Filed under: Others
ဘလော့ခ်ကို ဟိုတစ်ယောက် ၀င်ဖျက်သွားတုန်းကတောင် အခုရက်လောက် စိတ်ဓါတ်မကျဘူး… အခုရက်ပိုင်းတော့ ဒီဘလော့ခ်ကို နောက်ခံပြောင်းလိုက် ၊ စာလုံးအရောင်တွေညှိလိုက် ၊ လင်းက ဘာမှမသိတော့ သောက်တလွဲဖြစ်လိုက် ၊ နောက် IE & firefox မှာ ဒီဇိုင်းမတူဘဲ ဘလော့ခ်တစ်ခုကို ဒီဇိုင်း ၂ခုထွက်လာလို့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရတယ်.. နဂိုကတည်းက စာပဲရေးတတ်တယ်လို့ ပြောထားတာ အခုရက်ပိုင်းတော့ ရူးပါရူးချင်သွားတယ်… ကြားထဲ ဘတ်ဂရောင်းကို ဖျော့ဖျော့လေး ဖြစ်အောင် ပြောင်းလိုက်တာ စာလုံးအရောင်တွေအားလုံး ကုလားရောင်ဖြစ်ကုန်ပြီး ဘာတစ်လုံးမှဖတ်မရတော့ဘူး……. အပြာပေါ်အ၀ါထပ်သလို ဖြစ်ကုန်တယ်… လူလည်း ပူထူပြီး သူများမေးရတယ်.. လင်း ဘလော့ခ်အသစ်အတွက် အစစအရာရာကူညီပေးခဲ့သော သူငယ်ချင်းကောင်းတစ်ဦးနှင့် အကြံပြုခဲ့သော သူငယ်ချင်းတစ်ဦးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောချင်ပါတယ်.. ဘာမှမသိဘဲ လျှောက်လုပ်မိကာ အမှားများဖြစ်တိုင်း စိတ်ရှည်လက်ရှည် ပြန်လည်ပြင်ဆင်ပေးခဲ့သော သူငယ်ချင်းလည်း အတော်စိတ်ညစ်နေပြီထင်ပါတယ်.. သြော်မသိတော့လည်း တစ်ဒုက္ခပါပဲနော်………..
2 Comments so far
Leave a comment
Check this out, daily trivia questions and contests, come join in on the fun!
Comment by Anonymous September 3, 2006 @ 5:57 amAdvertisements in comment box. Turn on the word verification to prevent advertisement robots…
Comment by Anonymous September 4, 2006 @ 2:58 pm