ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


မျိုးဆက်သစ်တို့တိုက်ပွဲ
August 2, 2007, 1:45 pm
Filed under: Poems



မျိုးဆက်သစ်တို့တိုက်ပွဲ


“လက်နက်မဲ့တဲ့တို့အောင်ပွဲ

ရှစ်လ ရှစ်ရက် ရှစ်ဆယ့်ရှစ်”

ထွက်ပေါ်လာတဲ့သီချင်းသံ

ငါ့ရင်ကိုအကြိမ်ကြိမ်လာထိ

ငါမြင်ယောင်နေမိတာ

အမည်မဲ့အသက်ပေးသွားသူများ .. ။


ပေးဆပ်မှုတွေကြားက

အပြစ်မဲ့ပြည်သူများရဲ့သွေး

မြေပေါ်မှာမခြောက်သေးလို့

ရာသီစက်ဝန်းထဲက

ဒီလတစ်ဖန်ပြန်လည်ရောက်ရှိခဲ့ပြီ။


ပြောသမျှခေါင်းငုံ့ခံ

အမှန်တရားတွေရင်မှာသိုဝှက်

ခြောက်သမျှကြောက်ခဲ့ရတာ

ငါတို့မြန်မာလူမျိုးတွေ

လူ့အခွင့်အရေးစစ်စစ်ရခဲ့ဖူးရဲ့လား .. ။


လိုရာပန်းတိုင်ရောက်ဖို့

ကြိုးစားသူက နှစ်ယောက်

အခြေအနေတွေကြည့်

ပန်းတိုင်အရောက်စောင့်နေသူက

ကိုးဆယ့်ရှစ်ယောက်ဖြစ်နေရင်တော့

မြန်မြန်မရောက်သေးမယ့်ဒီခရီးအတွက်

ဇွဲ ၊ လုံ့လ ၊ ၀ီရီယဥာဏ်တွေအားထုတ်

နိုင်ငံတိုးတက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်

ပေးဆပ်ခဲ့တဲ့သူရဲကောင်းတွေကိုယ်စား

အနာဂတ်လူငယ်တွေ ဆက်လက်တိုက်ပွဲဝင်ကြပါစို့ .. ။


လင်းလက်ကြယ်စင်


2 Comments so far
Leave a comment

good poem. carry on nyi ma lay.

Comment by Christ

ဒီကဗျာလေးနဲ့ မမေ့သင့်တဲ့ တာဝန်တွေကို ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါပဲ ညီမလေးေ၇

Comment by Anonymous




Leave a reply to Anonymous Cancel reply