Filed under: Shameless Groups

စံချိန်တင်လောက်အောင်ပြိုင်ဘက်ကင်းမဲ့စွာ အလိမ်ဘုရင်ကြီး စစ်အာဏာရှင်အစိုးရက မြန်မာနိုင်ငံတွင် နိုင်ငံရေးပြစ်မှုဖြင့် ဖမ်းဆီးထားသူ တစ်ယောက်တစ်လေမှ မရှိဟု အတိအလင်း ၀န်ခံလိုက်သည်တဲ့။ ကဲ ရီလိုက်ကြရအောင် မိတ်ဆွေတို့ရေ။ ဗြဲ ဟဲဟဲ။ နိုင်ငံတော် တည်ငြိမ်ရေးကို နှောင့်ယှက်သော လူမျိုးကိုသာ ဖမ်းဆီးခြင်းဖြစ်သည်တဲ့။ ကဲ ထပ်ရီလိုက်ကြရအောင် ခွိးခွိးခွိး။ မြန်မာ့အလင်းသတင်းစာမှာ သေသေချာချာကို ရှင်းလင်းချက်ထုတ်ပြီး ပြောထားသည်တဲ့။ ထပ်ရီလိုက်မယ်။ ဟားဟားဟား။ ရှေ့ကလိမ် နောက်ကပေါ် အကုန်လုံးမြင်နေရပါတယ် စစ်အာဏာရှင်ရယ်။ မြန်မာနိုင်ငံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ဖမ်းဆီးထားတာ မဖမ်းပါဘူးလို့ ဗြောင်လိမ်ထားတာ စစ်အာဏာရှင်တစ်စုပဲ ရူးနေသလား။ တကမ္ဘာလုံးက လူတွေပဲရူးနေသလား။ သေချာတာတော့ ငါတို့မရူးဘူး။ သူတို့ပဲရူးနေတာပါနော်။ လိမ်ပါများလို့ သူတို့မျက်နှာတွေတောင် အတော်ကောက်လိမ်နေတယ်။ မယုံရင် သေချာကြည့်လိုက်နော်။ မောင်အေးက အောက်ဘက်ကကောက်လိမ်နေပြီး သန်းရွှေက ထောင့်ဘက်မှာ လိမ်နေတယ်။ မြန်မာပြည်မှာ လူတစ်ယောက်ကို ဖမ်းတာများ ဘယ်လောက်လွယ်သလည်းဆို၇င် ဘုရားစင်ပေါ်မှာ အမေရိကန်ဒေါ်လာ ၁၀ပြားတွေ့လို့တဲ့။ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနဲ့ဖမ်းတယ်ဆိုပဲ။ တစ်သက်တစ်ခါ တစ်ကိုယ်နဲ့တစ်နား ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဥပဒေပါနော်။ ဂုဏ်ယူလိုက်ကြစမ်းပါ။ မြန်မာပြည်ရဲ့ အကျဉ်းထောင်များ ဘယ်လောက်မိုက်သလည်းဆို တစ်နေ့ရေ၂ခွက်ပဲချိုးရတယ်ဆိုပဲ။ အကုန်လုံး ၀ဲတွေပေါက်နေပြီလားတောင်မသိဘူး။ ထောင်ဝင်စာတွေကိုလည်း ပိတ်ပင်ထားပြီး အာဟာရချို့တဲ့မှုကြောင့် အကျဉ်းသားတွေ ‘ဒုက္ခရောက်နေတယ်ဆိုတော့ ရင်ထဲမှာ ကိုယ်ချင်းစာ သနားစိတ်များနှင့်အတူ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။ စစ်အာဏာရှင်အပါအ၀င် ယုတ်မာသူအားလုံးကတော့ သေ၇င် ဘ၀ပေါင်း၅၀၀ ပြိတ္တာဖြစ်မှာတော့ မြင်ယောင်မိပါတယ်။ ကုလားကို ပြေးနမ်းလိုက် ၊ တရုပ်ကိုပြေးဖက်လိုက်နဲ့ ဟိုဟာကိုလိမ် ဒီဟာကို ဗြောင်ငြင်းနေတဲ့ စစ်အာဏာရှင်ကို ကမ္ဘာအလိမ်အညာ နိုဘယ်ဆုပေးထိုက်ပါတယ်။
2 Comments so far
Leave a comment
ပို့စ်အသစ်တွေ့တာ ဝမ်းသာရပါတယ်။
Comment by TZA September 11, 2006 @ 3:10 pmဒီနေ့ညနေမှ လင်းလက်ဆီကိုစာရေးပေးလိုက်သေးတယ်၊ တခုခုများဖြစ်နေမလားလို့တောင် စိတ်ပူပါတယ်။
အမြဲစောင့်ဖတ်နေမှာပါ။
ဥပမာပေးတာ နဲနဲလိုနေလို့…
Comment by Anonymous September 16, 2006 @ 2:42 pmအမေရိကန်ဒေါ်လာ ၁၀ပြားပြည်သူတွေမှာဘယ်ရှိပါ့မလဲဗျာ.. စားဖို့တောင် အနိုင်နိုင်.. ရှိရင် သူတို့ကို ရောင်းလိုက်ရမှာပေါ့…
ပြောရရင်ဖမ်းချင်ရင်.. ရေဒီယိုရှိတာနဲ့ဖမ်းလို့ရတယ်.. အင်တင်နာရှိတာနဲ့ဖမ်းလို့ရတယ်.. စာရွက်နဲ့ ခဲတံရှိတာနဲ့ဖမ်းလို့ရတယ်.. တော်သေးပြီဗျာ..
ဖမ်းလို့မရတဲ့သူ တစ်ယောက်လောက်များရှိရင် အဲ့ဒီ့သူဟာ ဖမ်းမဲ့သူဘဲဖြစ်မှာဘဲ.. ဟုတ်တယ်နော်.. ဘဘကြီးလေ..