ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ထိုင်ခုံကထမရ
November 24, 2006, 12:02 pm
Filed under: My Opinion

မြန်မာနိုင်ငံဒီမိုကရေစီရဖို့အတွက် ထိုင်းဝန်ကြီးချုပ်ကပါ ဖိအားပေးတယ်သိရတော့ မဆိုးပါဘူးပြောရမှာပဲနော်.. ဘယ်သူတွေပဲ ဖိအားပေးပေး တို့များချစ်လှစွာသော ဘဘကြီးတို့က ထိုင်ခုံမှာ ဖင်ကို သံမှိုနဲ့ရိုက်ထားသလို စွဲနေပြီမို့ ထမရတော့ပါဘူးတဲ့ရှင်… ကူညီချင်တဲ့နိုင်ငံတွေက ဘယ်လိုပဲပြောပြော ခေါင်းမာလွန်းတဲ့ ဘဘတို့ကတော့ ပြည်သူတွေဖြစ်ချင်တာဖြစ်လွှတ်ထားတာ သြော် ကြာမြင့်ခဲ့ပြီ… တစစကုန်ဆုံးလာတဲ့အချိန်တွေကိုကြည့်ပြီး အားမရဖြစ်မိတယ်.. ကိုယ်တိုင်လည်း ဘာမှအရာရောက်အောင် မကူညီနိုင်တော့ မဆီမဆိုင်ကိုယ့်ကိုယ်ကိုယ်ပါ ဒေါသထွက်တယ်.. မြန်မာစာနယ်ဇင်းတွေမှာလည်း အမေစုနဲ့ဗိုလ်ချုပ်အောင်ဆန်းသူရဲကောင်းစာရင်းဝင်တာတွေ သူတို့မရေးဘူးလေ.. ဘယ်ရေးရဲမှာလည်း.. ကိုယ့်မီးကိုယ်ပြန်ရှို့သလိုဖြစ်နေမှာပေါ့.. သူတို့ကလည်း ပြည်သူကို ခြိမ်းခြောက်လည်းခြိမ်းခြောက် ၊ ကြောက်လည်းကြောက်နဲ့ ရှေ့မတိုးနောက်မဆုတ် ငပေါကြီးတွေကိုဖြစ်လို့… အာဆီယံမှာ တစ်နိုင်ငံအရေးတစ်နိုင်ငံ ၀င်စွက်ဖက်လို့နက်နက်နဲနဲရကြေးဆိုလည်း ဘဘတို့က ထွက်မယ်… ကုလသမဂ္ဂက ဖိအားပေးလည်း ရှေ့တင်ဆို ခေါင်းညိတ်ပြီး နောက်ကွယ်ရာဆို မလုပ်ပေးဘူး.. တကယ်ကို မျက်နှာပြောင်တိုက်လွန်းတဲ့ လူယုတ်မာတွေလေ.. `ယိုသူမရှက် မြင်သူရှက်´ဆိုရမှာပဲ… နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေကို လိုက်ပြီးခြိမ်းခြောက်နေတယ်ဆိုကတည်းက ရီချင်လိုက်တာ ဟားဟား.. ဟိုက မကြောက်လို့ခံယူထားပါတယ်ဆိုမှ လက်နက်ကြီးသွားပြလည်း ဘာလုပ်မှာလည်း.. ဘယ်လောက်ကို ပစ်သတ်မှာလည်း.. တယောက်လား တမိသားစုလား တမြို့လုံးလား.. တခါတည်း ပွဲဆူသွားမယ်.. ပဲခူးတိုင်းမှာ သွားခြိမ်းခြောက်နေတယ်တဲ့.. သနားလိုက်တာ နအဖရယ်.. ပဲခူးသူ ပဲခူးသားတွေ စိတ်ဓါတ်နဲ့ နိုင်ငံရေးသမားစိတ်ဓါတ်တွေ ကျူပ်တို့သိပ်သိတာပေါ့… ဟင်္သာမြေပါဆိုမှ ကျွတ်ကျွတ် …

ချစ်လှစွာသော ဘဘတို့က အလံပြောင်းလိုက် ၊ သမီးမင်္ဂလာဆောင်လိုက်နဲ့ အရှက်ကတော့ တပြားမပြောနဲ့ တစေ့ဖိုးတောင် မရှိတော့ပါဘူးရှင်… ခြိမ်းခြောက်ရေးတွေ များများလုပ်လေ ၊ အသိမပွင့်တဲ့သူတွေတောင် အကုန်အသိပွင့်ကုန်တာပေါ့… မှားပြီးရင် ဆက်မှားအုန်းပေါ့ နအဖရေ.. လည်လွန်းတဲ့ဘီးဆိုတာ ချောက်ထဲကို အရှိန်မြန်မြန်နဲ့ကျတတ်တယ်ဆိုတာတော့ မမေ့လိုက်နဲ့.. မြန်မာလူမျိုးလို့ ဒင်းတို့ကိုနာမည်တပ်ရမှာတောင် ရှက်တယ်.. ဘုရားမသိ ၊ တရားမသိ ၊ နတ်မသိ ၊ စာနာခြင်းမသိတဲ့ ခွေးတစ်ကောင်လောက် အသုံးမကျတဲ့ ဘဘတို့ကို တော်လှန်တဲ့နေရာမှာ လုပ်ပေးချင်တာတွေ အများကြီးရှိနေတာ မလုပ်ပေးနိုင်သေးတဲ့အတွက် ကျူပ်တော်တော်စိတ်မကောင်းဖြစ်နေတာတော့အမှန်ပဲ..


2 Comments so far
Leave a comment

Hello,
Which font do you use in this topic? I can’t read the font.

Comment by Anonymous

OOPS. you can’t read for this post ???? It’s the same font “Zawgyi-One”.. Did you install it in the font folders to read myanmar blogs???.. Please try again. thanks

Comment by LIN LET KYAL SIN




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: