ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ပညာဒါနအလှူ
November 9, 2007, 4:30 pm
Filed under: News And Activities

ကျွန်မနဲ့ ခင်တဲ့ ဒီမိတ်ဆွေတွေက အခုလိုမျိုး စင်္ကာပူမှာ ပညာဒါနအလှူလုပ်တယ်လို့ သိရတော့ ရင်ထဲမှ ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်မိပါတယ် ။ မိမိလုပ်ပေးနိုင်တဲ့ အတိုင်းအတာထဲကနေ မွန်မြတ်သော စေတနာနဲ့ အခုလိုမျိုး လူအင်အား ၊ အချိန် ၊ ငွေ အားလုံးရင်းပြီး ဆောင်ရွက်နေကြတဲ့အတွက် စင်္ကာပူရောက် မြန်မာ ကလေးများကိုယ်စား အထူးကျေးဇူးတင်ရှိမိပါတယ်။ စာဖတ်သူများအနေနဲ့ မိမိနဲ့ပတ်ဝန်းကျင်ဆိုင်ရာမှာရှိတဲ့ ကျောင်းသား ကျောင်းသူများ ၊ မိဘများကို ဒီသတင်းလေး လက်ဆင့်ကမ်းပြောကြားပေးကြပါရှင် .. ။

ပညာဒါနအလှူ


စင်္ကာပူနိုင်ငံတွင် အခြေခံပညာ (Primary 1 to Secondary 4) ထိ သင်ကြားနေသော ကျောင်းသူကျောင်းသားများအတွက် စင်္ကာပူတွင် ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသူကျောင်းသားများမှ အခမဲ့ အချိန်ပိုင်း Study Guide သင်တန်း ပို့ချပေးလျုက်ရှိပါသည်။


ရည်ရွယ်ချက်

* ပညာရေးတွင် အခြေခံပိုင်သော ကျောင်းသူကျောင်းသားများ ဖြစ်လာစေရန်
* မိမိတို့ ကျောင်းအသီးသီးတွင် စင်္ကာပူနိုင်ငံသားများနှင့်တန်းတူ ရင်ဘောင်တန်းလာနိုင်စေရန်
* ဗုဒ္ဓဘာသာ အခြေခံများ သိရှိလာစေရန်
* မိမိအားနည်းသော ဘာသာရပ်များကိုလဲ ဖြည့်ဆည်းပေးရန်


အထက်ပါရည်ရွယ်ချက်များဖြင့် ကျွန်တော်တို့သည် စင်္ကာပူရှိ ညီ၊ ညီမငယ်များအား အခမဲ့ ကူညီပံ့ပိုးပေးပါသည်။ ပညာရေးနှင့်ပတ်သက်သော မေးခွန်းစာရွက်များနှင့် လေ့ကျင့်ခန်းများကိုလည်း အခမဲ့ ထောက်ပံ့ပါသည်။ Study Guide သင်တန်းကို အပတ်စဉ် စနေ – တနင်္ဂနွေ နေ့တိုင်း ( နေ့လည် ၃ နာရီမှ ၆ နာရီထိ) Mahamuni Buddhist Society (Clementi) တွင် ပို့ချပေးလျုက်ရှိပါသည်။ စိတ်ပါဝင်စားသူ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးလိုက်ပါသည်။


စာရင်းပေးသွင်းလိုသောမိဘများ Application Form ကို Mahamuni Buddhist Society (Clementi) ၌ ရယူနိုင်ပါသည်။ Email ဖြင့်လည်း တိုက်ရိုက် စာရင်းပေးသွင်းနိုင်ပါသည်။


အသေးစိတ် စုံစမ်းမေးမြန်းလိုပါက

Mahamuni Buddhist Society (81230769)

Han Myo Naung (81576014)
Email: hanmyonaung@yahoo.com.sg


Thet Lwin Tun (96238425)
Email: thetlwintun@gmail.com

Click Here To Download Application Form


1 Comment so far
Leave a comment

best……………………….

Comment by ရန်ကင်း




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: