ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


အနှိုင်းမဲ့လူယုတ်မာကြီးများ
October 21, 2006, 7:11 pm
Filed under: Shameless Groups
ထူးမြတ်ဘလော့ခ်မှာ မိုက်ရိုင်းစွာ တက်ရောက်ဆဲဆိုနေကြတာတွေကို ကြည့်ပြီး အဲဒီလာဆဲနေသူတွေကို သနားမိတယ်.. တကယ်တော့ သူတို့ စုံလုံးကန်းသွားခဲ့ပြီပဲ.. လူရယ်လို့ဖြစ်လာရင် အမှား အမှန်ကို မခွဲခြားနိုင်သူလောက် သနားဖို့ကောင်းတာမရှိဘူး.. လူ့ပတ်ဝန်းကျင် အသိုင်းဝိုင်း ၊ လူ့ဘောင်ထဲမှာ သူတို့ရဲ့ အဆင့်အတန်းက လူရွံစရာဖြစ်နေခဲ့ပြီ.. တကယ်လို့များ သူတို့က ဖက်ပန့်ခ်ဘလော့ခ်ကို မကျေနပ်ရင် တက်မကြည့်နဲ့လေ.. ကျမ အရင်ကပြောခဲ့သလို မကြည့်မနေရ မသတ်မှတ်ထားပါ.. နအဖလို မြေကြီးကျင်း မတူးမနေရတို့ ၊ ဘဘကြီးကို မကြိုဆိုဘဲမနေရတို့ အဲဒီလိုမျိုးတွေ မသတ်မှတ်ထားပါဘူး.. အားအားယားယား လာတက်ကြည့်တယ်.. ပြီးရင် reality ကိုစဉ်းစားမယ် မရှိကြဘူး.. စွတ်ပြီး ကုန်းကိုက်တော့တာပဲ.. ကျမ အခုပြောချင်တာက လူတွေရဲ့ခွဲခြားနိုင်သော အသိစိတ်ပါ…. ကျမတို့လူတွေအားလုံးက မွေးကတည်းက အမေစုကိုထောက်ခံတယ်ဟေ့ဆိုပြီး အော်မွေးလာကြတာ မဟုတ်သလို စစ်အစိုးရကို မုန်းတယ်ဟေ့လည်း မအော်ခဲ့ကြပါဘူး….. ငယ်စဉ်ကတည်းက စာသင်ကြရတယ်… ပညာဆိုတာ အသိမှန် အသိမှား လုပ်သင့်လုပ်ထိုက်တာ မလုပ်သင့်မလုပ်ထိုက်တာကို ခွဲခြားနိုင်ဖို့အတွက်ဖြစ်ပြီး စဉ်းစားဥာဏ်နဲ့ ဆင်ခြင်ကြိုးစား သုံးသပ်ဖို့အတွက်ဖြစ်ပါတယ်… အရွယ်ရောက် လူငယ်ပိုင်း အထက်တန်းကျောင်းပြီးချိန်မှာ အားလုံးက အမှန် အမှားကိုတော့ သိသင့်သလောက် ခွဲတတ်ခဲ့ကြပြီ.. အနည်းဆုံးတော့ ကိုယ့်ခေါင်းဆောင်က မာရ်နတ်လား ဘုရားလောင်းလား အသိသာကြီးဖြစ်နေကြပါတယ်.. ကျမက မွေးကတည်းက NLD ဟေ့ဆိုပြီး အော်မွေးလာတာမဟုတ်ပါဘူး… ကိုယ့်အသိဥာဏ်နဲ့ ဖြစ်နေတဲ့အခြေအနေကို ကိုယ်ပိုင်အသိဥာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး သန်းပေါင်းများစွာသော လူထုရင်ထဲက ဆန္ဒကို သူတို့အတွက် ဖော်ထုတ်ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်… မြန်မာပြည်မှာနေပြီး မြန်မာပြည်ကိုစော်ကားတယ်ပြောတဲ့သူများကို အူလှိမ့်အောင် ရီပြလိုက်ချင်ပါတယ်.. ကျမတို့က မြန်မာပြည် အပြင်ဘက် မိဘအရိပ်အောက်မှာ အေးအေးဆေးဆေး ပညာသင်နေတဲ့ လူငယ်တွေပါ.. ဘ၀မှာ အပူပင်ဆိုတာ မနည်းလိုက်ရှာရမလိုဖြစ်နေတဲ့ အခြေအနေမှာ မဟုတ်မခံစိတ်တစ်ခုတည်းနဲ့ ဒါတွေလုပ်ခဲ့တယ်.. ဒါကို ကျမတို့ထက် အသက်တွေအများကြီး ကြီးပြီး ပထွေးကို ဦးခိုက် ပထွေးဘက်ကနေ ၀င်ဆဲပေးနေသူတွေကို တကယ်သနားမိပါတယ်… လင်းလက်ကြယ်စင် ၊ ထူးမြတ် ၊ သက်နိုင် ၊ သာဂိတို့ကို ကမ်းကုန်အောင် ဆဲထားသူတွေကို ကျမတို့အားလုံးကလည်း ဂရုစိုက်မှာမဟုတ်ဘူး.. ကိုယ့်သေတွင်းရောက်ခါနီးအချိန်ဆိုတော့ အားရအောင် အော်လိုက် ကုန်းကိုက်ပါလို့ပဲ ပြောချင်ပါတယ်.. လူဖြစ်လာပြီး လူလို့ခေါ်ဆိုရလောက်အောင် အသိဥာဏ်မရှိတဲ့ လူ့ပြိတ္တာ တိရစ္ဆာန်တွေကို ကျမတို့ကလည်း မုန့်တစ်ခုလောက်တောင် အရေးစိုက်မှာမဟုတ်ပါဘူး… လူငယ်ဆိုတာ အနာ၈တ်အတွက်.. ကျမတို့လို လူငယ်တွေကမှ တိုင်းပြည်ကိုမချစ်ရင် ဖြစ်သင့်တာကို မအော်ထုတ်မကြိုးစားပေးရင် အနာဂတ်ဟာ ခွေးဝဲစားဖြစ်ကုန်တော့မှာပါ… အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင်ထဲမှာ တည်ရှိနေတဲ့ မြန်မာပြည်ကို ဘယ်သူကများ လက်ပိုက်ကြည့်ချင်မှာလည်း.. ချမ်းသာရင် ဘင်လာဒင်လို တခါတည်းလုပ်ပေးလိုက်တယ်.. မလုပ်နိုင်တဲ့ တစ်ယောက်တည်းမရတဲ့အခြေအနေမှာ လူကြိးတွေစီက ပညာသင် ၊ ကိုယ်တိုင်လည်းစဉ်းစား ၊ အခြေအနေနဲ့အခွင့်အရေးပေါ်မူတည် ကြိုးစားလုံ့လထုတ်ရမှာ မြန်မာတိုင်း တာဝန်ပဲလေ………

ဆရာဝန်ဘွဲ့ရထားသူကို ဒေါက်တာလို့ လေးလေးစားစားခေါ်ကြရတယ်.. အင်ဂျာနီယာဆိုရင် ပညာတတ်ကြီးဆိုပြီး တန်းကနဲသိတယ်.. ဆရာမဆိုရင် စာသင်ပေးသော သင်ဆရာလို့ သတ်မှတ်ကြတယ်.. သန့်ရှင်းစွာလုပ်ကိုင်ရှာဖွေစားသောက်သူကို ရိုးသားသူလို့သတ်မှတ်ကြတယ်… စာတော်သူကို လူတော်လူတတ်လို့ အလိုလို သတ်မှတ်ကြတယ်.. နအဖကိုတော့ ဘယ်လိုနာမည်ပေးရမှာလည်း.. ခွေးလို့ နာမည်ပေးရင်လည်းမဖြစ်ဘူး .. ခွေးတစ်ကောင်ရဲ့ တန်ဖိုးက အစားစားရှိတယ်ဆိုတာ လူတိုင်းနားလည်မှာပါ.. ခွေးတောင် လူတိုင်းမမွေးနိုင်ဘူး……. ခွေးဝဲစားလို့ခေါ်ရလောက်အောင်လည်း ခွေးဝဲစားဆိုတာက လမ်းဘေးမှာူသူ့ဘာသာသူအေးဆေးနေတာ.. မြင်တိုင်းလိုက်မကိုက်ပြန်ဘူး…….. သူတောင်းစားလို့ နာမည်ပေးရအောင်လည်း သူတောင်းစားဆိုတာ လုပ်ကိုင်စားသောက်မရလို့ သူ့ဘာသာသူ တ၇ားဝင် တောင်းရမ်းတာ .. တို့များရဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေအတွက်က ဘာနဲ့မှ နှိုင်းရလောက်အောင် နာမည်မရှိတာမို့ `အနှိုင်းမဲ့လူယုတ်မာအသင်းဝင်ကြီး´လို့သာ နာမည်ပေးလိုက်ပါတော့တယ်…

Advertisements

2 Comments so far
Leave a comment

SPDC = “State Progress Destructive Company”

Na Ah Pha = “Naing Ngan. A kyo si pwar Phyat see yay company”

USDA = “Union Strength Destructive Association” = Kyant Phwunt”

Than Shwe = “World’s worst military dictator” who is empty-minded.

Comment by Anonymous

nice shoot…i agree.. 😉

Comment by Anonymous




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: