ဝက်မကြီးနဲ့၁သန်း
1 Comment so far
Leave a comment
November 12, 2006, 11:54 am
Filed under: Shameless Groups
Filed under: Shameless Groups
အရင်လကတည်းက စာမေးပွဲအတွက်အလုပ်များနေတာနဲ့ ဘလော့ခ်လောကကို ခဏနှုတ်ဆက်ထားရပြီး စာမေးပွဲလောကထဲ ခဏ၀င်ရောက်နေရပါတယ်။ အချိန်ရတာနဲ့ အချိန်ခဏလောက်တော့ သူငယ်ချင်းတွေ ဘလော့ခ်ကို လာလည်ဖြစ်ပါတယ်။ ကိုမျောက်၇ကောင်ဘလော့ခ်ကို ဒီနေ့မှ အကုန်ဖတ်ရတာနဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ အကိုတွေရေးထားတာ ရသစုံသလို အတွေးတွေလည်း စုံလင်ပြီး အများကြီး အကျိုးရှိပါတယ်။ ပထမဦးဆုံး ကျောင်းမှာ စာမေးပွဲအစမ်းဖြေရပေမယ့် လူလည်း အတော်မောပါတယ်။ ပထမဆုံး ဘာသာကိုဖြေရချိန်မှာ စာမေးပွဲခန်းထဲဝင်ဖို့ နာရီဝက်လိုသေးတော့ ကျောင်းရှေ့မှာ ထိုင်ပြီး စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး စိတ်အေးအောင်နေနေတုန်း တဖက်ခန်းက မြန်မာသူငယ်ချင်းက လာအော်သွားတယ်။ `၀က်မကြီးမင်္ဂလာဆောင် ၁သန်းနော် လင်းလက်ရေ´တဲ့။ အဲဒီအချိန်တုန်းက မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတာပေါ့။ သူတို့အကြောင်းကြားတာနဲ့ လူက ရောက်ရာအရပ်မှာ ထိုးအန်ချင်စိတ်က ဖြစ်လာတာလည်း ခက်သား။ သန်းရွှေသမီးဆိုကတည်းက ၀က်စုတ်ရေနစ်နေတဲ့ပုံပဲ ထွက်လာမယ်ဆိုတာ မမြင်ဖူးကတည်းက ခန့်မှန်းမိပါတယ်။ သူတို့မင်္ဂလာဆောင်ကို ၁သန်းတောင် အကုန်ကျခံဆောင်နေချိန်မှာ ပြည်သူတွေက ထမင်းတောင် နပ်မမှန်အောင် မစားနိုင်ကြဘူးဆိုတာ ကန်းနေလို့မကြားနိုင်ဘူးထင်ပါရဲ့။ ပြည်သူတွေဆိုတာ တသက်လုံး ရင်ထဲကနေ သိမ်းထားပြီး သည်းခံနိုင်မှာမဟုတ်ဘူး။ ၀ုန်းခနဲ မခံရပ်မှုတွေစဖြစ်ချိန်မှာ တပြည်လုံး ပါလာခဲ့ရင် ဘဘသန်းရွှေတို့ အခုလိုမိန့်မိန့်ကြီးပြုံးနိုင်အုန်းပါ့မလား။ `ဘယ်သူသေသေ ငတေမာရင်ပြီးရော´ဆိုသော စကားပုံမှာ သူတို့အဆင့်ထက်နိမ့်နေတော့ ဘယ်လိုများနှိုင်းဆရမှန်းတောင်မသိလေတော့။ ဘာပဲဖြစ်ဖြစ်လေ ခုံပေါ်က မပြုတ်ကျခင် လုပ်ထားကြအုန်းပေါ့ အာဏာရှင်ရေ။
Advertisements
1 Comment so far
Leave a comment
I have got the opportunity to watch this movie with a VCD. Then, I felt very disappointed. It is the grandest wedding in the world’s poorest country.
“Wat Ma Sote Ka Sein Tway Tee Nay Tar Pal Byar”
Comment by Anonymous November 17, 2006 @ 7:39 am