ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ ပန်ကြားချက်
June 1, 2007, 5:39 am
Filed under: Strongly Suggestion

လင်း မိသားစုကိစ္စတွေရယ် ၊ ကိုယ့်ကိစ္စတွေရယ်နဲ့ အလုပ်တအားရှုပ်နေလို့ ဘလော့ခ်ကို ဘာမှ မရေးနိုင်ဖြစ်နေခဲ့ရလို့ပါ .. ။ မောင်နှမတွေအားလုံးတောင်းဆိုထားတာတွေကို တခုချင်း ဖြေးဖြေးလုပ်ပေးသွားမှာပါ .. ။ ဒဂုံတက္ကသိုလ်ကျောင်းသားများက နအဖရဲ့ လုပ်ရပ်တွေကို ပြည်သူပြည်သားတွေ ပိုသိလာစေဖို့ ပန်ကြားချက်စာကို အားလုံးထပ်သိစေဖို့ပဲ အခုလောလောဆယ် ပြန်လည်မျှဝေလိုက်ရပါတယ် .. ။ အခြားအကြောင်းတွေနဲ့ ရေးချင်တာတွေကိုတော့ မဝေးသော ဒီရက်ပိုင်းမှာပဲ ဆက်လက်ရေးပေးသွားမှာပါ.. ။

ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ ပန်ကြားချက်


(ပြည်ခိုင်ဖြိုး) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းရှိ အဆင့်ဆင့်သော အဖွဲ့ဝင်များအား

မေတ္တာရပ်ခံပန်ကြားချက်

ရက်စွဲ။ ။ ၂၉ ရက်၊ မေလ၊ ၂၀၀၇ ခုနှစ်။

ညီ၊အကို၊မောင်နှမများခင်ဗျား

အမိမြန်မာနိုင်ငံတော်ကြီးဟာ ဒီကနေ့ဆိုရင် အင်မတန်မှ တုန်လှုပ်ချောက်ခြားဖွယ်ရာ အခြေအနေဆိုးကြီးကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေဟာ လူငယ်လူရွယ်တွေအတွက်

– မိဘတွေဟာ ချစ်လှစွာသော သားသမီးတွေအတွက်

ကျောင်းဆရာ၊ဆရာမတွေဟာ သူတို့တပည့် ကျောင်းသူကျောင်းသားများအတွက်

– ကျောင်းသူကျောင်းသားတွေဟာ သူတို့ရဲ့ ညီတော်နောင်တော်တွေအတွက်

ရဟန်၊သံဃာတော်တွေဟာ ဒကာဒကာမတွေအတွက်

ပူပင်သောကတွေနဲ့ ရတက်မအေးဖြစ်နေကြရပြီး သောကမီး၊ ဒေါသမီးတွေ တောက်လောင်စပြုလာနေပြီ ဖြစ်ပါ တယ်။ အဲသည်လို ပြည်သူတွေ သောကမီး၊ ဒေါသမီးတွေတောက်လောင်လာအောင်၊ ကာယကံမြောက် ကျူးလွန် စေခိုင်းနေသူတွေဟာ လက်တဆုပ်စာ စစ်အာဏာပိုင်တွေသာလျှင်ဖြစ်ပါတယ်။ သူတို့က ——-

ကျောင်းသားပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့ ၀တ်ပြုဆုတောင်းပွဲတွေ၊ ချီတက်ပွဲတွေ၊ ဟောပြောပွဲတွေ၊ စီတန်းလမ်းလျှောက်ပွဲတွေကို မငြိမ်းမချမ်းဖြစ်အောင် လုပ်လိုကြတယ်။ သူတို့ကိုယ်တိုင် မလုပ်ရဲတဲ့ အတွက် သင်တို့ကို သွေးထိုးမြှောက်ပင့်ပေးပြီး အဓမ္မလုပ်ခိုင်းနေတာဖြစ်တယ်။

သင်တို့ကို အဓမ္မ ဆင့်ခေါ်အသုံးချပြီး ပြည်သူ – ပြည်သူချင်း ခိုက်ရန်ဖြစ်ပွားအောင် ရန်တိုက်သွေးခွဲနေတာဖြစ်တယ်။

အိမ်ကြက်ချင်း အိုးမဲသုတ်ခိုင်းပြီး၊ ကြက်နှစ်ကောင်မောမှ တပြိုင်တည်း ရိုက်သတ်စားမယ်ဆိုတဲ့

အင်မတန်မှ ယုတ်မာပက်စက်တဲ့အကြံအစီဖြစ်တယ်။

ညီအကိုမောင်နှမအပေါင်းတို့

သူတို့ အတင်း အဓမ္မ အာဏာပြပြီး ၀င်ခိုင်းခဲ့လို့ သင်တို့တတွေဟာ ပြည်ခိုင်ဖြိုး ထဲကို ၀င်ခဲ့ကြရပြီးပြီ။

အခုတခါ အာဏာပြပြီး သင်တို့ကို လူသတ်ကောင်ဖြစ်အောင်၊ တရားခံဖြစ်အောင် တွန်းပို့နေကြပြန်ပြီဖြစ်တယ်။

ညီအကိုမောင်နှမအပေါင်းတို့

သင်တို့သည်လည်း ပြည်သူလူထုထဲက ပေါက်ဖွားလာသည့် ပြည်သူတွေဘဲ မဟုတ်လော။

သင်တို့သည်လည်း မိနှင့်ဖနှင့်၊ သားနှင့်မယားနှင့်၊ ညီနှင့်အကိုနှင့်၊ မောင်နှင့်နှမနှင့် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် တည်တည်ငြိမ်ငြိမ် နေထိုင်လိုကြသည်ဘဲ မဟုတ်လော။

သင်တို့သည်လည်း တရားမျှတမှု၊ လွပ်လပ်မှု၊ ငြိမ်းချမ်းမှုကို လိုလားကြကုန်သည်ဘဲ မဟုတ်လော။

ညီအကိုမောင်နှမအပေါင်းတို့

ရပ်တန်းကရပ်ကြကုန်လော့။

သူတို့ခိုင်းသမျှုငြင်းဆန်ကြကုန်လော့။

မတရားသည့်အမိန့်အာဏာဟူသမျှဖီဆန်ကြကုန်လော့။

(ဒဂုံတက္ကသိုလ်ကျောင်းသူကျောင်းသားများ)


1 Comment so far
Leave a comment

thanks for post DANDON STUDENTS’ Statements for inside burmese peopel.

haha another one. my dearly is very busy for personal —. wht do u think readers about ” linlet’s personal timel. —GUESS
hal hal

sincerly
JIMMY

Comment by Anonymous




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: