ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ကောင်းရာသုဂတိလားပါစေကိုသက်ဝင်းအောင်
October 17, 2006, 8:08 am
Filed under: News And Activities

နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်ဝင်းအောင် ကွယ်လွန်သွားခဲ့ပြီ.. တန်ဖိုးရှိသော လူကောင်းတစ်ယောက် တိုင်းပြည်အတွက် အသက်ကိုစွန့်လွှတ်ပြီး ဘ၀တစ်ပါးကိုပြောင်းသွားခဲ့ရပြီ.. သူတို့ခံစားခဲ့ရသော သောကဝေဒနာများ ၊ ညှဉ်းပန်းနှိပ်စက်မှုများအားလုံးမှ လွတ်ကျွတ်သွားပေပြီ.. တို့နိုင်ငံ အကျဉ်းစံအိမ်အကြောင်းကတော့ ပြောရ၇င် ပုံပြင်လိုပါပဲလေ.. သူများနိုင်ငံက အကျဉ်းထောင်ဆိုတာ သာမန်လူအခန်းထက် ၁၀ဆလောက်သာပါတယ်.. အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ ကိုသက်ဝင်းအောင်တစ်ယောက် ကောင်းရာသု၈တိလားပါစေ.. ကျန်းမာရေးတွေယိုယွင်းလာပေမယ့် ဆေးကုသခြင်း တစ်စက်တစ်လေမှမရှိတဲ့ ရက်စက်ယုတ်မာသော နအဖရဲ့ အကျဉ်းထောင်ထဲမှာ အသက်ကို ပေးလှူသွားတဲ့ လူတွေအတွက် ကောင်းရာဘုံက စောင့်ကြိုနေမှာပါ.. နအဖကိုတော့ တစ်နေ့ လက်တစ်ချောင်းဖြတ်ပြီး ကြိမ်ဒဏ်ပေးတောင် ဒီအကြွေးတွေကြေမှာမဟုတ်ပါဘူး…

စာတွေရေးချင်ပေမယ့် ဘလော့ခ်ကကြွနေတော့ မရေးဖြစ်ဘူး ဒီနေ့တော့ အတိုးချရေးတော့မယ်.. ရန်ကုန်က အဖြူရောင်လှုပ်ရှားမှုအတွက် လူထုက ၀မ်းသာအားရ ဖော်လိုလိုက်ကြတာသိရတာ အများကြီးဝမ်းသာပါတယ်.. လမ်းပေါ်မှာလည်း ဖြူဖြူ ၊ ဘယ်နေရာမဆို အကြမ်းမဖက်တဲ့ အဖြူရောင်လှုပ်ရှားမှုလေးတွေနဲ့ မိမိဆန္ဒကို ဖော်ထုတ်ပြခြင်းပေါ့.. အဖြူရောင်လှုပ်ရှားမှုများရဲ့လူထုဆန္ဒများနှင့်အတူ ပြည်သူလိုလားသော လူ့အခွင့်အရေးနေ့အတွက် အားလုံးစည်းလုံးကြပါစို့……..


2 Comments so far
Leave a comment

သနားပါတယ်ဗျာ။ ၃၄နှစ်ဆိုတာ ငယ်ငယ်လေးဗျ။ ကိုယ့်လူမျိုးချင်းချင်း အပြစ်မရှိဘဲ ထောင်ထဲတဲ့ ပြီါ် လုံးပါးပါး သွားစေတာ တကယ် စဉ်းစားကြည့်ရင် ကြောက်ဖို့ သိပ်ကောင်းတဲ့ အကုသိုလ်။

နောက်ထပ်နှစ် ၃၀-၄၀ လောက် နေနိုင်တဲ့ လူငယ် တစ်ယောက် မသေသင့်ဘဲ သေရရှာတယ်။

Comment by Myanmar Blues

I’m very sorry to know that we lost one of the precious students in the mandalay jail.

“Tu toh sit arr nar shin tway lal wutt lite kya mar par byar”.

mail4ourrights@gmail.com

Comment by Anonymous




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: