ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ရင်ထဲကရွှေနိုင်ငံ
July 25, 2006, 3:30 am
Filed under: Uncategorized

အဝေးကြီးက ပျံ့လွင့်လာတဲ့ ပန်းရနံ့လေးတွေကိုကြည့်ရင်း ရန်ကုန်မှာ ကျောင်းတက်ခဲ့စဉ်က ခရေပန်းတောကို သတိရမိတယ်……… အချိန်မှန် လာနေတဲ့ရထားကြီးကို ကြည့်ရင်း အမိမြေက ညောင်ခါးရှည်ရထားကို ပိုသတိရမိပြန်ရော…… သေသပ်စွာဝတ်ဆင်ပြီး အလုပ်ကို ခပ်သုတ်သုတ်သွားနေကြတဲ့ လူတွေကို ကြည့်ရင်း အမိမြေမှာ သေသပ်သူလည်းရှိ ၊ စုတ်ပြတ်နေသော လူသားတွေဘ၀ကိုလည်း မျက်လုံးထဲမြင်ယောင်လာမိတယ်…… ကမ္ဘာကအသိမှတ်ပြုတဲ့ ကျောင်းလက်မှတ်တွေကို ဒီက ကျောင်းသားတွေက ပိုင်ဆိုင်ရပြီး တစ်ခြားနိုင်ငံကို အလွယ်တကူဝင်ခွင့်ရချိန်မှာ မြန်မာနိုင်ငံက အနောက်ကျဆုံးဖြစ်နေတဲ့ ကိုယ့်ပညာရေးကိုတွေးမိပြီး မောမိပါတယ်.. နိုင်ငံရေးဆိုတာဘာလည်း လင်းတို့လို ဆက်ကျော်သက်တွေနားမလည်ပါဘူး.. ဘယ်သူ့ကိုမှလည်း ကောင်းတယ် မကောင်းတယ် မပြောတတ်ဘူး.. ဒါပေမယ့် ကျင့်သုံးနေသော စနစ် တရားလား မတရားဘူးလား အဆင့်မှီလား မမှီလား ဆုံးဖြတ်တတ်ပါတယ်….. ပြောရမယ်ဆိုရင် ဆွေးနွေးရမယ်ဆို တစ်ထောင့်တစ်ညပုံပြင်ထက် ပိုရှည်ပြီး သုံးထောင့်သုံးညပုံပြင်ဖြစ်မှာပါ……. နိုင်ငံတစ်နိုင်ငံအတွက် အထူးချွန်ဆုံး ၊ နိုင်ငံရေးနှင့်ပတ်သတ် ဘွဲ့ရထားသော လူထူးလူချွန်သာလျင် အုပ်ချုပ်သင့်ပါတယ်… ဦးနှောက်ထဲ ရေသာရှိသော ဘာကိုမှမဆုံးဖြတ်တတ်သော ၊ လွဲမှားနေသာ အတွေးအခေါ်နောက်ကျခြင်းများကိုပိုင်ဆိုင်သူတွေက ခေါင်းမဆောင်သင့်ပါဘူး…..

ကြာခဲ့ပြီ.. တစ်ချိန်က အာရှတိုက်မှာ အချမ်းသာဆုံးသော မြန်မာနိုင်ငံ.. အခုတော့ အဆင်းရဲဆုံးစာရင်းထဲ ပါဝင်နေခဲ့ပြီ…. တောတွေ တောင်တွေထဲ နိုင်ငံပျောက်နေသော ကလေးတွေဘ၀ ဘယ်သူစာနာမှာလည်း… ၈လေးလုံးအရေးအခင်း သွေးသံရဲရဲကြား လူဖြစ်လာခဲ့သော လင်းလက် ဒီသတင်းတွေ ထပ်ခါဖတ် ၊ နယ်စပ်ကိုကြည့်ရင်း ရင်ထဲတစ်ဆို့နေခဲ့တယ်…. မြန်မာဆိုလို့ လက်မသွားမထောင်နဲ့.. သူခိုးဆိုပြီး ကြည့်ခံရမှာပဲ.. တကယ်တော့ မြန်မာနိုင်ငံက ချစ်ဖို့ကောင်းတယ်. သယံဇာတတွေ ပေါကြွယ်ဝတယ်… ဘာသာရေး ကိုင်းရှိုင်းတယ်.. ချစ်စဖွယ်ဓလေ့တွေပိုင်ဆိုင်ထားတယ်… သနားကြင်နာတတ်သော အသဲနှလုံးတည်ရှိကြတယ်…… ဒီအကျင့် ၊ ဒီအရာတွေအားလုံးကို မှားယွင်းနေသော စနစ်က ဖျက်ဆီးခဲ့ပြီ.. မြန်မာလူမျိုးတွေအကျင့်ပျက်တာမြင်ရင် သွားမကဲ့ရဲ့ပါနှင့်.. ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်ကနွားလား ဖြောင့်ဖြောင့်လိုက်မည်ဆိုသော စကားပုံတည်ရှိသလိုပဲပေါ့.. အရှေ့ကလူက မျောက်က ကပြနေရင် နောက်ကလူတွေကလည်း ဒီလမ်းစဉ်လိုက်မှာပဲ…

လက်နက်ကိုင်ပြီး အမိန့်ပေးမှတော့ ဘယ်သူက ပြန်ပြောရဲတော့မှာလည်း.. လူသားတစ်ယောက် အခွင့်အရေးဆိုတာ ဘာလည်း အခုနောင်လာမယ့် မြန်မာကလေးတွေသိကြရဲ့လား.. ငယ်စဉ်ကတည်းက ဒါလုပ် ဒါစား ဘာမှပြန်မပြောနဲ့လို့ အမိန့်ပေးခံထားရသလိုပါပဲ…. ချတ်ရွန်းတွေမှာ အာဏာရူးတစ်ချို့နဲ့ လွတ်လပ်ခွင့်လူသားတွေ စကားပြိုင်ပြောတော့ လူတွေက အရည်မရ အဖတ်မရ မပြောနဲ့လို့တားကြတယ်.. အဲဒီအချိန်မှာ အကိုတစ်ယောက်ပြောတဲ့စကားကို အခုထိမမေ့သေးပါဘူး

` အပျော်ချတ်တဲ့ ဒီလိုနေရာမျိုးလေးမှာတောင် မင်းတို့လိုအာဏာရူးတွေကို ဘယ်သူမှ မထောက်ခံဘူးဆိုတာ သိစေချင်လို့ လက်ညောင်းခံပြောနေတာ သဘောမပေါက်သေးရင် ဗိုလ်ကြီးလုပ်မနေနဲ့……. ရွာပြန်ပြီး နွားသာကျောင်းတော့´တဲ့

အဲဒီအကိုပြောတဲ့စကားကို သဘောကျသွားပါတယ်.. မှန်ပါတယ်.. လူအယောက် ၂၀သာ ရှိတဲ့ ချတ်ရွန်းဆိုသော နေရာလေးမှာတောင် အဲဒီလိုဖြစ်နေတယ်ဆိုတာ သိသင့်ပါတယ်..

တို့ရွှေနိုင်ငံက ဘိုးတော်ဘုရား ဦးအောင်ဇေယျခေတ်ကို ပြန်ရောက်နေပါတယ်… သူများတွေက အင်တာနေရှယ်နယ်စကားကိုပြောပြီး လပေါ်ထိ သွားရောက်နေကြပြီ……… တို့နိုင်ငံဘာဖြစ်နေလည်း.. နွားပြိုင်ပွဲ ၊ လှေပြိုင်ပွဲ ၊ နတ်ပွဲတွေလုပ်နေပါတယ်…. ကျပ်တည်းလာသော စီးပွားရေးတွေလည်း ကြားတာနဲ့ သွေးတိုးပြီး သေချင်စော်နံပါတယ်…. မတရားတစ်ခုရှိရင်လည်း ဥပဒေက စာအုပ်ထဲမှာရှိပြီး ပိုက်ဆံအိပ်ထဲ ၀င်နေပါတယ်….. ခိုးဝှက် လုယူမှုတွေကလည်း နိုင်ငံရဲ့ စီးပွားရေးကို ပြနေတာပေါ့………

နိုင်ငံတကာ ဗီဇာရဖို့ လူတွေက အဲဒီနေရာမှာကျိတ်ကျိတ်တိုးကြ…… ယိုးဒယားသွားမိလို့ ဒုတ်ခရောက်ကြသူတွေကလည်း တစ်နင့်တစ်ပိုး.. တစ်ချို့တွေကပြောပါတယ်… လျှာရှည်ပြီးသွားတော့ ဖြစ်တာနည်းသေးတယ်တဲ့.. အဲဒီအခါမှာ လင်းလက်က မေးခွန်းတစ်ခုပြန်မေးပါရစေနော်……. မသွားဘဲ ဗိုက်ဟောင်းလောင်းနဲ့ငတ်နေမယ့်အစား ၊ ဘာမှဖြစ်မလာတဲ့အစား လူတွေက စွန့်စားကြတာပေါ့.. မြန်မာလူမျိုးက သူများထက် ကိုယ့်နိုင်ငံကိုချစ်တတ်သူပါ.. တရုပ်လူမျိုးတွေက ရောက်တဲ့အရပ်မှာ အခြေကျအောင် ကြိုးစားပေမယ့် မြန်မာလူမျိုးက ဘယ်အချိန် အထုပ်ပိုက်ပြီး အိမ်ပြန်ရမှာလည်းဆိုတာပဲ တွေးတောနေကြသူတွေပါ…… ဘယ်သူမှ ပြည်ပကိုချစ်လွန်းလို့ တသက်လုံးနေပါရစေခွင့်မတောင်းပါဘူး.. ဘယ်အချိန် အိမ်ပြန်ရမလည်းဆိုတာဘဲတွေးနေကြတာပါ..

လှောင်အိမ်ထဲကတေးသီချင်းတွေကို နားထောင်ပြီးချိန်မှာ ခံစားရတယ်… သတင်းဝဘ်ဆိုဒ်တွေ တခါသွားတိုင်း ရင်ထဲမှာ ဆူညံနေမိတယ်… နိုင်ငံရေးဆိုတာ ဘာလည်း မသိပါဘူး.. အဲဒါကိုလည်း စိတ်မ၀င်စားပါဘူး .. ဒါပေမယ့် ဖြစ်နေသောအဖြစ်အပျက်များ ၊ ကျင့်သုံးနေသောစနစ် ၊ မကောင်းသော သူ ကောင်းသောသူ ခွဲခြားတတ်ပါတယ်………….

သြော် မြောက်ပြန်လေနုအေးကြားထဲ လမ်းပျောက်နေသော လူတွေရဲ့ဘ၀ ၊ အပြင်မှာအနှိမ်ခံဘ၀ ၊ ပျောက်ဆုံးနေသော လူသားအခွင့်အရေး ဒါတွေ ဘယ်တော့များမှ ပြန်လည်ရရှိမှာပါလိမ့်……….

မှတ်ချက် ။ အပြုသဘောသာ ရေးခြင်းဖြစ်သည်။။

ခံစားရသောသီချင်းလေးတစ်ပုဒ်

click here


1 Comment so far
Leave a comment

Here are some links that I believe will be interested

Comment by yo4rker




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: