ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


သင်ဘယ်လိုလူစားမျိုးလည်းဆုံးဖြတ်ပါ(my old post)
August 31, 2006, 5:21 pm
Filed under: My Opinion

အပြင်မှာကျနေတဲ့ သစ်ရွက်ခြောက်လေးတွေကိုကြည့်ရင်း ပျံ့လွင့်နေတဲ့ ကိုယ့်ဆံပင်ကြား နာကျင်စွာ တချက်တချက်ပြုံးဖြစ်သေးတယ်….. ကိုယ့်ထက်ပိုနားလည်နိုင်မယ့် ပိုလှသော မိန်းကလေး မင်းဘ၀မှာ တွေ့ရှီခဲ့ရင် ဒီရင်ကို စုံကန်သွားပါလို့ တချိန်တုန်းက ကိုယ်ပြောခဲ့ဖူးတယ်.. သူနဲ့ပတ်သတ် အကြောင်းတွေပြန်တွေး၇င်း သူ့လိုလူစားမျိုးတွေကမှတစ်ဆင့် မြန်မာပြည်ရဲ့ လူတန်းစားတွေကို ရင်ထဲဝင်ရောက်တွေးမိပြီး အမျိုးအစားခွဲခြားဖို့ဆုံးဖြတ်လိုက်ပါတယ်…

၁) အမှန်တရားကိုလက်ခံကြံဆောင်နိုင်သူများ

မြန်မာလူမျိုးတွေထဲမှာ အမှန်တရားဘာလည်း အလင်းကိုမြင်သူတွေ အများဆုံးတည်ရှိပါတယ်.. မိမိကသာ ဘာမှမစွမ်းဆောင်နိုင်ရင်နေပါစေ ၊ တိုင်းပြည်ကိုဖျက်ဆီးမင်းလုပ်အုပ်ချုပ်နေသောလူက သူတော်ကောင်းလား လူယုတ်မာလား သူတို့စိတ်ထဲခွဲခြားတတ်သလို လက်ခံပါတယ်.. တစ်ချို့တပ်မတော်သားလေးတွေကလ်ညး အခြေအနေအရသာ သူတို့ဘ၀ကို အဲဒီထဲနှစ်ထားပေမယ့် အမှန်ကို ရင်ထဲမှာ သိုသိပ်စွာ လက်ခံထားသော ၀န်ထမ်းတွေလည်းရှိပါတယ်.. အထူးပြောချင်တာကတော့ မိမိဘ၀တွေအပါအ၀င် အသက်ကိုစွန့်လွှတ်ထားပြီး တိုင်းပြည်အတွက် ကြိုးစားနေသော ပ်ြညတွင်း ပြည်ပမှာ နိုင်ငံရေးသမားများကိုတော့ လေးစားဂုဏ်ယူပါတယ်.. နောက် ထောက်ခံအားပေးသော အမှန်တရားကိုသိမြင်သော လူများကိုလည်း လေးစားပါတယ်..

၂) ဘာကိုမှစိတ်မ၀င်စားသူများ

လူတစ်ချို့ရှိပါတယ်.. ကောင်းတာ မကောင်းတာ သိပ်အများကြီး စိတ်မ၀င်စားပါဘူး .. ကံကိုသာပုံချ ဖြစ်ချင်တာဖြစ် မိမိအတွက် ၀မ်းေ၇းတစ်နပ်ရရင်ပြီးရောဆိုပြီး လျစ်လျူရှုထားသူတွေပါ.. သူတို့ကိုတော့ အပြစ်သိပ်မတင်ပေမယ့် အနည်းငယ် မျက်လုံးဖွင့်ဖို့တိုက်တွန်းချင်ပါတယ်. တစ်ယောက်အားနှင့် ယူသော်မရ ၊ တစ်သောင်းအားနဲ့ယူသော်ရမယ်ဆိုတဲ့အတိုင်း ခွပ်ဒေါင်းအဖွဲ့ဘယ်လောက်ကောင်းကောင်း ပြည်သူတွေ မပူးပေါင်းရင် အရေးတော်ပုံ အောင်မြင်ဖို့နှေးလွန်းမှာပါ……..

၃) လှေနံ၂ဖက်နင်းသူများ

မြန်မာတစ်ချို့မှာ စောက်ကျင့်ရှိပါတယ်… မိမိဘ၀ကောင်းစားရေးအတွက် သာတဲ့ဘက်ကို လိုက်နားယောင်ပြီး သခင်အလိုကျ နေပြနေကြတာပါပဲ.. ဘ၀အခြေအနေရ မလုပ်ချင်ဘဲ လုပ်နေရတယ်ဆိုရင် ခြွင်းချက်ပါ.. တစ်ချို့ အဲဒီလိုမဟုတ်ပါဘူး… လတ်တလောအနိုင်ရထားသူ ( တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ) အဲဒီလူကိုပေါင်းပြီး မိမိတစ်ဘို့တည်းအတွက်ပဲ ကြည့်သောသူများပါ…….. ဒီဘက်ပါရင် ဒီဘက်ကပ်ပြေးဒူးထောက် ၊ အဲဒီလူအတွက် လူသတ်ဆိုလည်းသတ်ပေး ၊ ဘာမဆို ယုတ်မာပေးဖို့ ၀န်မလေးသူ အရေအတွက် မြန်မာနိုင်ငံမှာ များပြားနေလို့ ဒီလိုမျိုးတွေဖြစ်နေတာပါ.. အဖွဲ့အစည်းမှာ car permit လေး ၂စောင်လောက်ပစ်ပေး ၊ တိုက်တစ်လုံးလောက်ပေးလိုက်ရင် နအဖကို ဒူးထောက်သူများကို ရှုံချပါတယ်.. ပစ္စည်းဆိုတာထက် အများပြည်သူအတွက် ထည့်သွင်းစဉ်းစားဖို့ပိုအရေးကြီးပါတယ်… နအဖကို ဒူးထောက်မှ သေရင် အပါယ်လားမှာလည်း မတွေးကြဘူးထင်ပါတယ်.. မိမိ ထမင်းတစ်နပ်စားနေချိန်မှာ အလုပ်ကြိုးစားပေမယ့် နိုင်ငံပျောက် ၊ နေစရာမရှိ ၊ နယ်စပ်ကလူတွေဘ၀ဘယ်လိုလည်း ။။ မြန်မာပြည်က အများပြည်သူတွေ ဘယ်လိုဘ၀ရောက်နေလည်း ဒါကို နှလုံးသွေးထဲ ထည့်သွင်းစဉ်းစားကြပါ……. မိမိက ရွှေဘုံပေါ်မှာစံစားနေပြီး ပြည်သူကိုလည်ပင်းညှစ်ထားတာနဲ့ ပြည်သူတွေရဲ့ ကျိန်ဆိုသံ ၊ ပြည်သူတွေရဲ့ စူးရှသောမေတ္တာတရားကို မကြောက်ကြဘူးလား… ကျွန်မတို့ကိုးကွယ်တဲ့ အတုမရှိ မြတ်စွာဘုရားတောင် မေတ္တာတော်နဲ့အရာအားလုံးကို အနိုင်ရရှိခဲ့ပါတယ်.. ဒီလိုပါပဲ ကျွန်မတို့ပြည်သူအားလုံးရဲ့ စူးရှသော မေတ္တာနဲ့ ကြိုးစားမှုအားလုံးက မဝေးသော တစ်နေ့မှာ ရောင်ပြန်ဟပ်မှာပါ………… အဲဒါကိုမတွေးဘဲ ဟိုဖက်ခွလိုက် ဒီဘက်တက်လိုက် လုပ်နေသောသူများ မိမိဘ၀ကို ပြန်စဉ်းစားကြအုန်း

(မှတ်ချက် ။ ဒီနေရာမှာ ကျွန်မအထူးပြောလိုတာက တစ်ချိန်က လင်းလက်ကြယ်စင်နှလုံးသားကို ပိုင်စိုးခဲ့သော ချစ်သူတစ်ဦးကလည်း ဒီအမျိုးအစားထဲပါဝင်နေတာပါပဲ… ဘယ်လိုနားဝင်အောင်ပြောပြော ၊ ဘယ်လောက် အမှန်တရားတွေချပြပြ လတ်တလော ဗိုလ်ဆွဲသူကိုပဲ အားပေးမယ်ဆိုပြီး ကျွန်မအမုန်းဆုံးလုပ်ရပ်ကို လုပ်သွားတဲ့သူက အခုချိန်မှာ ကျွန်မဘ၀ရဲ့ မကောင်းဆိုးဝါးတစ်ဖြစ်လဲ အမုန်းဆုံးပါပဲ ).

၎) စုံလုံးကန်းနေသော လူစားများ

အများစုက တိုင်းပြည်ကိုချစ်လွန်းလှပါတယ်ဆိုသော နအဖတပ်ဖွဲ့ဝင်တွေပါပဲ.. ကျွန်မ စစ်တပ်က လူတစ်ချို့နဲ့ အကြမ်းမဖက်ဘဲ ဆွေးနွေးခြင်းသဘောမျိုး ကြိုးစားကြည့်ဖူးပါတယ်.. သူတို့က ဘာစပြောလည်းဆိုတော့ `နိုင်ငံရေးမလုပ်ဘဲ ငါ့မိန်းမလာလုပ်ပါလား´တဲ့.. ကဲ အဲဒီမှာကတည်းက ကျွန်မစရွံပါပြီ… မော်ဒယ်လုပ်ပါလားဆိုတဲ့စကားတွေနဲ့ လာပြီး ရိသဲ့သဲ့ပြောနေတဲ့စကားအဆုံး နဂိုကတည်းက မုန်းနေတဲ့ဝါဒမှတစ်ဆင့် စကားများဖို့ပဲဖြစ်ပါတော့တယ်.. သူတို့ကို တိုင်းပြည်အခြေအနေနဲ့ အမှန်တရားကို စကားယှဉ်ပြောရင် စကားပြောရင်မနိုင်မှန်းသိတော့ တစ်ချိန်လုံးထိုင်ဆဲတော့တာပါပဲ.. သူတို့ပြောတဲ့စကားထဲမှာ `စစ်သားလုပ်ရတာလောက် ဘ၀က ပြည့်စုံတာမရှိဘူး။ မိန်းကလေးမြင်ရင် ကြံချင်သလောက်ကြံ ။ ယောက်ျားတွေအာခံရင် သေနတ်နဲ့ပစ်သတ်။ ရွှေဘုံပေါ်မှာနေ။ လုပ်ချင်တာလုပ်ရတယ်´တဲ့.. အကုန်လုံးသာ ပါးတန်းစီချပစ်လိုက်ချင်တယ်… တံတားလေးဆောက်ပြ ၊ လမ်းလေးကျောက်ခဲခင်းပြပြီး တစ်တိုင်းပြည်လုံးကို သူတောင်းစားဖြစ်အောင်လုပ်နေတာ ဖုံးလို့ရမယ်ထင်သလား… ကျွန်မနေတဲ့နေရာမှာ အဲဒီလိုစကားသာ လာပြောကြည့်ပါလား.. အကုန်သတ်ပြီးသားပဲ.. ကျွန်မအကိုတွေဆိုလည်းရှင်းပါတယ်.. နအဖဘက်ကဆို ဘာမှဆက်မမေးနေနဲ့.. အကုန်သာသတ်ပစ်တဲ့.. အေးရော……. သူတို့ရင်ထဲမှာ ပြည်သူအတွက်ဆိုတာ မ၇ှိတော့ပါဘူး.. သူတို့မျက်လုံးတွေက စုံလုံးကန်းနေခဲ့ပြီ…….. သူတို့အသဲနှလုံးတွေက မကောင်းဆိုးဝါးထက် ပိုကြောက်ဖို့ကောင်းနေခဲ့ပြီ…….. နောက် နိုင်ငံရေးသမားလိုလို ခွပ်ဒေါင်းလိုလိုနဲ့ နအဖကို ဒူးထောက်နေသော မိစ္တာတွေပါပဲ….. သူများကိုဆွပေးတယ်.. နောက် တစ်ချက်မှားတာနဲ့ ဆွဲဖမ်းတာပဲ.. မိန်းကလေးကိုဖမ်းမိရင် မုဒိန်းကျင့်မယ်…… ယောက်ျားဆို မသေမရှင်ဖြစ်အောင်နှိပ်စက်မယ်.. ဒါလား သူတို့ကျင့်သုံးနေသော တီဗွီမှာ နေ့စဉ်ပြနေသော ဒီမိုကရေစီတဲ့…

ကဲမိတ်ဆွေ.. သင်ရော ဘယ်လိုလူစားမျိုးလည်း………. လှေနံ၂ဖက်နင်းရင်တော့ တခါတည်း အလယ်မှာ ကာရားပေါင်မုန့်ဖြစ်သွားမယ်……… စုံလုံးကန်းနေရင်တော့ အရှေ့မှာ ရက်ရက်စက်စက်သေတွင်းအပါအ၀င် မြတ်စွာဘုရားကလ်ညး ခွင့်လွှတ်မှာမဟုတ်ပါဘူး………. စူးရှသော ပြည်သူများရဲ့ ကျိန်စာကို ခံနိုင်သော သွေးသင့်မှာရှိလျင်တော့ တစ်မျိုးပေါ့…….. စဉ်းစားတွေးတောပြီးမှ အလုပ်သင့်ဆုံးအရာတစ်ခုကို မင်းဆုံးဖြတ်ပါ မိတ်ဆွေ………..။


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: