ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ဘယ်ရောက်နေလည်း ဥပဒေ(my old post)
August 31, 2006, 5:17 pm
Filed under: My Opinion



အခုတစ်လော လူက ကျောင်းစာတွေနဲ့ပိနေတာ ပြားမတတ် အလုပ်များနေသလို လူမှုရေးကိစ္စတစ်ချို့ကြောင့်လည်း အလုပ်ရှုပ်နေပြန်တယ်.. လင်းဘလော့ခ်ကို ၀င်ရောက်အားပေးကြသော မိတ်ဆွေမောင်နှမများကို အားလည်းနာသလို ကိုယ်တိုင်လည်း သတင်းတွေ မနည်းကြိုးစားလိုက်ဖတ်နေရတယ်… ၀ါသနာနဲ့ခံယူချက်ကြောင့် နောက်ဆုတ်ပေးမယ်မဟုတ်ဘူးလို့ ပြောထားတာတောင်မှ မအားလို့ စာဆက်မရေးတာနဲ့ ပြောနေတဲ့အတင်းတွေလည်း အကုန်ပြန်ကြားပါ့နော်.. ရပ်လိုက်ပြီမဟုတ်လား လာလာခနဲ့သံတွေ ပြန်ရှင်းရမှာ အချိန်မလောက်လို့ ပြန်မရှင်းလိုက်တာ အားတာနဲ့ ဘလော့ခ်မှာ ပြန်တင်မယ်ဆိုတာတော့ မမေ့လိုက်နဲ့….. ကျောင်းကပြန်လာချိန်တွေ ၊ တခြားအလုပ်တွေလုပ်နေချိန်မှာ ရင်ထဲမှာတော့ အမြဲတမ်းတွေးနေမိတယ်.. ငါကတော့ အေးအေးချမ်းချမ်းနဲ့ ဘ၀ကို ဖြတ်သန်းနေချိန်မှာ နယ်စပ်က ပန်းကလေးတွေဘ၀ ဘယ်လိုဖြစ်နေပြီလည်း……. အကျဉ်းထောင်ထဲက အမေစုဘ၀ရော ဘယ်လိုအခြေအနေရှိနေလည်း.. ပါးစပ်က ဖွင့်ဟမပြောခဲ့ပေမယ့် ရင်ထဲမှာတော့ အမြဲတည်ရှိနေခဲ့တယ်……… ကိုယ်နေတဲ့ ကျွန်းက ဥပဒေနဲ့ပတ်သတ်ရင် လူတန်းစားမရွေး အမြဲတမ်း တသမတ်တည်းဆုံးဖြတ်ချက်စီရင်တော့ အင်း လင်းလက်စိတ်ထဲ မြောင်းထဲရောက်နေတဲ့ မြန်မာပြည်ဥပဒေကိုသတိရမိတယ်..

မေး ၊ မြန်မာပြည်ဥပဒေဆိုတာဘာလည်း ???

ဖြေ ၊ မြန်မာပြည်ဥပဒေသည် မြောင်းထဲတွင် ပြုတ်ကျနေပါသည်။ ဥပဒေသည် လက်ညိုးနဲ့လက်မကိုကွေးလိုက်ချိန်မှာ မတရားနည်းလမ်းဖြင့် ချမ်းသာသူများ ခြေထောက်အောက်တွင် သခင်အလိုကျ ကပြနေရသည်။

အမေစုပြောခဲ့သောစကားတစ်ခုကတော့ `နိုင်ငံတစ်နိုင်ငံဟာ သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့အတွက်က ဘာအရေးကြီးဆုံးလည်း။ တရားဥပဒေပါပဲ။ တရားဥပဒေ မလွှမ်းမိုးနိုင်သော နိုင်ငံကို ဘယ်နိုင်ငံကမှလည်း လေးစားမှာမဟုတ်ပါဘူး။ အဲဒီအတွက် ကျွန်မတို့ဘာလုပ်ရမှာလည်း။ ဒီမိုကရေစီရအောင် လုပ်ကိုလုပ်ရမယ်´

အမေပြောတာ အကြွင်းမရှိမှန်ပါတယ်အမေ။ နိုင်ငံတစ်နိုင်ငံရဲ့ ကြီးပွားတိုးတက်ရေးနဲ့ ဘက်စုံအဖြာဖြာမှာ ဥပဒေကသာလျင် ချုပ်ကိုင်ထားမှ တည်တံ့မှာဖြစ်ပါတယ်။ ဥပဒေဆိုတာ စာအုပ်ထဲမှာဖြစ်နေမှတော့ ဘာသွားသုံးစားရတော့မှာလည်း။ ပြည်သူတွေရဲ့ မတရားမှုတွေကို ပြေလည်အောင်ဖြေရှင်းပေးရမယ့် ဥပဒေက မြန်မာပြည်မှာ အလွန်အကျွံ ကမ်းကုန်အောင် လဘ်ထိုးမှုတွေနဲ့ပြည့်နှက်နေမှတေ <!– D([“mb”,”ာ့ မျက်ဖြူဆိုက်ရုံပဲကျန်ပါတော့တယ်။ ဒီမိုကရေစီကို အပြည့်အ၀စားသုံးနေရတဲ့ မြန်မာပြည်သူတစ်ချို့ကတော့ ဆိုးကျိုးတွေကို ကျွန်မကို လာလာထောက်ပြလေ့ရှိပါတယ်။ ကျွန်မလက်မခံဘူး မဟုတ်ဘူးနော်။ သိတယ်.. ဘယ်နေရာမဆို ဆိုးကျိုးဆိုတာ ရှိမှာပဲ။ ဒါပေမယ့် ဆိုးကျိုးလေး ၅%လောက်ကိုခံရပြီး ပြည်သူလူထုတွေ လူသားအခွင့်အရေးရ ၊ ပြေလည်ငြိမ်းချမ်းစွာ နေနိုင်ကြမယ်ဆိုရင် ဒီဆိုးကျိုးဆိုတာ ကောင်းမွန်အောင်ဖြေရှင်းသွားလို့ရပါတယ်.. ဥပဒေဆိုတာ တသတ်မတ်တည်းရှိလာရင် မြန်မာပြည်သူလူထုကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ Oxford University ကနေ ဘွဲ့ယူဆင်းလာတဲ့ နိုင်ငံခေါင်းဆောင် အမေစုက အပြည့်အ၀နားလည်မှာပါ။ မရခင်မှာ ဘာ မဖြစ်စလောက်တဲ့ သေးသေးကွေးကွေးလေးတွေကို ကြိုစဉ်းစားပြီး ဒီအတိုင်းပစ်ထားဖို့စိတ်မကူးပါနဲ့။ မှားသွားလိမ့်မယ်။ တိုင်းရင်းသားရွာတွေကို မီးရှို့ ၊ မိန်းမတွေကို မုဒိန်းကျင့် ၊ နိုင်ငံရေးအကျဉ်းသားတွေကို မသေမရှင်ဖြစ်အောင်နှိပ်စက်ညှဉ်းပန်း ၊ လက်နက်အားကိုး ဗိုလ်ဆွဲနေသော လူစုကိုမှ လူယုတ်မာလို့မခေါ်ရင် ဘယ်လူကို လူယုတ်မာလို့ခေါ်လည်း လာပြောပြကြပါအုန်းရှင်.. ကျွန်မနားမလည်လို့ပါနော်..\n

\n



လင်းလက်ကြယ်စင်
https://linletkyalsin.blogspot.com/
\nhttps://www.esnips.com/web/linlatkyalsin
https://www.esnips.com/web/polticalsongs \n

“,1] ); //–>ာ့ မျက်ဖြူဆိုက်ရုံပဲကျန်ပါတော့တယ်။ ဒီမိုကရေစီကို အပြည့်အ၀စားသုံးနေရတဲ့ မြန်မာပြည်သူတစ်ချို့ကတော့ ဆိုးကျိုးတွေကို ကျွန်မကို လာလာထောက်ပြလေ့ရှိပါတယ်။ ကျွန်မလက်မခံဘူး မဟုတ်ဘူးနော်။ သိတယ်.. ဘယ်နေရာမဆို ဆိုးကျိုးဆိုတာ ရှိမှာပဲ။ ဒါပေမယ့် ဆိုးကျိုးလေး ၅%လောက်ကိုခံရပြီး ပြည်သူလူထုတွေ လူသားအခွင့်အရေးရ ၊ ပြေလည်ငြိမ်းချမ်းစွာ နေနိုင်ကြမယ်ဆိုရင် ဒီဆိုးကျိုးဆိုတာ ကောင်းမွန်အောင်ဖြေရှင်းသွားလို့ရပါတယ်.. ဥပဒေဆိုတာ တသတ်မတ်တည်းရှိလာရင် မြန်မာပြည်သူလူထုကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ Oxford University ကနေ ဘွဲ့ယူဆင်းလာတဲ့ နိုင်ငံခေါင်းဆောင် အမေစုက အပြည့်အ၀နားလည်မှာပါ။ မရခင်မှာ ဘာ မဖြစ်စလောက်တဲ့ သေးသေးကွေးကွေးလေးတွေကို ကြိုစဉ်းစားပြီး ဒီအတိုင်းပစ်ထားဖို့စိတ်မကူးပါနဲ့။ မှားသွားလိမ့်မယ်။ တိုင်းရင်းသားရွာတွေကို မီးရှို့ ၊ မိန်းမတွေကို မုဒိန်းကျင့် ၊ နိုင်ငံရေးအကျဉ်းသားတွေကို မသေမရှင်ဖြစ်အောင်နှိပ်စက်ညှဉ်းပန်း ၊ လက်နက်အားကိုး ဗိုလ်ဆွဲနေသော လူစုကိုမှ လူယုတ်မာလို့မခေါ်ရင် ဘယ်လူကို လူယုတ်မာလို့ခေါ်လည်း လာပြောပြကြပါအုန်းရှင်.. ကျွန်မနားမလည်လို့ပါနော်..


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s