ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


အဖြူရောင်ကိုကြီးဟန်
July 25, 2006, 5:22 pm
Filed under: Others

အခု ကိုကြီးဟန်နဲ့ ၂၅မိနစ်လောက် ငါစကားပြောလိုက်ရတယ်……… ရင်ထဲမှာ သိပ်ကိုပျော်နေမိတယ်.. ညီမလေး ကိုကြီးကို ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး.. အကိုရင်းတစ်ယောက်လို အချစ်ရဆုံးလူသားတစ်ယောက်လို ကိုကြီးကိုညီမလေး သိပ်တွယ်တာခဲ့တာပါ……..ညီမလေး ဖုန်းမဆက်ဖြစ်လို့ မေ့နေတယ် မထင်ပါနဲ့ ကိုကြီးရယ်.. ညီမလေးမှာ အွန်လိုင်းကနေတစ်ဆင့် ၊ ညီမလေးဝါသနာတွေကြောင့် အသိပေါင်းများစွာရှိတယ်… ဘယ်နှစ်ရာရှိမလည်း………. ရှိစမ်းပါစေ………. ရင်ထဲမှာ ညီမလေးအချစ်ရဆုံး ကိုကြီးအတွက် နေရာမပျောက်သွားဘူး………. ချစ်သူဆိုတာ ညီမလေးအတွက် ကိုကြီးလောက်မှ အရေးမပါခဲ့တာ…….. ကိုကြီးနဲ့ညီမလေးကြား ထားရှိသော သံယောဇဉ်တွေက စမ်းရေထက် ပိုအေးမြတယ.်.. ကောင်းကင်တစ်ခွင်ထက်ပိုကျယ်ပြန့်တယ်………. ဆီမီးတွေထက် ပိုထွန်းလင်းတယ်…….. အရာအားလုံးထက် ပိုနွေးထွေးတယ်……… ကျောက်စိုင်ကျောက်သားတွေထက် ပိုခိုင်မြဲပါတယ်ကိုကြီး………

မကြာခင်မှာ ရန်ကုန်ကိုလာမယ်ဆိုတဲ့ ကိုကြီးစကားကြောင့် ရင်ထဲသိပ်ကိုပျော်မိတယ်.. ကိုကြီးတို့အားလုံး အွန်လိုင်းပေါ်ကပျောက်သွားချိန်ကာစ ညီမလေးလည်း ချတ်ရွန်းဝင်တာထက်စာရင် စာချည်းပိုရေးနေမိတယ်…… ကိုကြီးနဲ့ညီမလေးကြား သံယောဇဉ်က တော်ရုံလူ နားလည်မှာမဟုတ်ဘူး.. ဒါပေမယ့် လူဆိုတာ ကိုယ့်လမ်းကိုယ်လျှောက်နေရတာ ဖြစ်တဲ့အတွက် ညီမလေးနဲ့ကိုကြီး ခိုင်မာသော သံယောဇဉ်တွေက ဘယ်အရာကိုမှ ဂရုမစိုက်တတ်ဘူးနော်…….. သတိရတယ် ချစ်သောကိုကြီးရယ်.. ညီမလေးနဲ့ ညလုံးပေါက် ထိုင်စကားပြောခဲ့တာတွေမှတ်မိလား.. ပလန်းနက်မှာ ညီမလေးတို့ခင်မင်မှုတွေအားလုံး စာတင်ထားသလောက်ပါပဲ…….. ညီမလေးတို့ တစ်ဖွဲ့လုံးလည်း တစ်ယောက်တစ်နေရာစီ ဝေးလွင့်နေခဲ့ကြပြီ.. ဒါပေမယ့် ခိုင်မြဲသော ခင်မင်မှုတွေက ဘယ်တော့မှ မပျောက်ဆုံးသွားဘူး.. ဘယ်နေရာရောက်ရောက် ရသလိုဆက်သွယ်ရင်း သတိရနေမြဲပဲ…….. ဘ၀မှာ အပေါင်းအသင်းမိတ်ဆွေဆိုတာ ခဏပဲဆုံတွေ့ခြင်းလို့ အတော်များများပြောစမှတ်ပြုကြတယ်.. ဒါပေမယ့် ညီမလေးနဲ့ကိုကြီးက ဒီသံယောဇဉ်တွေနဲ့ တစ်ဘ၀လုံးဆုံတွေ့သွားမှာပဲ…. တခဏတာ မဖြစ်စေရဘူးလေ..

မှတ်မိလား ကိုကြီးရေ…… အကိုအလဲဗန်း ၊ ညီမလေးနဲ့ ကိုကြီး ၃ယောက် သီချင်းအတူဆိုခဲ့ကြတဲ့ညလေ… သိပ်ကို အပူပင်မရှိလွတ်လပ်ခဲ့ရတဲ့ညတွေပေါ့..ညီမလေးကို သိပ်ချစ်တဲ့ ဒီမောင်နှမတွေကို ညီမလေးကလည်း ရင်နဲ့မဆန့်ချစ်ပါတယ်……….. ညီမလေးဘ၀မှာ အချစ်ကို ၂ခါရူးခဲ့ဖူးတယ်……… အဲဒီဒဏ်တွေကြောင့် တစ်ခါတစ်လေ ကိုကြီးနဲ့ပတ်သတ်ရင် ညီမလေးဘက်မှာ ပျက်ကွက်မှုတွေရှိခဲ့တယ်………. ခွင့်လွှတ်ပေးပါကိုကြီး.. အချစ်ကို ကိုးကွယ်ခဲ့တာမဟုတ်ပါဘူး……….. လက်ဖျားထဲထည့် လျှောက်ကလိမိတာပါ ဟိး

မြန်မာပြည်ပြန်လာရင် ကိုကြီးကိုလာတွေ့မှာပါ…… မစိုးရိမ်ပါနဲ့ကိုကြီးရယ်.. ငှက်ကလေးတွေတောင် အိမ်ပြန်ချိနရှိပါတယ်……….. မကြာသော တစ်နေ့မှာ ညိမလေး ကိုကြီးရှေ့ အရောက်လာခဲ့အုန်းမှာပါ…… အောင်မြင်မှုတွေနဲ့ပဲ လာချင်တယ်ကိုကြီး……. ညီမလေးဘ၀မှာ သိပ်ကိုယုံကြည်ချစ်ရလွန်းတဲ့ ကိုကြီးရှေ့မှာ ခံနိုင်ရည်ရှိသော ညီမတစ်ယောက်အနေနဲ့ပဲလာချင်တယ်………. ဒဏ်ရာတွေနဲ့ပြိုလဲစွာ ပြန်မလာချင်သေးဘူးကိုကြီးရယ်………….

မိုးညသီချင်းကိုမှတ်မိလား……..ကိုကြီးသိပ်ကြိုက်တဲ့သီချင်းလေနော် ……….. အဲဒီသီချင်းဖွင့်တိုင်းကိုကြီးကို သတိရမိတာ ခံစားရလွန်းလို့ နားတောင်မထောင်နိုင်ဘူး……….

ညီမလေးဘ၀မှာ ယုံကြည်ရဆုံးသူက ကိုကြီးပါ……. ကိုကြီးနဲ့ပတ်သတ်ရင် ညီမလေး တအားကလေးဆန်ချင်ဆန်နေမယ်……. တအားသ၀န်တိုချင်တိုမယ်………. ဘယ်သူနဲ့မှ သဘောတူချင်မှတူမယ်.. ဒါပေမယ့် အာဏာရှင်တော့မဆန်ပါဘူးကိုကြီးရယ်.. ကိုကြီးကိုယ်တိုင်က ညီမလေးကို ပထမဆုံးပေးထားတာ လူတိုင်းအသိပဲ……. ညီမလေးနေရာမှာ တစ်ခြားလူရောက်လာမှာ လုံးဝမလိုလားဘူး..

အဝေးကြီးမှာ ငှက်ကလေးတွေပျံသန်းနေတယ်.. တိမ်တွေက လေနှင်ရာအလိုက် ပြေးနေတယ်……. ဘယ်တော့များမှ ဒီမောင်နှမ ၂ယောက် ပြန်လည်ဆုံတွေ့ရမှာပါလိမ့်………

သတိရလျက်ပါကိုကြီးရေ…………….


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: