ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ

နားညီးလွန်းလှသော ငါးစိမ်းသည်များသို့
September 6, 2006, 9:37 am
Filed under: Shameless Groups

ကိုယ့်ဘာသာကိုယ် မအားရတဲ့အထဲ လာလာရှုပ်နေတဲ့အပေါက်တွေပိတ်အောင် ဒီပို့စ်ကိုရေးလိုက်ပါတယ်.. ဘလော့ခ်တစ်ခုလုံးကိုပြီးဆုံးအောင်မဖတ်ဘဲ ငါးစိမ်းသည်လို လာလာပြောသော အပေါက်တွေကို ဘာနဲ့ပိတ်ရင်ကောင်းမလည်းကို မသိတော့ဘူး.. တစ်ခါလာလည်း ဒီစကား .. ကြားရပါများလို့ လင်းလက်တို့က အိပ်ပါငိုက်နေပြီ… ဝေဖန်ရေးသဘောမျိုးဆို နွေးထွေးစွာကြိုဆိုပါတယ်.. အခုက ဘာမဆိုင် ညာမဆိုင် လူကိုမြင်ရင် ဆဲနေတဲ့ အရိုးကိုက်နေတဲ့အကောင်တွေကို ခပ်နာနာလေးခေါက်လိုက်ချင်တယ်.. အမှန်တရားဆိုတာ ပါးစပ်ကသာ မထွက်အောင်လုပ်လို့ရမယ်.. လူတိုင်းရင်ထဲရှိတယ်.. အရှေ့တောင်အာရှမှာ ထောက်လှမ်းရေးတွေ နေရာတိုင်းရှိတာသိတယ်.. အဲဒါဘာလုပ်ရမှာလည်း.. လာပြီးများ ဖြဲခြောက်နေသေးတယ်.. အတော်နားညီးပါတယ်.. ယဉ်ကျေးသူကို သူလေးစားရအောင် ကျူပ်ပိုယဉ်ကျေးတတ်တယ်… လာပြီး နှမချင်းမစာနာလာပြောလို့က အားနေရင် ပြန်ပြောဖို့ဝန်မလေးဘူး.. ဘလော့ခ်ဆိုတာ စာပေလွတ်လပ်ခွင့်နေရာ.. ကျူပ်ဘာသာကျူပ် လုပ်ချင်တာလုပ်ခွင့်ရှိတယ်… အတော်အားယားနေကြတဲ့ စစ်သားတွေ အိမ်သာကျင်းသွားတူးပါလား.. ဘလော့ခ်ပေါ်မှာ အော်နေလို့ နိုင်ငံမပြောင်းလဲလာတာသိတယ်.. လူတစ်ယောက်မှာ စိတ်နဲ့ကိုယ်အင်အား စိတ်မခိုင်ရင် ဘာလုပ်ရမှာလည်း.. စိတ်ဓါတ်ပြင်းထန်ခြင်းသည် အောင်မြင်ခြင်း၏လမ်းစဆိုတာ မသိကြဘူးလား ကျေးဇူးရှင်တို့… ကိုယ် ဘာမှ ကူညီခွင့်မရသေးတဲ့အချိန်မှာ ကိုယ်ဝါသနာလည်းဖြစ် ၊ စိတ်ဓါတ်အင်အားဖြည့်ရာနေရာ ၊ လူစုလို့ရ ၊ အဆက်သွယ်လည်းရလာနိုင်တဲ့ ဒီနေရာမှာ ဒီနာမည်နဲ့ဒီစာတွေရေးတာ ဘယ်ကောင်ကိုဂရုစိုက်ရအုန်းမှာလည်း.. အကိုစိန်မျောက်မျောက် ဘလော့ခ်မှာ ပြောခဲ့သလို ဒီနေရာမှာ ပြောတဲ့အပြောတင်မဟုတ်ဘူး.. တခုခုဖြစ်လို့က ကျူပ်တို့က ကိုယ့်အကျိုးစွန့် လုပ်ပြီးသားပဲ.. ကွန်ပြူတာရှေ့ကြီးထိုင်ပြီး စိတ်ဓါတ်ပြင်းနေတာ မဟုတ်ဘူး. မယုံရင် ချန်ဂီဆင်းလာခဲ့လိုက်.. တချက်တည်း ကားသွားအောင် ပညာပေးလိုက်မယ်…. နိုင်ငံရေးဆိုတာ ရှုပ်ထွေးတယ်.. သိလည်း မသိပါဘူး.. နအဖလိုလည်း မယုတ်မာတတ်ပါဘူး.. ဒါပေမယ့် မိမိနိုင်ငံဖြစ်ပျက်နေတာနဲ့ အခွင့်အလမ်းရလာရင် ဘယ်လိုသယ်ပိုးထမ်းဆောင်ရမှာလည်းဆိုတာ နားလည်ပါတယ်… သူများလိုလည်း ၂ဖက် မခွတတ်ဘူး .. စင်ကာပူက ကျောင်းသားတွေစိတ်ဓါတ်ကို တစ်ချို့ကောင်းကောင်းသိပါတယ်.. တီပီရဲ့ ရိုက်ချက်တွေကလည်း ပြင်းလွန်းလို့ လင်းလက်တောင် အားကျရတဲ့အထိပဲ… ကျူပ်စိတ်ဓါတ်က အစွန်းရောက်ချင်ရောက်မယ်.. ဒါပေမယ့် ဒီအစွန်းရောက်ခြင်းက ဘယ်လူကောင်းကိုမှ မထိခိုက်ဘူး… အမှန်အတွက် အစွန်းေ၇ာက်ရုံမကလို့ မခံချင်စိတ်ကြောင့် ပြုတ်ပဲကျကျ အေးဆေးပါ… အတော်ကိုအားယားပြီး အွန်လိုင်းပေါ်မှာ လိုက်ထောက်လှမ်းနေကြတယ်…. ဗိုင်းရပ်စ်ပဲရမယ်.. ကျန်တာတော့ မရဘူး… ထောက်လှမ်းနေသူတွေကို အထင်မသေးပါဘူး ဖင်ဆေးတဲ့ခွက်လောက်ပဲ သဘောထားပါတယ်.. ( ရိုင်းသွား၇င်ကန်တော့ပါ။ လင်းလက်က သူတို့နဲ့ပတ်သတ် မယဉ်ကျေးချင်ဘူး ရွံလွန်းလို့ )

ကျူပ်ဘယ်သူလည်း ရှင်တို့သိလည်း ကျေနပ်မနေကြနဲ့.. အတုကို မိမှာတော့ မသိဘူး.. အစစ်ဖြစ်ခဲ့ရင်လည်း ဂရုစိုက်ရမယ့် မိန်းမထဲ မပါဘူး…. ထောက်လှမ်းရေးနယ်မြေထဲ ၂နှစ်တောင်နေခဲ့ဖူးလို့ ဒီအထာတွေကျွမ်းနေသလို ဘယ်လိုလှည့်ပတ်တတ်ရမလည်းဆိုတာလည်း နောကျနေပြီ… နောက်တယောက်က လာသေးတယ်.. ရန်ကုန်ပြန်လာ သတ်ပစ်မယ်တဲ့.. တစ်ခုပဲပြောလိုက်အုန်းမယ်.. အဲဒီ စစ်အာဏာရှင်ရှိနေသမျှ လာကို မလာဘူးမှတ်…. ဆွဲစိချင်ရင် ကျူပ် ဘယ်နိုင်ငံကို ဆက်ရောက်နေလည်းပဲ အရင်စုံစမ်းလိုက်အုန်းနော်.. လာပြီး ဂျီတော့ခ်မှာ ခွေးလို လာမဟောင်နဲ့.. ဘလောက်လုပ်လည်း နောက်တစ်ခုနဲ့လာကပ်မနေနဲ့ .. ဒါမျိုးတွေ ရိုးနေပြီ…. ကဲဒီနေ့ဒီလောက်ပဲ ပြောလိုက်အုန်းမယ်..

13 Comments so far
Leave a comment

ညီမလေး ဂျူး …
စိတ်ဓာတ်ကို ချီးကျူးပါတယ် …
ဆက်ရေးပါအုံးနော် …

မမ

Comment by Anonymous

ပြက်ပြက်သက်သက်ကို မိုက်တယ်။

Comment by Anonymous

အစ်ကိုတို့ တိုင်းပြည်ကိုပြန်တည်ဆောက်တဲ့ အချိန်ကြရင် ညီမလိုလူမျိုးတွေ အများကြီးလိုပါတယ်။
ရှိလည်းရှိကြပါတယ်။အများကြီးဘဲ။ ပါးစပ်ကနေသာထုတ်မပြောရင်နေမယ်။
လူသန်း ၅၀ နဲ့  အာဏာရှင်တစ်စုလေး ဘယ်လောက်ထိ ခံမှာလဲ။
မလိုတမာပြောသူတွေ တကယ်တမ်းတိုင်းပြည်လူ့ အခွင့်ရေး ရရင် ဒီမိုကရေစီဆိုတာ ငါတို့ အတွက်
လည်း အကျိုးရှိပါလားဆိုတာ သဘောပေါက်သွားပါလိမ့် မယ်။ အဲ သူတို့ သာလူဆန်ရင်တော့  ညီမ ကို
ရိုင်းခဲ့သမျှတောင်းပန်လိမ့်မယ်။

Comment by seinmyoutmyout

အမ အဲလိုရေးနိုင်တာကို အရမ်းအားကျတယ်
နောက်ထပ်ရေးမယ့်ဟာတွေလည်း မျှော်နေတယ်နော်

Comment by thet

အနှစ်တွေပါပဲ။
ဆက်ရေးပါလို့မေတ္တာရပ်ခံပါတယ်ဗျာ။

Comment by Anonymous

I’d be glad if I have half your courage and half your selflessness. Our country is in the shit hole because of selfish cowards (including me). Shame shame shame!

Comment by Anonymous

Dear Sister,
Please continue writing, I totally agree with you. After all This is the truth we all can’t deny!

Comment by Shinmin

Dear friend,

Great job! keep go on.although we are living in different country (Shan State & Burma)but we have the same enemy.

We can join hand-in-hand fighting for our freedom as the saying:”Diverse Partners Common Goal”.

Welcome to my website:
http://shanstatenews.googlepages.com/

Comment by Shan's Chinese

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: