ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ရင်ဘတ်ထဲကစကားစုများ
September 26, 2006, 7:42 am
Filed under: My Opinion

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

တာဝန်ဆိုတာ ဘာအတွက်လည်း.. လူဘောင်လောကမှာ လူတိုင်းထမ်းရွက်ရမည့် တာဝန်ကိုယ်စီ တည်ရှိကြတယ်.. မိသားစုအတွက် ၊ မိမိဘ၀အတွက် ၊ မိမိနိုင်ငံအတွက်ဆိုပြီး အခြေအနေ ၃ရပ်ရှိပါတယ်. မိတ်ဆွေ သင်မည်သည့်အရာကို မည်မျှထမ်းပိုးခဲ့ပြီးပြီလည်း.. ကျူပ်ကိုယ်တိုင်လည်း ပြန်ပြန်စဉ်းစားပြီး အမြဲသုံးသပ်လေ့ရှိပါတယ်. မိမိက မိမိတာဝန်ကိုကျေပွန်အောင် မထမ်းဆောင်နိုင်သည့်အပြင် သူတပါး ထမ်းဆောင်နေသော တာဝန်တွေကိုထိပါးနှောင့်ယှက်မည်ဆိုလျင် အဘယ်သို့သော လူတန်းစားအဆင့်ထိ ရောက်နေပြီလည်းဆိုတာ ပြန်လည်ဝေဖန်သုံးသပ်ပါ… အရေးတော်ပုံမှာ အသက်ကြီး အသက်ငယ် မခွဲခြားထားပါ.. အသက်ကြီးပြီး ရင့်ကျက်တည်ငြိမ်သလို ရဲရင့်သတ္တိရှိသော လူကြီးများကို ကျွန်မဘ၀မှာ တွေ့ဆုံဖူးသလို လေးစားခဲ့ရပါတယ်… အသက်တော့ ၃၅နီးနေခဲ့ပြီ.. မိမိမထမ်းနိုင်သော တာဝန်ကို တခြားလူငယ်တွေ ထမ်းရွက်နေလျင်လည်း ဆုံးမသြ၀ါဒပေးသလိုလိုနှင့် ရှုံ့ချနေသော လုပ်ရပ်တွေကိုလည်း တွေ့ကြုံနေရပါတယ်… အမှန်တရားနှင့် ယုံကြည်ချက်ကိုလှမ်းသောနေရာမှာ အသက်အရွယ် ပိုင်းခြား မသတ်မှတ်ထားပါ.. လူအခွင့်အရေးနှင့် တရားမျှတသောဥပဒေများဖြင့် စိုးမိုးခြယ်လှယ်ထားသော နိုင်ငံဖြစ်ဖို့အတွက် မြန်မာလူမျိုးတစ်ဦးတစ်ယောက်စီကနေ တစ်ရာ တစ်သောင်း တစ်သိန်း တစ်သန်း အားလုံး ကိုယ်စီစိတ်ကူးအတွေးများဖြင့် လျှောက်လှမ်းရင်ဆိုင်ကြိုးစားရမှာပါ… အာဏာရှင်စီကနေ ဒူးထောက်တောင်းပန်လို့လည်း မရပါဘူး… ကမ္ဘာ့ကုလသမဂ္ဂက ကြိုးပမ်းမှုအပါအ၀င် မြန်မာလူမျိုးများအားလုံး သွေးစည်းကြိုးပမ်းမှုလည်း လိုအပ်ပါတယ်.. တကယ်ယုံယုံကြည်ကြည်နဲ့ ကြိုးစားသူအရေအတွက်က သတ္တိကြောင်နေသူတွေလောက် မများဘူးဖြစ်နေတဲ့အခြေအနေပါ… မြန်မာတစ်ချို့ရဲ့ အကျင့်တွေက ကိုယ်နဲ့မဆိုင်ရင်ပစ်ထားပြီး မိမိလုပ်ခဲ့တဲ့အရာကို ခံနိုင်ရည်မရှိကြခြင်းပါ.. မလုပ်လို့မဖြစ်ရာကနေ ဘယ်တော့မှလည်း ဖြစ်လာမှာမဟုတ်ပါဘူး… လူမျိုးရေးစိတ်ဓါတ်လည်းမရှိ ၊ ကိုယ်ရောက်နေတဲ့ နိုင်ငံအပေါ် ဂုဏ်ယူပြီး လက်မထောင်ကြွားနေသူများနဲ့ ကျွန်မစကားပြောတိုင်း အပြုံးတစ်ချက်ပဲပေးဖြစ်တယ်.. မလိုအပ်ရင် လေကုန်ခံပြီး ပြိုင်မပြောချင်ဘူး.. လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးကြတယ်… အဲဒီသမိုင်းက ကောင်းသော သမိုင်းဖြစ်ဖို့လိုအပ်တယ်… မကောင်းတဲ့သမိုင်းကို မိမိလက်နဲ့ရေးခဲ့မိပြီဆို၇င်တော့ ဘယ်လိုများ ပြန်လည် တည်ဆောက်ကြမှာလည်း… ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းနေကြချိန်မှာ လမ်းမမှားဖို့လည်း လိုပါတယ်.. မာရ်နတ်ကို ဆရာတင်ပြီး ကိုယ့်ယုံကြည်ချက်ကို ရှေ့ဆက်ကြမှာလား.. မြတ်စွာဘုရားကိုပဲ ဦးခိုက်ရှေ့ဆက်မှာလားဆိုတာ မိမိစဉ်းစားမှုပေါ်ပဲမူတည်ပါတယ်… ရမလား ဖြစ်လာမလားဆိုပြီး ပစ်ထားနေခဲ့တာ ကျွန်မတသက်ရှိနေခဲ့ပါပြီ.. အချိန်အခါသည် ဆင်နွှဲဖို့နီးကပ်ခဲ့ပြီ.. တကယ်တော့ စာပေဆိုတာ စိတ်ဓါတ်အင်အားနဲ့ စဉ်းစားသုံးသပ်ဖို့အတွက် ဖြည့်ဆည်းပေးသောအရာတစ်ခုပါ.. အဲဒီ စာပေပိုင်းမှာ ကျွန်မက သိပ်ဝါသနာပါတဲ့အတွက် ဒီစာတွေရေးခဲ့တယ်.. ကျွန်မအသက်အရွယ်ကို တစ်ချို့က အရင်ကြည့်ပြီး ကျွန်မစာတွေဖတ်တဲ့အခါမှာ ကောင်းတဲ့ဘက်ကမတွေးဘဲ မကောင်းသောဘက်က တွေးယူကြတယ်.. ဥပမာ ကျွန်မက ကလေးလိုမနေဘဲ ၀င်ရှည်တယ်တို့ ၊ ကျွန်မက ဘ၀င်မြင့်တယ်တို့ လျှောက်တွေးကြတယ်.. ကိုယ်ယုံကြည်ရာကို ရဲရဲလှမ်းနေတဲ့အချိန်မှာ ဒါတွေကို လိုက်ရှင်းဖို့မလိုသလို အချိန်မရပါဘူး… ကျွန်မတို့လို လူငယ်တွေကမှ ဒီအရေးကို စိတ်မ၀င်စားဘဲ ပစ်ထားခဲ့မိရင် တိုင်းပြည်က ဘယ်အချိန်ထိ ဇောက်ထိုးဖြစ်နေမှာလည်း.. အနာဂတ်ဆိုတာ လူကြီးတွေနဲ့လူငယ် လမ်းခင်းပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်. ဒါကို တစ်ချို့က မမြင်ကြပါဘူး.. ကျွန်မက နအဖရဲ့အဆင့်အတန်းကို သူနဲ့ထိုက်တန်တဲ့ စကားလုံးတွေနဲ့သာ ရေးပေးခဲ့တယ်.. ဘုန်းကြီးကိုမြင်ရင် ရှိခိုးမယ်. လူကိုမြင်၇င်လူလိုပြောရမှာပါ… ဒီလိုပဲ လူတစ်ယောက်ရဲ့ အကျင့်သိက္ခာနဲ့တန်သော စကားလုံးကိုသာ ရေးပေးခဲ့တယ်ဆိုတာကို မိတ်ဆွေတို့နားလည်မယ်လို့ထင်ပါတယ်..


2 Comments so far
Leave a comment

အသက်ကြီးပြီး အမသိတက်ဘူးဆိုတဲ့ စကားနဲ့အညီ ငါသာလျှင်ဘုရင် ငါသာလျှင် သခင်ဟု ကျုံးဝါးနေပြီး ငယ်ရွယ်သူတစ်ယောက်၏ လုပ်ရပ်ကို မှန်လျှင်မှန်လျှက်နဲ့ သူဟာ ကလေးပဲဆိုပြီး လေးစားမမှုမရှိခြင်းနဲ့ လှစ်လျူရူခြင်းဟာ မြင့်မြတ်သူ၊ စာတက်သူတွေရဲ့ လုပ်ရပ်မဟုတ်ပဲ အောက်တန်းကျသော လုပ်ရပ်မျိုးသာဖြစ်သည်။

Comment by Thet Naing

Keep it up Lin Let.

Although you are young, we know you are strong. There is nothing stronger than truth and belief. They are with you. And we are with you.

Comment by Kyal




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: