ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


တို့အားလုံးခံယူချက်ကိုဖယ်ရှားမရ သွေးရူးသွေးတန်းနအဖ
October 5, 2006, 5:02 am
Filed under: Shameless Groups

.. ညောင်နှစ်ပင်စခန်းကို မိုးကြိုးပစ်လိုက်တာ နည်းတောင်နည်းပါသေးတယ်… ကောင်းကင်က နတ်ကောင်းနတ်မြတ်တွေတောင် လူယုတ်မာအုပ်စုကို လှမ်းသတိပေးနေပြီပဲ… ခန်းမကိုများ ပစ်ရတယ်လို့ရှင်.. ပစ်ချင်ပစ် အဲဒီအာဏာရူးနေသော အဘိုးကြီးတွေခေါင်းကို အကြိမ်၁၀၀မက ခွင်းထည့်လိုက်ပါလား… ကြည့်ရတာ နတ်ကောင်းနတ်မြတ်တွေက သူတို့ကို မိုးကြိုးပစ်လိုက်၇င် တခါတည်းသေသွားမှာစိုးလို့ မပစ်ဘဲ တမျှမျှခြင်းသတ်မယ်ထင်ပါရဲ့…. လုံခြုံရေးကောင်စီက မြန်မာပြည်အရေးဆွေးနွေးမယ့်ကိစ္စကို ဟိုအဖွဲ့ကို ဆန့်ကျင်ခိုင်းလိုက် ဒီအဖွဲ့ကို ဆန့်ကျင်ခိုင်းလိုက် သွေးရူးသွေးတန်းဖြစ်နေသော ဘဘကြီးတို့ကိုကြည့်ပြီး တရားကျမိပါတယ်… အမေစုအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့အတွက် ပြည်သူလူထုက ဆန္ဒပြတောင်းဆိုချက်စာများမှာ လက်မှတ်ရေးထိုးပြီး မြို့နယ်အသီးသီးကနေ ကြိုးပမ်းဆောင်ရွက်နေတာကို လေးစားဂုဏ်ယူမိပါတယ်.. ဒါပေမယ့် အာဏာရူးပြီး တဘို့တည်းကြည့်တဲ့ ဘဘကြီးတို့က ဒီစာရွက်တွေကို ဘယ်ကြားမှတောင်ညှပ်မှာမဟုတ်ပါဘူး… စစ်တပ်ဆိုတာ နိုင်ငံတော်အုပ်ချုပ်ရေးနဲ့ ကင်းကင်းနေသင့်တယ်ဆိုတာ လွန်ခဲ့တဲ့ ၁၈နှစ်ကျော် ကျမလူမဖြစ်ခင်အချိန်ကတည်းက ဘဘတို့အားလုံး နားလည်သဘောပေါက်သင့်ပါတယ်.. အေးလေ အာဏာပဲကြည့်ပြီး စာမတတ်တဲ့အကောင်တွေဆိုတော့လည်း ဘယ်နားလည်မှာလည်း … အပေါ်ကလူကြီးတွေက ရှေ့ကကမ်းကုန်အောင်မိုက်ပြ.. အနောက်က ဦးနှောက်မရှိတဲ့ တပ်သားတွေက စည်းစိမ်လေးနည်းနည်းရတာနဲ့ ရေအိုင်ထဲကဖား သူ့ရေအိုင်ကို သမုဒ္ဒယာလောက် ထင်ပြီးမြောက်နေတဲ့အကောင်တွေ ပိုပိုများနေပါတယ်… တပ်မတော်ထဲကနေ တကယ့်ကို နိုင်ငံတော်အေးချမ်းသာယာပြီး လူ့အခွင့်အရေး တရားမျှတမှုတွေကို လိုလားသူအေ၇အတွက်ရှိပေမယ့် နည်းပါးပါတယ်.. အများစုက မုဆိုးနားနီးမုဆိုး တံငါနားနီးတံငါတွေဖြစ်နေကြတော့ ယေဘုယျကိုခြုံပြီး ကျမပြောတာ လွန်တယ်လို့လာမပြောနဲ့…

လွန်ခဲ့တဲ့ရက်ပိုင်းလောက်က စစ်တပ်ထဲမှာ အမှိုက်ကျုံးတဲ့အဆင့်သာသာလောက်ရှိတဲ့ တစ်ချိန်တုန်းက ကျမဘလော့ခ်ကို ခြိမ်းခြောက်ခဲ့ဖူးသော အားလုံးသိတဲ့ ငမိုက်သားတကောင်မေးတဲ့မေးခွန်းကို အဲဒီအချိန်တုန်းက မတန်လို့ပြန်မဖြေခဲ့ပေမယ့် အခုဖြေလိုက်မယ်.. ကဲ သေချာကြည့်ပေတော့ ကိုယ့်လူ..

သူမေးတဲ့မေးခွန်းက `ငါတို့အဆင့်ကိုသတ်မှတ်ပြောဆိုနေရအောင် မင်းတို့အဆင့်တွေက ဘာမို့လို့လည်း´တဲ့…. အိုကေ အဖြေကိုပြူးပြဲနေအောင်ကြည့်… လူတစ်ယောက်အဆင့်ဆိုတာ ဝေဖန်သုံးသပ်နိုင်သော ဦးနှောက်ရှိခြင်း ၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း ၊ အများပြည်သူလူထု ခွေးဖြစ်အောင် မကျင့်ကြံသောသိက္ခာရှိခြင်း ၊ မိမိဘ၀ကို ကောင်းမွန်အောင်ကြိုးစားခြင်း ၊ ယုံကြည်ခြင်းအတွက် နောက်မဆုတ်ခြင်းစတဲ့ အရည်အချင်းတွေနဲ့ကိုက်ညီနေမှ အဆင့်ရှီတယ်လို့ခေါ်တယ်… စစ်သားဆိုကတည်းက ရွံလွန်းလို့ ရေတောင်စစ်မသောက်ဘူးနော်မှတ်ထား… အခု အွန်လိုင်းပေါ်မှာ ပထွေးပေးတဲ့ အင်တာနက်သုံးပြီး ဟောင်နေတဲ့စစ်ခွေးတွေကို ကျမက ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့တာ မလိုအပ်တဲ့အတွက်ပါပဲ …. ကိုယ်လိုချင်တာကို ရောက်အောင်သွားနေတဲ့နေရာမှာ ဘေးကမလိုအပ်တာတွေကို လှည့်မကြည့်တော့ဘူး.. ဒါကို သိပ်ပြီးယောက်ျားဆန်ဆန်လေး တုံ့ပြန်ချက်ကတော့ ချတ်ရွန်းတွေမှာ ကျမနာမည်နဲ့တနေကုန် ထိုင်ဆဲတော့တာပဲ.. အဲလိုဆဲလည်း ကျမက ယောင်လို့တောင်ပြန်မပြောတော့ ဘလော့ခ်စီဗောက်စ်ထိ တက်ပြောတယ်.. နအဖရဲ့ မျိုးဆက်သစ်လေးတွေ ယဉ်ကျေးလိုက်ပုံများ လက်ဖျားကခါရတယ်… သေနတ်မိုးပေါ်ထောင်ပစ်သောလူစားတွေထဲမှာ သတ္တိဆိုတာ ဘယ်နားကရှာထုတ်ရမလည်းတောင် မသိပါဘူး.. ဦးမင်းကိုနိုင် ၊ ဦးကိုကိုကြီးတို့ကို လာခေါ်သွားပြီး အကြောင်းပြချက်မရှိဘဲ ပြန်လည်ထိန်းသိမ်းထားတဲ့ သူတို့မှာ မွေးကတည်းက ချက်ကြောနဲ့ရှက်ကြောမှားဖြတ်မိကြတယ်ထင်ပါတယ်… ငြိမ်းချမ်းရေးနဲ့ ဖြေရှင်းနေတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေကို အမှုမရှိဘဲ ဖမ်းဆီးချုပ်နှောင်ခဲ့တာတွေကို လူမျိုးခြားတွေကိုပြောပြရင် ပုံပြင်လို့စွပ်စွဲကြမှာပဲ.. ဘယ်သူ့သွားပြောပြော မယုံနိုင်တဲ့ဇတ်လမ်းတွေက မြန်မာပြည်မှာရှိနေခဲ့တယ်လေ.. ခေါင်းမာပြီးကမ်းကုန်အောင်ယုတ်မာခဲ့တဲ့ စစ်အာဏာရှင်တစ်စုနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကလူထုကြိုးပမ်းမှု ဘယ်သူက အနိုင်ရမှာလည်းဆိုတာ ကလေးသွားမေးတောင်သိတယ်.. စင်ပေါ်ရောက်နေတုန်းမှာ ကလိုက်အုန်းပေါ့ အာဏာရှင်တို့ရေ. ပိုးလက်ပက်လက်ပြန်ပြုတ်ကျချိန်ရောက်မှ ပက်ပက်စက်စက်သေမှာတော့ ကြိုမသိသေးဘူးထင်ပါရဲ့… မြန်မာပြည်သူလူထုတွေ သွေးမစည်းဘူး ဒီအရေးတော်ပုံကြီးမဖြစ်ပါဘူးဆိုပြီး လှောင်ပြောင်နေတဲ့ စစ်တပ်ကလူတွေကိုတော့ အားရအောင် ရီထားလို့ အရင်ဆုံးပြောပါစေနော်…. နအဖကဖျက်ဆီးခဲ့လို့ စိတ်ဓါတ်တွေ စာရိတ္တပိုင်းတော်တော်များများ ပျက်ဆီးနေပေမယ့် ၀ုန်းခနဲမီးထတောက်တဲ့အချိန်မှာ တကယ့်အမှန်တရားဘက်က လူထုဘယ်လောက် ရပ်တည်မလည်းဆိုတာ ထမင်းစားပြီး စာတတ်သူဆို တန်းခနဲပြေးမြင်မှာပါ…. ဘာစားသူတွေတော့ ဘာမြင်မှာလည်း စဉ်းစားပေါ့နော်…. စင်ပေါ်ကပြုတ်ကျချိန်နီးနေချိန်မှာ ဘုရားတဖို့ပြင်လိုက်တော့ အာဏာရှင် အဖွဲ့အစည်းရေ…. တို့တွေရင်ထဲက ခံယူချက်နဲ့ယုံကြည်ချက်ကိုတော့ ဘယ်တော့မှဖယ်ရှားနိုင်လိမ့်မယ် မထင်ပါနဲ့…..


3 Comments so far
Leave a comment

ဟုတ်ပ။ ကျွန်တော်တို့ ရဲ့ ခံယူချက်နဲ့ ယုံကြည်ချက်ကို သောက်သုံးတပြားမှ မကျတဲ့ နအဖ
နဲ သူတို့နောက်လိုက်တွေက ဘယ်တော့မှပြောင်းလို့ ရမှာမဟုတ်ဖူး။

Comment by seinmyoutmyout

ယုံကြည်ချက်ကိုယ်စီကြောင့်ပဲ ကျနော်တို့အားလုံး အသက်ရှင်နေကြတာ။ သူကိုင်ထားတဲ့ ဆိုင်းဘုတ်က စာတန်းလေးကို အတော်နှစ်သက်တယ်ဗျာ။

Comment by Thet Naing

ကျွန်တော်တို့  ဗမာတွေ အကုန် သူခိုး စိတ်ဓာတ်တွေ ၀င်ကုန်တာတော့ နှမြောတယ်ဗျာ။ ယုတ်ညံ့ တဲ့  စာရိတ်တ နဲ့  တိုင်းပြည်ကို နောက် နှစ်၂၀ မကြည့်ရဲဘူး။

Comment by Anonymous




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: