ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ဟင်္သာမြေအလွမ်း
September 12, 2007, 9:01 am
Filed under: Poems


ဟင်္သာမြေအလွမ်း


ဟိုးခပ်ဝေးဝေးက

ဖုန်ထူနေတဲ့ခရေပင်လမ်းရယ်

ရေအိုးစဉ်အပြည့်နဲ့

ညောင်ညိုပင်လမ်းလေးရယ်

ပြေးလွှားကစားခဲ့ဖူးတဲ့

ရွှေမော်ဓေါဘုရားစောင်းတန်းရယ်

မြင်တိုင်းစိတ်ချမ်းမြေ့ရတဲ့

ဟင်္သာကုန်းဘုရားရယ်

အပြုံးတွေပွင့်ဝေနေတဲ့

ရိုးသားတဲ့မြို့သူမြို့သားတွေရယ်

အရာအားလုံးကို

(ငါ) သိပ်လွမ်းနေမိပါတယ် .. ။


ဘယ်အချိန်မှလည်း

စဉ်းစားစိတ်ကူးလိုက်တိုင်း

ပြန်ရလာတဲ့သက်ပြင်းများ

အဖြေမဲ့စကားလုံးများနဲ့

မဆုံးနိုင်သေးတဲ့အလွမ်းများသာ

ရင်မှာပြည့်ကျပ်နေခဲ့တယ် .. ။


ဆိုးရွားလှတဲ့

ဒီကံကြမ္မာတွေအားလုံးကြောင့်

မျက်ရည်စတွေကြိုးစားသုတ်

အားလုံးကိုခွဲခဲ့ရပေမယ့်

အလွမ်းတွေဝေနေတဲ့နှလုံးသားနဲ့

မဝေးတဲ့တစ်နေ့

အေးမြသော ဟင်္သာမြေကို

ငါအရောက်ပြန်လာခဲ့မယ် … ။


လင်းလက်ကြယ်စင်


1 Comment so far
Leave a comment

ညီမလင်းလက်..
ဒီကဗျာကလေးကောင်းတယ်…ကလေးဘဝတုန်းက ပဲခူးဖက်ကို ဟောလီးဒေးဆိုဘုရားဖူး ထွက်ပြီး ရွှေမော်ဓော၊ရွှေသာလျောင်း ဘုရားတွေမှာ နားရင်းဘုရားဖူးခဲ့ကြတာ၊ ဇောင်းတန်းကအရုပ်တွေဝယ်ပေးဖို့  ပူဆာခဲ့တာသတိရမိတယ်..
ဟသာင်္ကုန်းဆိုတာ ဟသာင်္မောင်နှံ တစ်ယောက်ပေါ်တစ်ယောက်နားနေတဲ့ ရုပ်တုကလေးရှိတဲ့နေရာထင်တယ်…ပဲခူး က ဘုရား ပရ၀ုဏ်တွေ ကို က ဆိတ်ငြိမ်အေးချမ်းပြီးကဗျာဆန်နေတော့တာကိုး……….
.It’s a nice poem..

Comment by Mg Yin




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: