ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


မေမေ ( from planet )
July 15, 2006, 6:59 am
Filed under: Essays And Stories

မေမေ
ခွဲခွာခဲ့ရတဲ့နေ့ရက်ပေါင်းများစွာထဲမှာ နေ့စဉ်နေ့တိုင်း တစ်ချိန်မှ မေမေ့ကိုသမီးမေ့မရခဲ့သေးဘူး။ လူတွေပြောတဲ့စကားတွေ အခုအချိန်ထိ သမီးလက်မခံနိုင်သေးဘူးမေမေ။ သမီးရင်ထဲမှာ မေမေအမြဲရှိနေတယ်။ တစ်ခါတစ်ရံ သမီးအပြင်းဖျားတယ်မေမေ။ အိပ်မက်ထဲမှာ အပြုံးချိုချိုနဲ့ သမီးအနားချော့သိပ်နေတဲ့မေမေကို သမီးမလွတ်တမ်းဖက်ထားမိတယ်။ ဒါပေမယ့် လန့်နိုးလာတဲ့အချိန် သမီးနားမှာ သမီးအမုန်းဆုံးသက်မဲ့အရာတွေနဲ့ ခေါင်းအုံးပဲရှိခဲ့တယ်။ အစွဲအလမ်းကြီးလွန်းတာ သမီးမမှားပါဘူးနော်။ သမီးဘ၀ရဲ့ သူရဲကောင်းဖြစ်တဲ့မေမေကို သမီးတမ်းတမိတာမှားသလားမေမေ။ တစ်ကယ်ဆို မဖြစ်သင့်ဘူး။ ဒီအဖြစ်အပျက်တွေအားလုံးဟာ မနေ့တစ်နေ့ကလို သမီးရင်ထဲခြောက်ခြားနေတုန်းပဲ။ ဘာကိုလက်ခံရမှန်း မသိသေးတဲ့သမီးနှလုံးသားထဲ လိုချင်တာတစ်ခုကြောင့် နောက်တစ်ခါထပ်လဲကျပြန်ပြီအမေရယ်။ တစ်ကယ်ဆို မချစ်တတ်တဲ့နှလုံးသား သမီးရင်ထဲ အမေထည့်ပေးခဲ့ဖို့ကောင်းပါတယ်။ သမီးကိုယ်တိုင်က ခံနိုင်ရည်မရှိတဲ့ဒီပွဲမှာ သမီးဘာဆက်လုပ်ရမလည်းမေမေ။ လိုချင်တာ တစ်ခုပဲရှိပါတယ်။ ပြန်လာခဲ့ပေးပါမေမေ။ သမီးလိုချင်တာ အဲတစ်ခုတည်းပါ။ လူတွေသနားအောင် မျက်ရည်တွေနဲ့သမီး လွမ်းမပြတတ်ဘူးမေမေ။ သူများသိအောင် ပြောမပြတတ်ဘူးမေမေ။ ဒါပေမယ့် သမီး၇င်ထဲ မွန်းကျပ်နေခဲ့တယ်။ နောက်ဆုံးသမီးရင်ထဲ ၀င်လာခဲ့တဲ့ အလင်းရောင်လေးတစ်ခုက ဒီပုံစံပဲဆိုတာ သိလိုက်ရချိန် အမေသမီးကို ခွင့်လွှတ်ပါတော့မလားဟင်။ ငယ်ငယ်ကလို လေပြေလေးနဲ့ ဆုံးမပါ့အုန်းမလား။ မသိခဲ့တဲ့အချိန်တစ်ခုက သမီးရင်ထဲကအားလုံးကို ဆွဲထုတ်သွားခဲ့ပြီပဲ။ ညစဉ်ညတိုင်း အခုတစ်လော အိပ်မရတော့ဘူးမေမေ။ မိုးလင်းခါနီးအိပ်မက်တွေဟာ မှန်တယ်လို့ လူတွေကပြောကြတယ်မေမေ။ ဒါဆို မေမေပြန်လာမယ်လို့ မက်ခဲ့တဲ့အိပ်မက်က တကယ်လား။ တကယ်ပြန်လာမှာလား။ အာခေါင်တွေကွဲအက်အောင် အော်လိုက်မိတယ်။ ဒါပေမယ့် အချည်းအနှီးပါပဲ။ သမီးတို့၂ယောက်ပိုင်ဆိုင်တဲ့ အေးမြတဲ့အိမ်လေး မရှိတော့တဲ့နောက်ပိုင်း ဘာမှမလိုချင်တော့ဘူးမေမေ။ ပူလောင်လွန်းတဲ့ဒီအသိုင်းအ၀ိုင်းလက်ထဲ သမီးမျက်နှာအပြုံးတစ်ချက် မပွင့်နိုင်တော့ဘူး။ မမျှော်လင့်တဲ့ရက်ကလေးတစ်ခု သမီး၇င်ထဲ ၀င်လာတဲ့အလင်းရောင်လေး။ မေမေပျောက်ဆုံးခဲ့တဲ့အချိန်ကစ ဒီရင်ဘတ်ထဲ ချစ်တတ်တဲ့နှလုံးသားပျောက်ဆုံးနေခဲ့တာပါ။ ဒီအလင်းရောင်ကိုမှ တွယ်တာမိတဲ့သမီး အခုတော့ လန့်ခဲ့လို့ပေါ့။ အလင်းရောင်လေးတစ်ချက် ဒီရင်ထဲဝင်လာချိန်မှာ ………………………………………….. သမီးကိုအားပေးစကားပြောလှည့်ပေးပါနော်…………………………. တစ်ခါပဲပြန်လာပေးပါမေမေ………………….


1 Comment so far
Leave a comment

hey shining star..

I share the same feeling with you sis…my mom is not here wif me now..life sux. :((

Comment by hh




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: