ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


နေပြည်တော်လား သေပြည်တော်လား
September 1, 2006, 8:30 am
Filed under: Shameless Groups

ရန်ကုန်မြို့တော်ကြီးကိုစွန့်ခွာထွက်ပြေး ပျဉ်းမနားနေပြည်တော်ကို ဗိုလ်ချုပ်တွေပြေးကတည်းက စိတ်ထဲမှာ တွေးမိသေးတယ်. နေပြည်တော်ပဲဖြစ်လာမလား သေပြည်တော်ပဲဖြစ်လာမလားနော်….. နေပြည်တော်ကြီးကို တည်ဆောက်နေတယ်ဆိုလို့ ကြည့်လိုက်မိတာ တဲပုတ်တွေပဲတွေ့ရတယ်.. ဗီုလ်ချုပ်မှုးကြီးတွေ မကြိုက်တဲ့ လုပ်ငန်းရှင်တွေကိုလည်း ၀င်ခွင့်မပြု ၊ ဟိုဟာခွင့်မပြု ၊ ဒီဟာခွင့်မပြု သြော် တယ်လည်း ကြောက်တတ်ပါလား.. လုံခြုံရေးကို အဓိကထားပြီး ကမ်းကုန်အောင်မိုက်နေတဲ့ လူမိုက်ကြီးတွေ သနားလေစ ကျွတ်ကျွတ်ကျွတ်… အိပ်ရင်တောင် ညခင်း ကောင်းကောင်းအိပ်ရဲ့လားမသိဘူး… အိပ်မက်ဆိုးတွေမက်ပြီး ပုဆိုးပါကျွတ်အောင် အိပ်မက်ထဲမှာ ပြေးနေရမယ်ထင်ပါရဲ့နော် … သူတို့လိုချင်သောပုံစံတွေနဲ့ဖွဲ့စည်း ၊ တောကြိုတောင်ကြားမှာ နန်းသွားတည်ပြီး ဘုရင်ရူးရူး ၊ တတိုင်းပြည်လုံးခွက်ဆွဲအောင် လုပ်နေသော ဘု၇င်မင်းမြတ်ဗိုလ်ချုပ်ကြီးများ ကံအကောင်းအကြောင်းမလှလို့ နေပြည်တော်က သချိင်္ုင်းလည်းဖြစ်နေပါအုန်းမယ်.. ၀န်ကြီးတစ်ယောက်ကလည်း လက်အောက်ငယ်သားတွေကို လုံခြုံတဲ့နေရာရောက်လာပြီ မကြောက်နဲ့လည်း ပြောလိုက်သေးတယ်ဆိုပဲ .. မကြောက်နဲ့လို့ပြောတဲ့လူအသံကလည်း အတော်လေး အားရှိချင်စရာ.. သူကိုယ်တိုင်လည်း ညခင်း ကောင်းကောင်းမနေရဲဘဲ လုံခြုံရေးကို အထပ်ထပ်ချနေပြီး အတော်ရီရတယ်.. လက်နက်ကိုင်စွဲရမ်းပြီး နေပြည်တော်မှာ သေပွဲဝင်မယ့်လူတွေကိုမြင်ယောင်ပါသေးတယ်..


2 Comments so far
Leave a comment

ခေါင်းစဉ်မိုက်တယ်အမ။

Comment by ထူးမြတ်

လုပ်ငန်းရှင်တွေ ၀င်လာခြင်ရင်တောင် အာမခံချက်မရှိခြင်းနဲ့ အဂတိ လိုက်စားခြင်းကြောင့် အတော် စဉ်းစားရအုံးမယ်။

Comment by Thet Naing




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: