ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


Discussion
December 5, 2006, 11:30 am
Filed under: My Opinion

ဆွေးနွေးတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုလူမျိုးနဲ့ ဆွေးနွေးရမှာလည်း။ တစ်ဝိုင်းတည်း ထိုင်မရှင်းရဲတဲ့လူတွေကို ဘယ်လိုသွားဆွေးနွေးရမှာလည်း။ ရှင်းမရတဲ့ လူတွေနဲ့ နည်းလမ်းတွေနဲ့ပဲ တိုက်ထုတ်ရတော့မှာဖြစ်တယ်။ ဆွေးနွေးဝိုင်းမှာ တစ်ဖက်က အေးအေးချမ်းချမ်းနဲ့ ဖြစ်စေချင်လို့ ဆွေးနွေးချိန်မှာ တစ်ဖက်က သေနတ်ကိုင်ထားရင်တော့ မဖြစ်သေးဘူး။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ကို အယုတ်တမာလူတစ်စုက ခုတုံးလုပ်ပြီး တိုင်းပြည်ကို ချယ်လှယ်နေကြတဲ့လုပ်ရပ်ကို အမြဲတမ်းတော်လှန်နေရမှာပါပဲ။ ဒီတော်လှန်ရေးက ပြီးဆုံးဖို့လည်းခက်ခဲသလို အပြောင်းအလဲအတွက်လည်း အများကြီးပေးဆပ်ရမှာပဲ။ အခုနောက်ပိုင်း ကျမစဉ်းစားလာတာက ကျမအပါအ၀င်ပေါ့လေ စိတ်အားထက်သန်သူတွေ ဘယ်လောက်ထိ ဘာတွေလုပ်ပေးမှာလည်း။ ကိုယ်ကလုပ်ရဲမှ သူများလည်း လုပ်ရဲမှာဆိုတဲ့ စိတ်ဓါတ်ကိုတော့ သွင်းထားတယ်။ လူမိုက်တိုင်ပြေးဆောင့်အဖြစ်မျိုးမဟုတ်တဲ့ သိမ်မွေ့သပ်ရပ်သော တော်လှန်ရေးကိုတော့ လုပ်ရမှာပဲ။ တစ်ခု အားဖြစ်လာတာက နိုင်ငံရေး လုံးဝမရှိ ၊ ဘာကိုမှ စိတ်မ၀င်စားကြတဲ့ စင်ကာပူလိုနိုင်ငံမျိုးမှာ လူထုအင်အားတွေ တိုးပွားလာတာကို အများကြီး ၀မ်းသာဂုဏ်ယူမိပါတယ်။ အစပိုင်းက ကြောက်လန့်ပြီး ပြေးလွှားနေတဲ့ လူတွေရင်ထဲမှာ လက်ခံလာကြတယ်။ သူတို့ အားပေးလာကြတယ်။ အဖြူရောင်ဝတ် ကျင်းပတဲ့ နေ့ရက်တွေဆိုလည်း ရောက်လာကြတယ်။ ဒါတွေတိုးတက်လာတာကို အများကြီးဝမ်းသာမိပါတယ်။ စင်ကာပူက မြန်မာလူထုဦးရေ တော်တော်များတဲ့နိုင်ငံမို့ ထည့်မတွက် ၊ မစဉ်းစား ၊ မလုပ်ဆောင်လို့လည်း မဖြစ်တဲ့နိုင်ငံတစ်ခုပါ။

ကျမ နောက်တစ်ချက် စဉ်းစားမိတာက နအဖကို အလျှော့ပေးလွန်းတဲ့ နိုင်ငံရေး သမားတစ်ချို့ပါ။ ခေါင်းပိုင်းတွေမို့ ကျမ နာမည်မတပ်တော့ပါဘူး။ အခုက ၂၀၀၆ ကုန်ပါတော့မယ်။ ၁၉၉၀လည်း မဟုတ်တော့ပါဘူး။ အခြေအနေနဲ့ အချိန်ခါပေါ်မူတည်ပြီး လုပ်ဆောင်ချက် ၊ စိတ်ဓါတ်လေးတွေ ပြောင်းဖို့သင့်ပါတယ်လို့ ကျမထင်ပါတယ်။ “ဒီမိုကရေစီပေးပါ”လို့ နအဖကို သွားတောင်းလို့လည်း မရသလို သွားဆွေးနွေးမနေပါနဲ့။ ဆွေးနွေးရင်းနဲ့ အကုန်လုံးလည်း သချိင်္ုင်းကုန်းကို မျက်စောင်းထိုးနေရတာ များနေပြီ။ နအဖကတော့ အရှင်ထွက် ထွက်ခံမှာ မဟုတ်ပါဘူး။ သူက ရသလောက်လူကို သူနဲ့အတူ ဓါးစာခံအဖြစ် ဆွဲခေါ်သွားရင်း အသေထွက်ပဲ ပြေးမယ့်လူပါ။ ဗိုလ်ချုပ်က တပ်မတော်ကိုလမ်းမှားသွားမှာ အမြဲစိုးရိမ်ခဲ့ပါတယ်။ လက်နက်ရှိလို့ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး နှိပ်စက် ၊ အာဏာလုတာတွေ မလုပ်ရဘူးလို့ ထပ်တလဲလဲ သတိပေးတားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးနေ၀င်းက တပ်မတော်ကို လမ်းမှားပေါ်တင်ပေးလိုက်ပါတယ်။ တပ်မတော်ထဲ ၀င်သွားတဲ့ အချို့စစ်သားများက တိုင်းပြည်ကို ကာကွယ်ဖို့ဆိုပြီး စိတ်ထား ရှိချင်ရှိနိုင်ပါတယ်။ တကယ်လက်တွေ့မှာတော့ တိုင်းပြည်ရဲ့လူယုတ်မာတွေကို သူတို့က ပြန်ကာကွယ်ပေးနေရတဲ့အဖြစ်ရောက်နေပါတယ်။

ရင်ဆိုင်ပြောဖို့နေနေသာသာ အခုနတစ်မျိုး အခုတစ်မျိုးပြောနေတဲ့ နအဖနဲ့ သွားဆွေးနွေးမယ်ဆိုရင်တော့ အရူးကို လင်လုပ်ထားတာနဲ့ တူနေမှာ အမှန်ပါပဲ ( ရိုင်းသွားရင် ဆောရီးပါ )။ ဘာသာရေးဘက်က ပြောမယ်ဆိုရင်တော့ ကျမတို့နိုင်ငံက ဗုဒ္ဓဘာသာကို လေးလေးနက်နက် ကိုးကွယ်ကြတာပါ။ ဘယ်ဘာသာမှာမဆို စာနာခြင်း ၊ သနားခြင်းတွေ တည်ရှိနေမှာပါ။ မြန်မာနိုင်ငံက ဟိုးကတည်းက အချင်းချင်း ရင်းနှီးချစ်ခင်မှုက သူများထက် ပိုပါတယ်။ စနစ်မကောင်းတော့ နောက်ပိုင်းလူတွေလည်း မေတ္တာတွေ အကြင်နာတွေ စာနာခြင်းတွေဆိုတာ မသိကြတော့ပါဘူး။ အဲဒီအကြောင်းပြောရင် ဇတ်ကားထဲက ဇတ်ပွဲလို့ပဲ သဘောထားကြတာ များပါတယ်။ နောက်ပိုင်း အခြားနိုင်ငံတွေက လူသားအချင်းချင်းစာနာမှုတွေ ၊ သက်ကြီးရွယ်အိုတွေ အတွက် စောင့်ရှောက်မှု ၊ အချင်းချင်း ချစ်ခင်ရင်းနှီးမှုတွေ ရယူနေကြချိန်မှာ မြန်မာပြည်က အစကတည်းက ရှိတဲ့ ဘာသာရေးဘက်က အကြောင်းအရာတွေအပါအ၀င် ထုံးလမ်းစဉ်လာတွေကို ပြောင်းပြန်လုပ်ပစ်နေပါတယ်။

ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်က တိုင်းပြည်ကိုကာကွယ်ပြီး ပြည်သူလူထုက လေးစားချစ်ခင်ရတဲ့ တပ်မတော်ဖြစ်ဖို့ပါ။ “ဒီတပ်မတော်ဟာ ဒီနိုင်ငံ ၊ ဒီလူမျိုးအတွက် ၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ ၊ လဲလျောင်းရာ ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်နေမယ်ဆိုရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်တွေဟာ အလကားပဲဖြစ်မယ်”ဟု ဗိုလ်ချုပ်က အထပ်ထပ်သတိပေးခဲ့ပါတယ်။ ကိုယ်ကျိုးအတ္တတွေအတွက် တပ်မတော်ကို ခုတုံးလုပ်ပြီး အသုံးချနေတဲ့ လူတစ်စုကြောင့် ပြည်သူလူထုတွေအပါအ၀င် မြန်မာပြည်သူလူထု တစ်ရပ်လုံးက စစ်သား ၊ စစ်ဗိုလ် ၊ နအဖ လူတန်းစားဆိုရင် အော့နှလုံးနာနေကြပါပြီ။ သူတို့ရင်ထဲက အမုန်းတရားတွေ ၊ နာကျင်ခြင်းတွေကို ချေဖျက်နိုင်ဖို့အတွက် နအဖရဲ့ မူကိုရော လူကိုရော ပထမဆုံး တိုက်ထုတ်သင့်ပါတယ်။ ဒါဟာ ကျမရင်ထဲက ဆန္ဒတစ်ခုဖြစ်ပါတယ်။

Advertisements

Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: