ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


အမှန်ကိုသေးထွက်အောင်ကြောက်သူ
September 28, 2006, 9:54 am
Filed under: Shameless Groups

™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

အကယ်သာဆိုသော အမေစု ဘာသာပြန်ခဲ့သောကဗျာကို ကျွန်မက ကြိုက်တယ်ဆိုတာထက် သိပ်သိပ်ကိုမြတ်နိုးတဲ့အတွက် ကျွန်မဂျီမေးလ်အကောင့်ထဲမှရှိသောသူများ ၊ ၀င်ထားသော ရာဟူးအပါအ၀င် ဂရုများအားလုံး ၊ နောက် ဆိုဒ်တော်တော်များများမှာသွားတင်ပေးပါတယ်.. ကိုသက်နိုင်စီကတဆင့်ရလိုက်တဲ့အတွက် မောင်လေးသက်နိုင်ကိုလည်း အတိုင်းမသိကျေးဇူးတင်မိပါတယ်… အကိုစိန်မျောက်မျောက်ကို လူတစ်ယောက်ကအဲဒီကဗျာဖတ်ပြီး ပြန်ပို့လိုက်တယ်ဆိုသော စာကြောင်းကိုဖတ်ပြီး အတော်ရီမိပါတယ်.. တဖြေးဖြေးနဲ့ နအဖကမွေးထုတ်လိုက်တဲ့လူတွေက အချစ်မရှိ ၊ သံယောဇဉ်မရှီ ၊ စာနာခြင်းမရှိ ၊ အမှန်တရားမသိ ၊ ဘာဆိုဘာမှမသိ ခိုင်းတာလုပ် ကျွေးတာစား ဒါလုပ်ဆိုလုပ် စောက်သုံးမကျတာတွေ ဖြစ်နေပြီ… အမှန်ကိုပြော၇င် ခွေးတွေက နားမလည်ဘူးဆိုတာ အမှန်ပဲ.. တစ်ချို့လူတွေက ရီရတယ်.. လူဘာသာကို နားမလည်ဘူးရှင့်.. လူလိုပြောရင် သူတို့က ကပ်သီးကပ်ဖဲ့လုပ်နေတယ်.. တကယ်တော့ သူတို့က အမှန်တရားကို ရင်မဆိုင်ရဲတော့ သွေးရူးသွေးတန်းပြေးနေကြတာ… အကိုစိန်မျောက်မျောက်ပြောသလို တင်းတင်းတင်းတင်းပါပဲ… အကိုစိန်မျောက်မျောက်ကိုပြန်လာတဲ့စကားကတော့

အကယ်၍

မင်သာ ဒီအရာအားလုံးကို လိုက်နာနိုင်မယ်ဆိုရင် … မင်းဟာလူမဖြစ်နိုင်ဘူး …

လို့ပြောတယ်ဆိုပဲ.. အကိုပြန်ပြောတဲ့စကားကလည်း တကယ်ကောင်းပါတယ်..

အကယ်၍
ငါတို့ ဗမာတွေသာ အဲဒီကဗျာထဲက နည်းနည်းပါးပါးသာလိုက်နာမယ်ဆိုရင် ခွေးတွေအုပ်ချူပ်တာလည်းခံစရာမလိုဘူး။
ငါတို့ တွေလည်း ဝက်စုတ်လေးတွေဖြစ်စရာမလိုဘူး။
နွားချီး တွေလို သူများအလည်မှာလည်း ရှုံ့ တွ ရှုံ့ တွ မျက်နှာငယ်စရာလည်းမလိုဘူး။

လင်းကလည်း သောက်မြင်ကပ်ကပ်နဲ့ တစ်ခွန်းပြောလိုက်ပါအုန်းမယ်

အကယ် တို့လူမျိုးတွေသာ အဲဒီကဗျာလို တစ်ဝက်လောက် ကျင့်သုံးနိုင်ခဲ့ရင် မြန်မာပြည်က အာဏာရူးနေတဲ့ ခွေးသူတောင်းစားတွေတက်အုပ်ချုပ်ဖို့မလိုသလို ပြည်သူပြည်သားတွေလည်း ပိန်လိန်နေတဲ့ ကြွက်စုတ်ကြွက်နာတွေ မဖြစ်ခဲ့ဘူး…

ကဲ ချောင်ကွယ်ကနေ သူများလုပ်ရပ်ကို မေးလ်နဲ့ပြောသူရေ ရှင့်လုပ်ရပ်က ရှင့်အဆင့်ကိုဖော်ပြနေပါတယ်.. သူများလုပ်ရပ်ကို မကြိုက်ရင် ကိုယ်ကရော ဘယ်လောက်ကောင်းနေသလည်း ပြန်စဉ်းစားအုန်းနော်…. ကဗျာတစ်ခုကိုတောင် ဆတ်ဆတ်ခါနာနေတယ်ဆိုတော့ တကယ့်အမှန်တရားကို ဘယ်လောက် သေးထွက်အောင် ကြောက်နေလည်းတွေးကြည့်ရုံနဲ့တင်သိပါတယ်… ဒီလောက်ဆိုသဘောပေါက်…

( ရိုင်းတာမဟုတ်ပါ တန်ရာတန်ရာဖော်ပြခြင်းပါရှင်)


2 Comments so far
Leave a comment

တချို့ လူတွေ ကျွန်တော်တို့ ပြောတာ ကို အရမ်းရိုင်းတယ်ထင်မှာဘဲ။ အမှန်က အရမ်းခံပြင်းလို့  ။ ကျွန်တော်နေ တဲ့နေရာ မှာ တချို့ ဗမာတွေ ဟာ တကယ်ဘဲ သနားဖို့ ကောင်းပါတယ်။ ကျွန်တော့်အသိ အန်တီ ကြီးတစ်ယောက်ဆိုရင် ကျွန်တော့်အမေ နဲ့ သိပ်မကွာဘူး။ သူ့မှာ အလုပ်ကြမ်းလုပ်ရတုန်း။ ဂျပန်လူမျိုး စာမတတ်သူတွေလည်း အလုပ်ကြမ်းလုပ်ကြပါတယ်။ ဒါပေမယ့် ရရှိခံစားရတဲ့ အခွင့်အရေးကြတော့ ကွာသွားတာပေါ့။ မျက်နှာငယ်ငယ်နဲ့ ရုန်းကန်နေရတဲ့ ဗမာတွေကို မြင်တိုင်းလုံးဝစိတ်မကောင်း သလို၊ အပေါ်စီးကနေ အမေကျော်ဒွေးတော်လွမ်းတာခံပေါ့ လို့ ပြောနိုင်ကြတဲ့
တကယ့် အမျိုးသားသစ္စာဖောက်တွေ ပြောသံကြားရရင် ဆတ်ဆတ်တုန်အောင်နာတယ်။ သူတို့ ကပြောနိုင်ကျတယ်လေ။ အခြားသောနင်းပြားဗမာတွေရဲ့ ဘဝ ဆိုတာ ဘာမှန်းမှမသိကြတာ။ ပြီးတော့ တကယ့် ခေါင်းဆောင်တွေကို လည်းအားမနာလျှာမကြိုး စော်ကားချင်ကြတယ်။ အန်တီစုရှိရင် ဒီလိုမတုံ့ပြန်ဖို့ တော့ ပြောမှာဘဲ။ ဒါပေမယ့် ခံစားရတာများတော့ စိတ်မထိန်းနိုင်တော့ဘူး။ အကယ်၍ ဗမာပြည် တောနေ လူတန်းစားတို့ ၊ရပ်ကွက်ထဲမှာ ကွန်ပြူတာမသုံးနိုင်၊ မီးပြတ်လို့  အပြင်မှာ ယတ်လေးခတ်ပြီး တနေ့ စာအမောတွေကို သက်ပြင်းချ ကြိတ်မှိတ်နေရတဲ့ လူတွေ ဆိုရင်လည်း ဒီလိုစကားတွေဘဲထွက်မှာဘဲ။ အခွင့်မသာလို့ ၊ပြောခွင့်မရလို့ ငြိမ်နေရတာ။ ဒါပေမယ့် ……..

Comment by seinmyoutmyout

I cannot see what are written there..

All become square ones.. ??

Comment by Ka Daung Nyin Thar




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: