Freedom From Fear In Burmese Language
1 Comment so far
Leave a comment
November 16, 2007, 6:32 pm
Filed under: E-Books
Filed under: E-Books
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖိုးထိုက်တန်လှသော မိန့်ခွန်းတွေကို ကျွန်မဘလော့ခ်မှာ မနှစ်က ရေးသားဖော်ပြခဲ့ပြီးပါပြီ .. ။ အဲဒီမိန့်ခွန်းတွေက ဒီ Freedom From Fear စာအုပ်ထဲက ကူးယူဖော်ပြခဲ့တာပါ။ ကျွန်မ ဒီစာအုပ်ကို လက်ဝယ်ရရှိတာ မှတ်မှတ်ရရ စင်္ကာပူမှာရှိတဲ့ အိုးဝေအဖွဲ့ကို မနှစ်က ပထမဦးဆုံးအကြိမ် အလည်ပတ်သွားရောက်တဲ့နေ့ကပါ .. ။ စာရေးတဲ့ ကျွန်မအတွက် အိုးဝေက ကျွန်မလေးစားရပါသော ဦးလေး UWM က ကျွန်မကို အမှတ်တရ လက်ဆောင်အဖြစ် ဒီစာအုပ်ကို လက်ဆောင်ပေးပါတယ် ။ ကျွန်မ ဖတ်ပြီးချိန်မှာလည်း သိပ်သိပ်ကို ကြိုက်ခဲ့ရပါတယ် .. ။ အခု အွန်လိုင်းမှာ PDF File နဲ့တွေ့တော့လည်း အများကြီးဝမ်းသာမိပါတယ် .. ။ ကျွန်မတို့အားလုံး ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တစ်အုပ်ပါ .. ။ အားလုံးကို ကျွန်မ လက်ဆင့်ကမ်းဝေမျှလိုက်ပါတယ်ရှင်။
Advertisements
1 Comment so far
Leave a comment
အစ်မလင်းလက်ကြယ်စင်အနေနဲ့ ကျနော်မဆဲ မဆိုပဲ ရေးသားတာတောင် ဆီပုံးထဲမှာ ခွင့်မပြုလို့ ဒီနေရာမှာ ရေးရတာပါခင်ဗျာ။ အစ်မတို့ ဒီမိုကရေစီဘက်တော်သားတွေကို အရူးလုပ်ခံရတဲ့အကြောင်း သက်သေတွေနဲ့ ရေးသားထားပါတယ်ခင်ဗျာ။ အစ်မအနေနဲ့ ဒီမိုကရေစီကို ချီးကျူးတာကိုပဲ ကြားချင်တယ်ဆိုတာ သဘောပေါက်ပါတယ်။ အခုဟာ နိုင်ငံအရေးမို့ မချီးကျူးနိုင်ပါခင်ဗျာ။ လာရောက်ဖတ်ပါဦးလို့ ဖိတ်ခေါ်ပါတယ်။
DVB လူတွေကို ဘုန်းကြီးအလောင်းအတုနဲ့ ဘယ်လိုအရူးလုပ်သွားလဲဆိုတာ ရေးထားပါတယ်ခင်ဗျာ http://lightofmyanmar.blogspot.com/
Comment by * In Search of Truth * November 19, 2007 @ 5:06 am