ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


citizenship
October 23, 2006, 7:43 am
Filed under: My Opinion

မကြာခင်မှာ ထွက်ရှိမယ့် သံလွင်အိပ်မက် issue 8 မှာ ဆွေးနွေးထားတဲ့ ` မြန်မာတွေ အခြားနိုင်ငံသား ခံယူသင့် ၊ မသင့်´ ခေါင်းစဉ်ကို စဉ်းစားမိပါတယ်..

ကျမတော့ နိုင်ငံသား မဖြစ်သေးဘူး.. ဘယ်တော့မှ မဖြစ်လာနိုင်ဘူးလို့လည်း မပြောချင်ဘူး… တော်ကြာ အခြေအနေတစ်ခုကြောင့်ဆိုရင် အရှက်ကွဲမှာစိုးလို့..

တစ်ကယ်တော့ လူတစ်ယောက်က ဘယ်နိုင်ငံသားကိုပဲ ခံယူထားသည်ဖြစ်စေ ၊ သူ့လုပ်ဆောင်ချက် ၊ အရေးကြုံရင် စွန့်လွှတ်မယ့်သူ့လုပ်ရပ်တွေကသာ ပိုအရေးကြီးတယ်လို့မြင်ပါတယ်.. ဥပမာ – နိုင်ငံတော်အရေးကြောင့် နိုင်ငံရေးသမား မိသားစုတွေ ပြည်ပကိုထွက်လာရတယ်.. အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်မြန်မာပြည်ပါ့စ်ပို့ကို cancel လုပ်လိုက်ရတယ်.. သူတို့ဘက်ကကြည့်တော့လည်း သူတို့အကြောင်းနဲ့သူတို့ပဲ.. Myanmar passport တော့ကိုင်ဆောင်ထားပြီး စိတ်ဓါတ်က နအဖဘက်ကဆိုရင်တော့ ဆောရီးပေါ့ … တခြားနိုင်ငံသား ပါ့စ်ပို့ကိုင်ဆောင်ထားပြီး မြန်မာပြည်အတွက် အများကြီးလုပ်ပေးနေသူတွေရှိသလို မြန်မာပြည်အရေးကိုမေ့ ကိုယ့်ကိုယ်ကိုယ် မြန်မာမှန်းတောင် ပေးမသိခံတော့တဲ့ သူတွေလည်းရှိပါတယ်… လူတစ်ကိုယ်စိတ်တစ်မျိုးပါ.. သိပ်တော့လည်း ပြောလို့မရဘူး.. အဲဒါကြောင့် ဘယ်နိုင်ငံသားကိုပဲ ခံယူထားသည်ဖြစ်စေ ၊ မိမိသည် တိုင်းပြည်အရေးကြုံလာလျင် နိုင်ရာဘက်က ၀င်ရောက်ထမ်းဆောင်ဖို့ ၊ ကူညီနိုင်ဖို့ ၊ မမေ့ကြဖို့ဆိုတာပဲ အရေးကြီးပါတယ်.. အချို့သောသူများကတော့ `မင်းတို့က တိုင်းပြည်ကိုမေ့ပြီး အခြားနိုင်ငံသားခံယူထားတဲ့ နိုင်ငံခြားသားကိုကိုးကွယ်သူတွေပါ´လို့ ကဲ့ရဲ့ချင်ကြတယ်.. အဲဒိလိုစကားမျိုးတွေကို ကျမ မကြိုက်ပါဘူး.. လူတစ်ယောက်ဘ၀မှာ အခြားသူ မမြင်နိုင်တဲ့ အခက်ခဲတွေအများကြီး ရှိချင်ရှိမယ်.. သူ ဘယ်နိုင်ငံသားဆိုတာထက် သူဘယ်လိုရှင်သန်တယ် ၊ ဘာတွေလုပ်တယ်ဆိုတာက ပိုအရေးကြီးပါတယ်…. စာအုပ်ပေါ်မှာပဲ နာမည်လေးသာ ပြောင်းသွားကြတာပါ.. အားလုံးက မြန်မာပါပဲ..

Advertisements

Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: