ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


အတုများးးးးးးးးး
July 25, 2007, 4:38 pm
Filed under: Shameless Groups
™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™

ကျောင်းစာတွေပိ ၊ အိမ်အလုပ်တွေပိ ၊ မိုးတွေမိ ၊ အလွမ်းတွေပိရင်း ဘလော့ခ်လောကနှင့် ခေတ္တအဆက်သွယ် ပြတ်သွားချိန်မှာ မမခင်မင်းဇော်တို့ မမသဒ္ဓါတို့အပါအ၀င် ကိုနစ်တို့ရော ကိုထိုက်တို့ရော မောင်နှမအားလုံးကို သတိရပါကြောင်း …… ။ အဲ ပို့စ်အသစ်တော့ ရေးမလို့ပါပဲ .. ။ ဒါပေမယ့် အခုလောလောဆယ် ပြောချင်တာလေးကို အရင်သတိပေးခဲ့မလို့ပါရှင် .. ။

“အတုများခေတ်စားနေသည်”

ဟုတ်ပါတယ်။ အတုကိစ္စနဲ့ပတ်သတ်ပြီး လင်းလက်ကြယ်စင်ကတော့ ခဏခဏခံရပေါင်းများလို့ အရေခွံတော့ ထူနေပါပြီ .. ။ ကိုသံလွင်ဘလော့ခ်ကို သေသေချာချာမေ၇ာက်ဖြစ်ပေမယ့် သူ့ဘလော့ခ်မှာ ကျွန်မနာမည်ကြီး သုံးပြီး သွားဆဲသူလည်း ရှိခဲ့ဖူးပါတယ် .. ။ ကျွန်မနာမည်နဲ့ ပေါက်တတ်ကရမေးလ်တွေ ပို့သူလည်း ရှိခဲ့ဖူးပါတယ်။ အခုလည်း မမသဒ္ဓါနာမည်ကို ခပ်ဆင်ဆင်သုံးပြီး ကျွန်မဆီ မေးလ်တစ်စောင်ရောက်လာပါတယ်။ ပြဿနာတော့ မရှိပါဘူး ။ ကျွန်မက ပို့တဲ့အကြောင်းအရာနဲ့ လူကိုပဲကြည့်တာပါ။ နောက်ဆုံး ပိုင်ရှင်အစစ်ရဲ့မေးလ်ကို ဟတ်ကာလုပ်ပြီး ပို့ရင်တောင် ယုံမယ့်လူစားထဲ ကျွန်မ မပါပါဘူး။

“လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားကို ယုံကြည်ပြီးချိန်မှာ တခြားသူဘယ်လိုနှောင့်ယှက်ယှက် ကျွန်မ အထင်မလွဲတတ်ပါဘူး”

ဘလော့ခ်မောင်နှမတွေကို အကြံပြုလိုတာက နာမည်လေးမြင်ရုံနဲ့ အထင်မလွဲကြဖို့ပါ .. ။ ခပ်ဆင်ဆင်မေးလ်အကောင့်တွေဖွင့် ၊ အချိန်ကိုလေလိုဖြုန်းနေတဲ့ လူစားတွေ ၊ ချုံပုတ်ထဲက လက်သီးဆုပ်ပြသူတွေကို ခေါက်ထားလိုက်ကြပါ .. ။

ကျွန်မကိုယ်ကျင့်တရား ၊ ကျွန်မရဲ့ပုံစံကို ကောင်းကောင်းသိ ယုံကြည်တယ်ဆိုရင် တခြားသူတွေ ဘယ်လိုနှောင့်ယှက်ယှက် ၊ ဘယ်လိုယုတ်မာမာ .. အားလုံးက ဆီနဲ့ရေကို ခွဲခြားတတ်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်.. ။ ဒီလိုပဲ မြန်မာပြည်အရေးနဲ့ပတ်သတ်ပြီး မိမိရဲ့စိတ်ကူးစိတ်သန်း ခံစားချက်တွေကို လွတ်လပ်စွာ ရေးသားနေကြတဲ့ ဘလော့ခ်ဂါမောင်နှမမိတ်ဆွေတွေအားလုံးလည်း အချင်းချင်း တော်ရုံနဲ့ အထင်မမှားကြပါစေနဲ့ရှင် .. ။

အင်တာနက်ပေါ်မှာ ရန်မဖြစ်ချင်ပါဘူး .. ။ ကျွန်မ ဘယ်သူဘယ်ဝါလဲ ပြူးးးးးးးးးးးးးးနေအောင် တင်ထားပါတယ်။ မကျေနပ်ရင် အပြင်မှာ လာရှင်းလို့ရပါတယ် .. ။ မိန်းကလေးတစ်ယောက်ကတောင် သူဘယ်သူလဲ ဖော်ပြထားရဲရင် ကျေးဇူးပြုပြီး ချောင်ကွယ်ကနေ မဟောင်ကြပါနဲ့ .. ။

ကျွန်မသုံးတဲ့ မေးလ်အကောင့်က (၂)ခုပဲရှိပါတယ်ဆိုတာ အားလုံးကို ထပ်မံသတိပေးလိုက်ပါကြောင်း

linletkyalsin@yahoo.com

linlatkyalsin@gmail.com

မှတ်ချက်။ ဒီပို့စ်ကို ရေးနေချိန်မှာ ကျွန်မ စီဗောက်စ်တွင် တစ်စုံတစ်ယောက် လာကိုက်နေပါကြောင်းကို မြင်တွေ့နေရပါသည်။


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: