ဘယ်အရာမဆို စိတ်ထဲအကြာကြီးမထားတတ်သလို ချက်ချင်းတုံ့ပြန်တတ်တယ်.. ကိုယ်က မိန်းမတစ်ယောက်မှာ ထားသင့်တဲ့မာနနဲ့ ကိုယ်ကျင့်တရားတွေကို နှလုံးမူပြီး ကိုယ့်စတိုင်နဲ့နေခဲ့တာ မာနကြီးတဲ့ပုံစံခွက်နဲ့ တစ်ချို့အမြင်မှာဖြစ်သွားတယ်.. ကိုယ် မာနမကြီးတာ အားလုံးသိမှာပါ… တစ်ရက်ပေါ့ ကိုယ်သိပ်မှတ်မိနေတယ်… ကိုယ့်အကိုတွေ အမတွေနဲ့ ကိုယ်ချတ်ရွန်းထဲမှာ ပျော်ရွှင်နေချိန်ပါ…. မင်းချတ်ရွန်းထဲဝင်လာတယ်…. မင်းက ၀င်လာကတည်းက ကိုယ့်နာမည်ကို ဆောက်နဲ့ထွင်းသလို လိုက်နောက်တယ်…. ကိုယ်ကလည်း ဆတ်ဆတ်ထိမခံဆိုတော့ စကားများကြတယ်…. မင်းကို ကိုယ့်မောင်နှမတွေကလည်း ကိုယ့်ဘက်ကနေ ၀င်ပြောကြတာပေါ့…. မင်းအဖွဲ့လည်းဝင်လာတယ်.. ကိုယ်တို့ အချိန်အတော်ကြာစကားများကြပြိး မင်းနဲ့ကိုယ့်အကိုတစ်ချို့ချိန်းပွဲဖြစ်သွားတယ်…….. မင်းနဲ့ သူတို့ ချိန်းပွဲကိုကြားကြားရချင်း ကိုယ်လည်းလန့်သွားတယ်.. ကိုယ့်အကိုတွေကိုလည်း မနိုင်သလို မင်းကိုလည်း သွားမပြောချင်ဘူး… ချတ်ရွန်းထဲကမင်းထွက်သွားပြီး မင်းပြောခဲ့တဲ့စကားတစ်ခွန်းကို ကိုယ်မှတ်မိနေပါသေးတယ် “ မင်းတစ်နေ့နာကျင်စေရမယ် လင်းလက်ကြယ်စင်”တဲ့….. ကိုယ်ကလည်း “သေလိုက်”လို့ တစ်ခွန်းတည်း ပြန်ပြောခဲ့မိတယ်….

နောက်ရက်ပိုင်း မင်းပျောက်သွားတယ်.. ကိုယ်လည်း ကိုယ့်အကိုတွေကို ချိန်းပွဲမသွားဖို့ အတန်တန်တားရင်း စိတ်ရှုပ်ခဲ့၇တယ်.. ကံကောင်းချက်တစ်ခုက မင်းက ထိုင်းမှာဆိုတော့ လွယ်လွယ်လေး ပြန်မလာသေးဘူး… ကိုယ်လည်း အကိုတွေကိုတားရင်း အချိန်တွေကုန်ခဲ့တာပေါ့… တစ်နေ့တော့ ကိုယ် မြန်မာချတ်ထဲဝင်လိုက်တယ်.. ကိုယ့်ရဲ့ပထမဦးဆုံးသောဇတ်လမ်း “အချစ်လို့မထင်ခဲ့တဲ့အချစ်”ကို ပလန်းနက်မှာကိုယ်စတင်ပြီး မြန်မာပြည်သားးကိုဆက်သွယ်ဖို့ ကိုယ့်မမတစ်ယောက်ကို လာရှာတာပါ… အဲဒီမှာ အိုင်ဒီလေးတစ်ခုက ကိုယ့်ကိုစကားလာပြောတယ်… ချတ်ရွန်းဆိုတာ ဒိလိုပဲ မြင်ရင်စကားပြောတာ သိပ်မဆန်းတော့ ကိုယ်လည်း အေးအေးဆေးဆေးပဲပြန်ပြောခဲ့တာပေါ့…. ကိုယ်နဲ့ခင်ပြီး နောက်တစ်ပတ်ခန့်ကြာမှာ မင်းက မင်းနာမည်ကိုပြောပြတယ်နော်……… “မင်းခန့်ကျော်”ဆိုတဲ့ မင်းနာမည်ကို ကိုယ်ကလှတယ်လို့ ပြောတုန်းကမင်းကရီခဲ့သေးတယ်.. မင်းနဲ့ကိုယ်ဖြူစင်စွာခင်ခဲ့ကြတယ်… မင်းက ကိုယ့်ဖုန်းနာပါတ်ကိုတောင်းတုန်းက ကိုယ်က “ခင်လို့ပေးလိုက်တာ တစ်မျိုးတစ်မည်မတွေးနဲ့နော်”လို့ ပြောခဲ့သေးတယ်……..မင်းက “ ကြယ်စင်ကလေ သိပ်စကားရှည်တာပဲ.. တစ်ခုခုဆို သူ့ကိုအထင်မှားမှာ စိုးရိမ်ပြီး ရှင်းပြတာ မမောဘူးလား”ဆိုပြီး ပြန်နောက်ခဲ့တယ်.. နောက်ပိုင်းမှာ မင်းကိုယ့်ကို တစ်ပတ်တစ်ခါလောက် ဖုန်းဆက်ခဲ့တယ်နော်.. ကိုယ်က မင်းကို မင်းခန့်လို့ခေါ်တာ မင်းက သဘောကျတယ်ဆိုလို့ အဲဒီလိုပဲခေါ်ဖြစ်ခဲ့တယ်… ထူးခြားတာတစ်ခု ကိုယ် မင်းနဲ့စခင်ကတည်းက သတိထားခဲ့မိပါတယ်……… မင်းနဲ့ ကိုယ်ရန်ဖြစ်ခဲ့ဖူးတဲ့ ကောင်လေးက စကားပြောပုံအတူဆင်တာကို ကိုယ်သတိထားမိပါတယ်… ၂ကိုယ်များခွဲနေသလားလို့ ကိုယ်တစ်ခါတစ်လေတွေးတယ်.. ဒါပေမယ့် ကိုယ့်ခေါင်းထဲ အဲဒီအကြောင်း သိပ်မထားဖြစ်ခဲ့ဘူး… ကိုယ်က မောင်နှမတအားများသလို သူငယ်ချင်းတွေပတ်လည်ရှုပ်နေသူဆိုတာ မင်းလည်းသိခဲ့ပါတယ်…

မင်းနဲ့ကိုယ်ဖုန်းထဲစကားပြောချိန်မှာ ကိုယ်က ခင်ဖို့ကောင်းတယ် .. သိပ်ပွင့်လင်းတယ်လို့ မင်းပြောခဲ့တယ်နော်…. ကိုယ်တစ်နေ့တာ ဘာတွေဖြစ်ခဲ့လည်း မင်းဖုန်းဆက်ချိန်ဆို ကိုယ်က အမြဲရီရီမောမောပြန်ပြောဖြစ်ခဲ့တယ်.. တစ်ခါတစ်လေ ကိုယ့်အဖေနဲ့ကိုယ်စကားများ၇င် မင်းကိုပြန်တိုင်ခဲ့တာလည်း မင်းက ကလေးလိုပဲဆိုပြီး ကိုယ့်ကိုနောက်ခဲ့တယ်…. တစ်ခုပဲ ကိုယ်တို့ကြားမှာ ပြသနာတစ်ခုဖြစ်ခဲ့တယ်.. အဲဒါက မင်းကကိုယ့်ဓါတ်ပုံတောင်းတိုင်း ကိုယ်ငြင်းခဲ့တာပဲ… ကိုယ်က ဓါတ်ပုံသိပ်ပြလေ့မရှိဘူးလေ.. ကိုယ့်ကိုမြင်ချင်သူ ကိုယ်ခင်တဲ့သူတွေဆို၇င်တော့ ၀ဘ်ကမ်နဲ့ပြလိုက်တယ်…. ဓါတ်ပုံကို ကိုယ်အွန်လိုင်းမှာမတင်ဘူးလို့မင်းကိုပြောတုန်းက မင်းကသိပ်ကြီးကျယ်တယ်ဆိုပြိး စွပ်စွဲခဲ့တယ်… ကိုယ်က မင်းကိုနောက်တော့ ၀ဘ်ကမ်ထဲကနေ ပြမယ်လို့ပြောမှ မင်းကျေနပ်ခဲ့တယ်.. ကိုယ်နဲ့မင်းဖုန်းပြောရင် အမြဲစကားပြိုင်ပြောလေ့ရှိခဲ့တယ်… တစ်ယောက်နဲ့တစ်ယောက်လည်း ပြိုင်ပွဲတွေဆင်နွှဲလေ့ရှိသလို ကိုယ်တို့နှစ်ယောက်လည်း အမြဲအကျိတ်အနယ်ကြိုးစားခဲ့ကြတယ်… မင်း နေမကောင်းချိန်ဆို ကိုယ့်မှာ မျိုးစုံမှာတမ်းခြွေတာ မင်းက သဘောတကျရီခဲ့တယ်.. ကိုယ်နေမကောင်းဖြစ်ရင်တော့ မင်းကလည်း ဆူပြီ… မင်းနဲ့ကိုယ် အွန်လိုငးမှာစကားပြောနေရင်ပဲဖြစ်ဖြစ် ၊ ဖုန်းလာရင် မင်းကသိပ်စိတ်ဆိုးတတ်တယ်.. ကိုယ် ဘယ်သူနဲ့စကားပြောလည်းဆိုတာလည်း မင်းကအမြဲသိပ်စစ်ဆေးတော့ ကိုယ်နဲ့ခဏခဏ ရန်ဖြစ်ခဲ့ရတယ်… မင်းက ဆေးလိပ်တအားသောက်တော့ ကိုယ်က ချော့ပြောပြီး လျှော့သောက်ဖို့ပြောတုန်းက မင်းကတိတ်ဆိတ်နေခဲတ့ယ်နော်…

“ကျွန်တော့်ကိုဂရုမစိုက်ဘဲမုန်းလိုက်ပါလား”ဆိုပြိး ရုတ်တရက် မင်းထကြောင်တော့ ကိုယ်က ရီနေခဲ့တယ်နော်… အကြောင်းမရှိဘဲ ကိုယ့်သူငယ်ချင်းကို ဘာလို့မုန်းရမှာလည်းလို့ ကိုယ်ပြန်ဖြေတော့ မင်းသိပ်တိတ်ဆိတ်သွားခဲ့တယ်… မင်းကျောင်းမှာ စိတ်ညစ်တိုင်းကိုယ့်ကိုလာပြော၇င် ကိုယ်က ပြန်အကြံပေးတတ်စမြဲပါ….. မင်းအလုပ်အဆင်မပြေတိုင်း စိတ်ညစ်နေချိန် ကိုယ်က မင်းကို ဟာသတွေဖတ်ပြခဲ့တာ မင်းမှတ်မိလား…. မင်းအိပ်မပျော်တဲ့ညတွေ မင်းကိုကိုယ်ပုံပြင်တွေ တစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြခဲ့၇တာလည်း သတိရစရာပါပဲ….

မင်းရဲ့လိပ်စာကို မင်းအချစ်ဆုံးသူငယ်ချင်းထဲကနေ ကိုယ်တောင်းပြီး မင်းအတွက် ကဒ်လှလှလေးနဲ့ သီချင်းခွေတစ်ချို့မင်းမွေးနေ့အတွက် ကိုယ်ပို့ပေးတုန်းက ၀ဘ်ကမ်ထဲကနေ မင်းကိုယ့်ကို ကြည်ပြီးပြောခဲ့တဲ့စကားတွေကို ကိုယ်မမေ့သေးဘူး…

“မင်းခန့်ကို ကိုယ်အံ့သြအောင် ၀မ်းသာမှုလေးတစ်ခု လုပ်ပေးလိုက်တာပါ။ ဒါကလည်း သိပ်ခင်လို့လုပ်ပေးတာနော်”

ကိုယ့်ရဲ့ပြောစကားကို မင်းက ရီပြီး ကျေးဇူးတင်ကြောင်းချည်း ထပ်တလဲလဲပြောနေခဲ့တယ်။ ကိုယ့်ကို အပြင်ပန်းမှာဆို ထင်ထားတာနဲ့ တကယ်ခင်ကြည့်မှမတူတာဆိုပြိး မင်း အဲဒီညကကိုယ့်ကိုပြောခဲ့တာ နောက်ပိုင်းမှ ကိုယ်သဘောပေါက်ခဲ့ပါတယ်.. မင်းနဲ့ကိုယ်ခင်နေချိန်မှာလည်း မင်းက ကိုယ့်ကိုကြိမ်းဝါးခဲ့ဖူးတဲ့ ကောင်လေးလားဆိုပြီး ကိုယ်အမြဲတွေးခဲ့ဖူးတယ်.. စိတ်ထဲမှာလည်း သံသယရှိနေခဲ့တယ်.. ဒါပေမယ့်ကိုယ်မစုံစမ်းခဲ့ဘူး… ရန်ဖြစ်ခဲ့ဖူးတဲ့ကောင်လေးအကြောင်းကို သိသူတွေ ချတ်ရွန်းထဲမှာ ရှီတယ်.. ဒါပေမယ့် ကိုယ်ယောင်လို့တောင်မမေးခဲ့ဘူး.. တကယ်လို့များဖြစ်နေရင်ဆိုတဲ့အတွေးလေးကြောင့်ဆိုတာ ကိုယ်ဝန်ခံပါတယ်.. မင်းမွေးနေ့အပြီးမှာ မင်းပျောက်သွားတယ်.. မင်းမအားလို့ဆိုပြီး ကိုယ်နားလည်ပေးလိုက်တယ်.. မင်းက အွန်လိုင်းကိုလည်း သိပ်လာသူမဟုတ်တော့ကိုယ် မင်းကို စိတ်ပူနေခဲ့မိတယ်.. ကိုယ် မင်းကို မက်ဆေ့ခ်ျတွေပို့ပြီး နေကောင်းရဲ့လားလှမ်းမေးတာတွေ မင်းပြန်မပို့တော့ကိုယ်စိတ်ဆိုးပြီး ဘာမှထပ်မမေးတော့ဘူး… အဲဒီအချိန်မှာ ကိုယ်နဲ့ရန်ဖြစ်ခဲ့ဖူးတဲ့ကောင်လေး ပြန်ပေါ်လာတယ်………. ကိုယ်တစ်ချို့တစ်ဝက်တော့သိနေပါတယ်.. မင်း ၂ကိုယ်ခွဲနေခဲ့တယ်ဆိုတာ… မင်းက ချတ်ထဲမှာ ကိုယ့်ကိုရန်မစတော့ဘူး.. ဒါပေမယ့် တစ်ချက်တစ်ချက်လှမ်းပြောတဲ့စကားတွေကကိုယ်နဲ့မင်းကြားက သံယောဇဉ်အရိပ်တွေ အကြောင်းသိတွေဆိုတဲ့အရိပ်တွေပါနေတာ ကိုယ်သိပါတယ်.. မင်းဘာလိုချင်လည်းကိုယ်သိပါတယ်. ကိုယ့်ကို တခုခုနာကျင်စေချင်တာ ကိုယ်သိပ်သိခဲ့တာပေါ့… ကိုယ် ချတ်ရွန်းထဲလာရင် အမတွေ အကိုတွေနဲ့စကားပြော၇င်း မအားတဲ့ကြားက မင်းကိုတစ်ချက်တစ်ချက် လှမ်းအကဲခတ်၇သေးတယ်.. ကိုယ်သတိထားမိတာတစ်ခုက ကိုယ်လိုချင်တာတစ်ချို့ကို မင်း မသိမသာပို့နေခဲ့တယ်ဆိုတာကိုပဲ…. မင်းကိုယ့်အနောက်မှာရှိနေတယ်ဆိုတာ ကိုယ်သိနေခဲ့တယ်လေ.. ကိုယ်တို့ အဖွဲ့နဲ့ တစ်ခြားအဖွဲ့ချတ်ထဲမှာ ထပ်စကားများတာကိုလည်း နောက်တစ်ရက်မှာ မင်းဝင်ရှင်းပေးသွားတာ ကိုယ်ကြားခဲ့ပါတယ်.. ကိုယ်ကတော့ ကိုယ့်ကို ဖုန်းထဲမှာခင်တဲ့မင်းခန့်ကျော်ဆိုတဲ့ ကောင်လေးကို မျှော်နေခဲ့မိတယ်… ကိုယ်က မာနနဲ့မင်းအကြောင်းကို လိုက်မမေးခဲ့ဘူး…

(၃)လ လောက်ကြာသွားတယ်………… မင်းခန့်ကျော်ဆိုတဲ့အရိပ်လေးပျောက်သွားတော့ ကိုယ်လည်း သူငယ်ချင်းတစ်ယောက်မရှိတော့ဘူးဆိုတဲ့ခံစားချက်လေးနဲ့ စိတ်မကောင်းခဲ့ဘူးပေါ့…. ကိုယ်နဲ့ သိပ်မတည့်တဲ့ရန်ဖြစ်ခဲ့ဖူးတဲ့ကောင်လေးကိုတော့ ကိုယ်အွန်လိုင်းလာတိုင်း တွေ့နေရပါတယ်.. သိပ်မကြာခင်မှာပဲ မင်းခန့်ကျော်ဆိုတဲ့အရိပ်လေးပြန်ပေါ်လာတယ်… ဒါပေမယ့် ဒီတစ်ကြိမ်မှာ ထူးခြားတယ်… အရင်တုန်းက ကိုယ့်ကို မထိတထိပြောပြီး ရိတတ်တဲ့သူငယ်ချင်းမဟုတ်တော့ဘူး……… စကားတွေလည်းပြောနေတာ ရွှင်နေသလို ကိုယ့်ကိုလည်း သိပ်စိတ်ဒုတ်ခမပေးတော့ဘူး…. ကိုယ့်ကိုချည်း ပြန်အနစ်နာခံနေတဲ့သူငယ်ချင်းကို ကိုယ်ပြုံးပြီးဘာပြော၇မှန်းတောင်မသိခဲ့ဘူး…. မင်းကို ကိုယ်စိတ်ကောက်တိုင်းလည်း မင်းစိတ်ပူပြီး ပျာယာခတ်နေခဲ့တာ ကိုယ်က ခိုးရီနေခဲ့တာပေါ့….. မင်းနေမကောင်းဖြစ်ပြီး ဆေးမသောက်လို့ ကိုယ်က ဖုန်းနဲ့တစ်လှည့် မက်ဆေ့ခ်ျနဲ့တစ်လှည့် အမြဲတမ်းသတိပေးတိုင်းမင်းက ပျော်တယ်တဲ့…. မင်းကျောင်းအချိန်ဇယားအတိုင်း စာကြည့်ဖို့ ကိုယ်က စာကြည့်အချိန်ဇယားတစ်ခုဆွဲပေးတော့လည်း မင်းက တိတ်ဆိတ်နေခဲ့တယ်.. ကိုယ် တစ်ခုခု မင်းအတွက်လုပ်ပေးတိုင်း တိတ်ဆိတ်သွားတဲ့မင်းပုံရိပ်တွေကို ကိုယ်မသိသလို ပြုံးပြနေခဲ့တယ်………. ကိုယ့်အတွက် အရုပ်လှလှလေးတစ်ခုပို့ပေးတုန်းက ကိုယ်သိပ်ပျော်ပြီး သိပ်ရွှင်နေတုန်းက မင်းလည်း ပျော်နေခဲ့တယ်နော်…. နယူးရီးယားေ၇ာက်ခဲ့တော့ တစ်ညလုံးမအိပ်ဘဲ ကိုယ်တို့စကားပြောခဲ့ကြတယ်… ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး ကိုယ်စိတ်ညစ်ရတိုင်း မင်းက ပျက်လုံးတွေပြောခဲ့တယ်…

ဒါပေမယ့် ကံတရားက အချိန်ဘူတာလို ဆိုက်ကပ်လာခဲ့တယ်… ကိုယ် တစ်နေ့ ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ စကားပြော၇င်း ကိုယ်နဲ့ရန်ဖြစ်ခဲ့ဖူးတဲ့ကောင်လေးအိုင်ဒီအကြောင်းပြောရင်းကိုယ်က ရီခဲ့တာပေါ့.. ကိုယ့်သူငယ်ချင်းက အံ့သြရင်း ဟုတ်လားလို့ပြန်မေးတယ်.. ကိုယ်က ဘာရယ်မဟုတ် “ အဲဒီကောင်လေးဘယ်သူလည်းမသိဘူးနော်။ မင်းခန့်နဲကတော့ တစ်နိုင်ငံတည်းပဲ”လို့ကိုယ်ပြောလိုက်မိတယ်… ကိုယ့်သူငယ်ချင်းမိန်းကလေးကလည်း ထိုင်းကပါပဲ… ကိုယ့်ကိုသူက အဲဒီအချိန်မှာ ဓါတ်ပုံတစ်ခုပို့ပေးတယ်…….. ဓါတ်ပုံကိုကြည့်ပြီး ကိုယ်ဇဝေဇ၀ါဖြစ်သွားတယ်……. မင်းခန့်ပုံပဲဆိုပြီး ကိုယ့်သူငယ်ချင်းကိုမေးကြည့်တော့ ကိုယ့်ကိုကြိမ်းဝါးခဲ့တဲ့ကောင်လေးက သူပဲလို့ထပ်ပြောတယ်.. ကိုယ် သံသယရှိခဲ့ပေမယ့် မဖြစ်နိုငဘူးလို့ အထပ်ထပ်သတိပေးခဲ့တာပါ……….

နောက်တစ်ရက်မှာလည်း ကိုယ့်သူငယ်ချင်းတစ်ယောက်က မေးလ်တစ်စောင် ကိုယ့်ကိုပို့လိုက်တယ်.. မင်းက ကိုယ့်ကိုဘယ်လိုချဉ်းကပ်ပြီး ဒုတ်ခပေးမယ်လို့ေ၇းထားတဲ့စာတစ်စောင်ပါ… ကိုယ် ခပ်မဲ့မဲ့ပြုံးပြီး စိတ်ထဲနာမိသွားတယ်……… ကိုယ့်ကောင်လေးနဲ့ကိုယ်ကြား မင်းရအောင်ခွဲမယ်လို့ေ၇းထားတဲ့မေးလ်ကို ကိုယ်နာကျင်စွာသိမ်းထားလိုက်ပါတယ်…. နောက်ပိုင်း မင်းကိုတွေ့တော့ကိုယ်မင်းကို သိပ်ဂရုမစိုက်ဖြစ်တော့ဘူး.. ကိုယ်မင်းကို သွယ်ဝိုက်ပြီး ၀န်ခံလာအောင် မေးတယ်.. ဒါပေမယ့် မင်းရှောင်တယ်.. ကိုယ်မေးသမျှမင်း မဖြေဘူး… တစ်ရက်မှာတော့ ကိုယ့်သူငယ်ချင်းမိန်းကလေးက မင်းကို ကိုယ်သိတယ်ဆိုတဲ့အကြောင်းပြောပြလိုက်တော့ မင်းကိုယ့်ကိုတော်တော်နဲ့ဖုန်းမဆက်ရဲခဲ့ဘူး.. ၁၀ရက်လောက်ကြာမှ မင်းကိုယ့်ကိုဖုန်းဆက်တယ်.. ကိုယ်က ရိတော့ မင်းမခံနိုင်ဘူးလို့ပြောခဲ့တယ်.. ကိုယ့်ကို တောင်းပန်နေတဲ့မင်းစကားတွေကို နားထောင်ရင်း ခပ်ရိရိပုံစံလုပ်နေတာကို မင်းစိတ်မကောင်းဖြစ်ခဲ့တယ်.. အဲဒိညက တစ်ညလုံးမင်းသွားသောက်ပြီး သောင်းကျန်းနေတယ်ဆိုတာ ကိုယ်နောက်တစ်ရက်မှသိလိုက်ရပါတယ်.. ကိုယ့်ကိုသိပ်မုန်းတဲ့ကောင်လေးက ကိုယ့်အချစ်ဆုံးသူငယ်ချင်းနဲ့ တစ်ယောက်တည်းဆိုတာ ကိုယ်လက်မခံချင်ဘူးဖြစ်နေခဲ့တယ်…

မင်း ကိုယ့်ကို ဘယ်လိုတောင်းပန် ကိုယ်လှည့်မကြည့်ချင်ခဲ့ဘူး…

“မင်းခန့်ကျော်ဆိုတဲ့နာမည်တစ်ခုနဲ့ ကြယ်စင်နောက်ကို အရိပ်လိုကပ်ပြီး ဒုတ်ခပေးဖို့ရည်ရွယ်ခဲ့တာ စစ်မှန်တဲ့ခင်မင်မှုအောက်မှာ ကျွန်တော်ရည်ရွယ်ချက်တွေ ပျက်ခဲ့တယ်” ဆိုပြီး မင်းဝန်ခံတဲ့စကားတွေကို ကိုယ်မကြားတစ်ချက် ကြားတစ်ချက်ပါပဲ.. အဆိုးဆုံးက ဒီအဖြစ်အပျက်တွေ ကိုယ့်ချစ်သူသိသွားတာပဲ… ကိုယ့်ချစ်သူက ကိုယ်သွားတဲ့အွန်လိုငးကို ဘာရယ်မဟုတ် လာရင်း မင်းနဲ့ဆုံပြီးရန်ဖြစ်ခဲ့တယ်.. ကိုယ့်ချစ်သူရဲ့ တားမြစ်မှု ၊ ပထမဦးဆုံးအကြိမ်တောင်းဆိုမှုကို မငြင်းချင်သလို မင်းကိုလည်း ကိုယ်မခွဲထားရက်ပြန်ဘူး… မင်းကိုယ့်ကိုတောင်းပန်တဲ့စာတွေ ကိုယ့်ချစ်သူက ကြိုကြိုဖျက်ခဲ့တာလည်း ကိုယ့်မှာ ကြားထဲက စိတ်ညစ်ခဲ့ရတယ်.. ကိုယ့်ချစ်သူက ကိုယ့်ရဲ့အသဲနှလုံးဖြစ်သလို မင်းကိုလည်းကိုယ်က အခင်မင်ဆုံးစာ၇င်းထဲ ထည့်ထားခဲ့သူပါ……… ကိုယ့်ချစ်သူက မင်းစိတ်ဓါတ်ကိုမုန်းတယ်လို့ပြောချိန်မှာ မင်းဘက်ကိုလည်း ကိုယ်ငဲ့ချင်ခဲ့တယ်… ကိုယ့်ချစ်သူက ကိုယ့်ကို တောင်းဆိုခဲ့တာ ဘာမှမရှိသလို သူနဲ့ကိုယ်က တစ်ဘ၀လုံးအတွက် ချစ်ပြီး ကြိုးစားနေကြတော့ ကိုယ်သံယောဇဉ်မကုန်ခဲ့ဘူး…

ရင်ထဲမှာ နာကျင်စွာနဲ့ မင်းရှေ့က ကိုယ်ထာဝရထွက်ခွာသွားပြီလို့ တစ်ခွန်းတည်းသော စကားကိုဆိုပြီး ကိုယ်ဖုန်းချလိုက်တာ ကိုယ့်မျက်ဝန်းထဲ မျက်ရည်ကြည်တစ်ချို့ကပ်နေခဲ့မိတယ်… ဒါတွေဟာ သိပ်ကိုရိုးသားလွန်းတဲ့ သံယောဇဉ်ကြောင့်ပါ………. “ ၁နှစ်ပြည့်တော့မယ်. အငြိုးတွေလည်းမရှိတော့တာ တကယ်ပါ ကြယ်စင်ရယ်… ခွင့်လွှတ်ပေးပါ”ဆိုပြီး ပြောနေတဲ့မင်းစကားတွေကို ကိုယ်ကြိုးစားမသိချင်ယောင်ဆောင်နေရတယ်.. . အခုဆို မင်းနဲ့ကိုယ်ဝေးခဲ့တာ (၂)လ ကျော်ခဲ့ပြီ…. ကိုယ်မမြငိနိုင်တဲ့တစ်နေရာကနေ ဘယ်အိုင်ဒီနဲ့ကြည်နေ့မယ်မှန်းမသိတဲ့မင်းကို ကိုယ်မသိမသာ လိုက်ရှာနေခဲ့မိပါသေးတယ်… ကိုယ့်ကို မသိမသာ အနောက်ကနေ လိုက်ရှင်းပေးနေတဲ့မင်းကို ကိုယ်ကျေးဇူးတင်ပါတယ်… ကိုယ်ကြိုက်တဲ့သီချင်းတွေကို ကိုယ်မသိတဲ့မေးလ်အကောင့်တစ်ခုကနေ မကြာခဏပို့ပေးနေတာတွေအတွက် ကျေးဇူးပါပဲ သူငယ်ချင်း…. ကိုယ်စိတ်ညစ်ချိန်တိုင်း ချတ်ထဲမှာ အော်နေခဲ့၇င် ကိုယ့်ကို ဟာသစာစောင်လေးတွေပို့ပေးနေတဲ့မင်းကို ကိုယ်ရက်စက်ခဲ့တာ စိတ်မကောင်းပါဘူး…. ကိုယ်နေမကောင်းဘူးအသံကြား၇င် ကဒ်ကလေးတစ်ခုနဲ့ကိုယ့်အတွက်ဆုတောင်းပေးနေတဲ့ တစ်စုံတစ်ယောက်ဆိုတဲ့ နာမည်လေးနဲ့ လာတဲ့ကဒ်တွေကို ကိုယ်သိမ်းထားခဲ့မိတယ်… ကိုယ့်ချစ်သူက ကိုယ့်ဘ၀ရဲ့အသက်ဖြစ်လို့ ကိုယ်ရွေးချယ်ခဲ့မိတာ ဆော၇ီးပါသူငယ်ချင်း….

သနပ်ခါးပါးပါးလေးလိမ်းပြီး ဆံပင်အ၇ှည်အားလုံးချ မြက်ခင်းပြင်ပေါ်မှာထိုင်နေပြီး ကိုယ်ရိုက်ထားတဲ့ဓါတ်ပုံကို ကိုယ့်အမထဲက မင်းရအောင်တောင်းသွားတယ်လို့ ပြောပြတော့ကိုယ်ငိုချင်နေမိတယ်…. ၁၅၀၀တစ်ခုတည်းမှ ခံစား၇တာမဟုတ်ပါဘူး…. ၅၂၈နဲ့ပတ်သတ်ပြီးလည်း ကိုယ့်မှာခံစားတတ်ပါတယ်…. မင်းကျန်းမာရေးဂရုမစိုက်ဘဲ နေချင်သလိုနေနေမှာလားဆိုတဲ့အတွေးလေးနဲ့ ကိုယ်မင်းကို စိတ်ပူခဲ့မိပေမယ့် ကိုယ်က သိပ်ကိုပြတ်သားလွန်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဟန်ဆောင်နေနေရတယ်… ဟန်ဆောင်တာ ကိုယ်မကြိုက်ဘူးလို့မင်းကိုပြောခဲ့တယ်နော်.. အခုတော့ ကိုယ်မောသလို မင်းလည်း ကိုယ့်ကိုမြင်တိုင်း စကားမပြောဘဲ ဟန်ဆောင်တာ သိပ်ပင်ပန်းလွန်းလှပါတယ်..

ကိုယ့်လက်ထဲကပန်းလေးတွေကို ရေထဲမျှောချ၇င်း ညနေခင်းနေညိုချိန်မှာ သတိရနေမိတယ်… ကိုယ့်ချစ်သူကိုလက်တွဲပြီး ကိုယ်လျှောက်နေပေမယ့် ရင်ထဲမှာ ခံစားနေရမယ့်မင်းပုံရိပ်ကို မြင်ယောင်ရင်း ကိုယ်လွတ်လွတ်လပ်လပ် မပျော်၇ွှင်နိုင်ဘူး… မင်းလိုချင်ခဲ့တဲ့ ကိုယ့်ကိုနာကျင်စေ၇မယ်ဆိုတဲ့ စိတ် ၊ အခုလောလောဆယ်မင်းမှာမ၇ှိတော့ပေမယ့် မင်းရခဲ့ပါတယ်သူငယ်ချင်း…. ကိုယ်က ကိုယ်နဲ့ရန်ဖြစ်ခဲ့တဲ့ကောင်လေးကို မခင်ချင်ပေမယ့် မင်းခန့်ကျော်ဆိုတဲ့ကိုယ်ပွားလေးကိုတော့ တကယ်ခင်မိသွားတယ်…. မင်းက မင်းရှုံးတယ်လို့ သူငယ်ချင်းတွေကိုပြောနေပေမယ့် ကိုယ့်ဘက်မှာလည်း မနိုင်ပါဘူး သူငယ်ချင်း…. ကိုယ်တကယ် အနိင်မရခဲ့ပါဘူး………. မင်းလည်းမရှုံးခဲ့ပါဘူး……….. အဲဒီအတွက် တစ်သက်လုံးကိုယ်တို့ကျိန်စာသင့်ခဲ့ပြီပေါ့……………

( အဖြစ်မှန်ကို နိုင်ငံနှင့်အမည်နာမတစ်ဝက်ပြောင်းလွှဲရေးသားထားခြင်းဖြစ်ပါသည်)

လင်းလက်ကြယ်စင် ( ဂျူးဂျူး )


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: