ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ရင်ဖွင့်သံများနောက်ဆက်တွဲ
August 23, 2007, 3:35 pm
Filed under: Shameless Groups

ဒီလို ဆန္ဒပြမှုတွေ ဘာကြောင့်ဖြစ်လာတာလဲ .. ။ အဖြေကရှင်းရှင်းလေးပါ .. ။ ပြည်သူတွေရဲ့ ကျပ်တည်းမှုတွေ အလွန်အကျွံများလာလို့ပေါ့ .. ။ ဒါကို ပြေလည်အောင် အနည်းငယ်မှ မရှင်းပေးဘဲ ကျောင်းသားခေါင်းဆောင်တွေကို ပြန်လည်ဖမ်းဆီး ၊ ပြည်သူတွေကို အကြမ်းဖက် .. မင်းမဲ့စရိုက်နဲ့ ဘယ်လိုများ လုပ်နေကြပါလဲ ကျွန်မ နည်းနည်းလေးမှ နားမလည်တော့ပါဘူး .. ။ ခံပြင်းမိတယ် .. ဒေါသထွက်မိတယ် .. ၀မ်းနည်းမိတယ် ….. ဒါပေမယ့် ဘာမှလဲ လုပ်ပေးလို့မရတဲ့ အခြေအနေမှာ ဆုတောင်းပေးရမှာလား … ဘာလုပ်ရမှာလဲ … စိတ်တိုတယ် .. ။

အထက်လူကြီးတွေရဲ့ အာဏာမြဲဖို့အတွက် လက်အောက်ငယ်သားအသင်းဝင်ဖြစ်တဲ့ ကြံ့ဖွတ်တွေက ကိုယ်နဲ့ တစ်မြေတည်း မောင်နှမသွေးချင်းတွေကို ရက်ရက်စက်စက် အကြမ်းဖက်တဲ့နည်းနဲ့ တိုက်ခိုက်တယ်ဆိုတာ မြန်မာလူမျိုးတွေရော ဟုတ်ပါရဲ့လားရှင် .. ။

မတရားမလုပ်ကြပါနဲ့လို့ ပြည်သူတွေပါးစပ်က အော်သံထွက်လာတယ်ဆိုတာ တော်ရုံခံစားချက်နဲ့မို့ မဟုတ်ပါဘူး။ အားလုံးသိကြတဲ့အတိုင်း ကျွန်မ မြန်မာလူမျိုးက သည်းခံမှုအားအများဆုံး ဖြစ်တဲ့အပြင် တော်ရုံနာကျင်မှုလောက်ဆို ကံကိုသာ အပြစ်ပုံလို့ ရန်မရှာတဲ့အမျိုးပါ .. ။ မိဘလို သဘောထားရမယ့် အစိုးရက သားသမီးတွေဖြစ်တဲ့ ပြည်သူတွေရဲ့ ရင်ဖွင့်သံကို မတရား ဆွဲရမ်း ရိုက်နှက်တယ်ဆိုတာ ၈၈အရေးအခင်းလိုမျိုး ဒုတိယအကြိမ် ပြန်ဖြစ်စေချင်လို့လား .. ။

အမှန်တရားနဲ့ နာကျင်မှုခံစားချက်တို့ တဖြေးဖြေးပေါင်းစပ်လာနေချိန်မှာ အာဏာရှင်ရဲ့ယုတ်မာမှုတွေကလဲ ကမ်းကုန်နေပါပြီ .. ။

ဒီညတော့ စိတ်မကောင်းခြင်းများစွာနဲ့ အိပ်တော့မယ် သူငယ်ချင်းတို့ရေ .. ။

ယုတ်မာရိုင်းစိုင်းတဲ့ ဒီအာဏာ၇ှင်လူတန်းစားတွေ အမြန်ဆုံး ကြွပါစေ .. ။


1 Comment so far
Leave a comment

Feel very sad. Hate goverment more and more…

Comment by khayayphyu




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: