ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


မြန်မာစာ မြန်မာစကား
April 6, 2007, 2:01 pm
Filed under: E-Books



အခုနောက်ပိုင်းဆိုရင် ဘလော့ခ်ဂါတွေလည်း များလာကြသလို အရေးအသား မတူညီတာလေးတွေ ၊ ဆန်းသစ်တဲ့ အသွင်အပြင်လေးတွေနဲ့ ဘလော့ခ်ရပ်ဝန်းကတော့ စည်ကားလာတာကို ၀မ်းသာဖွယ်တွေ့ရပါတယ်။

လင်းလက်ကိုယ်တိုင်လည်း မကြာခဏ တစ်ခါတစ်လေ စာလုံးပေါင်းလေးတွေ မှားတတ်ပါတယ်။ လင်း တော်တော်များများကို ၁၀တန်းအထိ လေ့လာထားတာတောင်မှ အမှားက မကင်းသေးဘူး။ အမှားကို အမှန်ထင်ပြီး ရေးခဲ့တာတွေလည်း ရှိပါတယ်။ လူကြီးတွေက ပြောပြရင်း သတိပေးမှပဲ သိရတာတွေလည်း ရှိပါတယ်။

လင်းရဲ့ ၀ါသနာနဲ့ ဖြစ်ချင်တာတွေကို အပြည့်အ၀အားပေးကူညီတဲ့ “သူ”က မကြာသေးခင်ကပဲ လင်းကို စာအုပ်တစ်အုပ် လက်ဆောင်ပေးတယ်။ သတ်ပုံတွေ ၊ အသုံးအနှုန်းတွေ မှားတတ်တာကို ဟာသလေးတွေနဲ့ ပြန်ပြင်ပေးထားတဲ့ “မြန်မာစာ မြန်မာစကား”ဆိုသော စာအုပ်ပါ။ သူအမြတ်တနိုးသိမ်းထားတဲ့ စာအုပ်ကို လက်ဝယ်ထိ သေချာပေးတာနဲ့ လင်းလည်း အများကြီးဝမ်းသာမိသလို ရိုရိုသေသေသိမ်းထားဖြစ်တယ်။ တန်ဖိုးဖြတ်မရတဲ့ လက်ဝယ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပါ။ စာအုပ်ရပြီး နောက်တစ်ရက်မှာပဲ PDF File နဲ့ ဆိုဒ်တစ်ခုမှာ ဒီစာအုပ်ကို ထပ်တွေ့တော့ ပိုဝမ်းသာမိပြီး မိတ်ဆွေမောင်နှမတွေကို ဝေမျှလိုက်ပါတယ်။

မိခင်ဘာသာစကားကို မှန်မှန်ကန်ကန်နဲ့ သေချာရေးသားကြရအောင် သူငယ်ချင်းတို့ရေ။

Download From Mediafire


5 Comments so far
Leave a comment

Thanks a lot for sharing very useful book, nyi ma lay.

Comment by Anonymous

ညီမရေ .. အမှားတွေကို အမှန်ဖြစ်ဖို့ နှင့် အမှန်တွေကို ဆက်လက် ထိန်းသိမ်းစေနိုင်တဲ့ ဒီစာအုပ်လေး မျှဝေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်🙂

Comment by CMS

ညီမရေ.. ဒီစာအုပ်လေး မျှဝေတာ ကျေးဇူးပဲ ။ အစ်မလည်း သတ်ပုံတွေ သိပ်မှားလွန်းလို့ ။

Comment by ဂျစ်တူး - gyit_tu

ညီမရေ.. ဒီစာအုပ်လေးကို share လုပ်ပေးတာ ကျေးဇူးတင်ပါ တယ်… ဒီစာအုပ်ဖတ်မိမှ အသံထွက်တွေ တော်တော်မှားနေတာ သိတော့တယ်…

Comment by ဂုလု

ညီမလေး ဂျူး ..
ဒီ စာအုပ်လေး မေးလ်နဲ့ပို့လိုက်တာ ရတယ်။
ကျေးဇူးနော် ညီမလေး။

Comment by မေဓာဝီ




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: