ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


တက်နေရင်း .. တက်နေဆဲ .. ဈေးနှုန်းများ
August 20, 2007, 4:24 pm
Filed under: Shameless Groups

နေမကောင်းစဉ် ခဏနားနေစဉ်အတွင်း ကျွန်မ မြန်မာပြည်အကြောင်း ရက်ပိုင်းခန့် အဆက်သွယ် ပြတ်သွားသည်။ ပြန်ပြန်လာချင်း သတင်းတွေဖွင့်လိုက်တော့ “ဟိုက်”တစ်ခွန်းတည်းသာ အော်နိုင်တော့သည်။ မြန်မာပြည်ကြီး တိုးတက်သွားလိုက်လေခြင်းဟု ရင်ထဲမှ ခံစားမှုဖြင့် တမိသည်။ ဒုံးပျံတောင် မြန်မာပြည်မှာရှိသော ဆီဈေး ၊ ကုန်ဈေးနှုန်းတွေလောက် မမြန်ဟု ထင်မိသည် .. ။

သြော် အစိုးရတဲ့ … ။ အစိုးရလား သူခိုးဓါးပြလားတော့မသိ .. ။ ပြည်သူတွေလဲ ရှိရှိသမျှ တက်တက်ပြောင်နေပါပြီ။ ဒီထက်ပိုမွဲအောင် လုပ်ချင်ရင်တော့ ခါးထဲမှာဝတ်တဲ့ လုံချည်တွေပါ မကျန် ချွတ်သာယူသွားလိုက်ပါတော့ ကိုယ်တော်တို့ရေ .. ။

မြန်မာပြည်က ကျွန်မ အဖွားတွေ ၊ အဒေါ်တွေ ဦးလေးတွေထံက အဆက်သွယ်စာတွေ လာရင် ကျွန်မ တကယ်စိတ်မကောင်းဖြစ်ရပါတယ် .. ။ ကျပ်တည်းလာတဲ့ စီးပွားရေးတွေနဲ့အတူ နုံချာစုတ်ပြတ်နေတဲ့ တစ်နိုင်ငံလုံးကို ဒီစစ်အာဏာရှင်အစိုးရ နှစ်ပေါင်းများစွာ ဘယ်လိုများ လက်ပိုက်ကြည့်နေခဲ့ပါလိမ့် .. ။ အသဲနှလုံးရောရှိရဲ့လားတောင်မသိ .. ။

ကုန်ဈေးနှုန်းတွေ တက်နေလွန်းတဲ့ ရိုက်ခတ်မှုဒဏ်က မြန်မာပြည်တင် မဟုတ်ဘဲ ခြင်္သေ့ကျွန်းမှာရှိတဲ့ မြန်မာဆိုင်တွေထိတောင် လာပြီးရိုက်ခတ်ပါတယ် .. ။ ဒီနေ့ ကျွန်မ ပန်နီစူလားမှာ ထုံးစံအတိုင်း စာအုပ်တွေ သွားဝယ်ပါတယ် .. ။ ဆိုင်တစ်ဆိုင်ဝင်ပြီး ကျွန်မ အရင်ကတွေ့ခဲ့ပြီးသားဖြစ်တဲ့ စာအုပ်အချို့က အရင်ဈေးနဲ့ကွာနေတာနဲ့

“အကိုရေ ဒီစာအုပ်က အရင်က ၈ကျပ်ခွဲပဲရှိတယ်မှတ်လား။ အခု ဈေးနှုန်းကပ်ထားတာက ၁၀ ဖြစ်နေတယ်”

“ဟုတ်တယ်ညီမရေ။ မြန်မာပြည်မှာ ကုန်ဈေးနှုန်းတွေတက်နေလို့ပါ”တဲ့လေ .. ။

ကျွန်မ ဘာမှ ထပ်မေးစရာမရှိတော့ပါ။


1 Comment so far
Leave a comment

ဈေးတွေတက်တာတော့ ကန်စွန်းရွက်စားနိုင်ရင်တောင် သူဌေးခေါ်ရတော့မယ် ညီမလေးရေ

Comment by Christ




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: