Filed under: My Opinion
မျိုးချစ်မြန်မာတွေ လက်သီးလက်မောင်းတွေတန်းလို့ ၊ နိုင်ငံရေးစိတ်ဓါတ်တွေတက်ကြွစေတဲ့ စာတွေဖြန့်ဝေလို့ မြန်မာဘုန်းကြီးကျောင်းက လက်မခံတော့ဘူးဆိုပဲ .. ။ ချဉ်ငံစပ်အသုပ်တစ်ပွဲ စားလိုက်ရသလို ခံစားရသည် .. ။ အဖြစ်အပျက်အားလုံးကို အစအဆုံးသိသူပီပီ မပြောရင်လည်းမကောင်း ၊ ပြောရင်လည်းမကောင်း ၊ ပြောလည်းမပြောချင် စုံစီနဖာဖြစ်နေသည်။
Straits Time မှ Video ကို ကြည့်ပြီးချိန် ကျွန်မစိတ်ထဲ အနည်းငယ်တော့ ချဉ်သွားသည် ။ ဒီကိစ္စက သတင်းသိပ်မြန်တဲ့ အင်တာနက်ကြီးပေါ်မှာ ပေါက်ကရလေးဆယ် ဖြစ်နေတော့ အမှန်တရားကို ဖော်ထုတ်ပါတော့မည် ။
သွေးလှူပွဲမကျင်းပမီတစ်ရက်အလို
စင်္ကာပူရောက်မျိုးချစ်မြန်မာများက သွေးလှူပွဲအတွက် နေရာနှင့်အချိန်အားလုံးကို ကြေငြာပြီးချိန်မှ စင်္ကာပူနိုင်ငံ ၊ မြန်မာလူမျိုးတွေ အများဆုံးသွားလေ့ရှိသော တိုပါးရိုးဘုန်းကြီးကျောင်းဧ။် ဥက္ကဌအဖွဲ့မှ ထိုပွဲကို မပြုလုပ်ရဟု တစ်ချက်လွှတ်အမိန့်ထွက်လာသည် ။ မဆိုးပါဘူး နအဖ လက်အောက်ပြန်ရောက်သွားသလိုပါပဲ .. ။ အားလုံးလည်းကြေငြာပြီးသား ဖြစ်နေတော့ မျိုးချစ်မြန်မာတွေအားလုံးက ဒီပွဲလေးတော့ ဖြစ်မြောက်အောင် လုပ်ပေးပါခင်ဗျာဆိုပြီးတော့ တောင်းတောင်းပန်ပန်လေး ရှိခိုးမတတ်ပြောတော့မှ နောက်ဆုံးအဖြစ်ခွင့်ပြုခဲ့တယ် .. ။
ဘာကြောင့် လုပ်ခွင့်မပေးတာလဲ .. ။ အဖြေရှာမေးလိုက်တော့ `နိုင်ငံရေးလှုံ့ဆော်မှုတွေ လက်သီးလက်မောင်းတန်းတာတွေ ပြုလုပ်လို့´တဲ့ ။ အမလေးတော် … ။ အဲဒီအဖွဲ့ကြီးက လုပ်သမျှ အခမ်းအနားအားလုံး ကျွန်မ သွားပါတယ်။ ဘယ်တုန်းက လက်သီးလက်မောင်းတန်းလိုက်ပါလိမ့် .. ။ လင်းလက်ကြယ်စင် ခေါင်းလေးကုတ်ပြီး သေသေချာချာ ပြန်စဉ်းစားမိတယ် .. ။ သပိတ်သွပ်ပွဲမှာ မျိုးချစ်မြန်မာတစ်ဦးက အရှေ့ကနေ `အားလုံး မတ်တပ်ရပ်ပေးပါခင်ဗျာ ၊ ခင်ဗျားတို့ရဲ့ အထွတ်အမြတ်ထားတဲ့ ဘယ်ဘက်ရင်ဘတ်က နှလုံးသားထောင့်ကို ညာလက်သီးလေး ဆုပ်ပြီး ကပ်လိုက်ပါ ခင်ဗျာ ၊ ၇င်ထဲအသွေးထဲကလာတဲ့ သစ္စာအဓိဌာန်ကို အခုသီဆိုကြပါတော့မယ်´ ဆိုပြီး အားလုံး တညီတညွတ် သီဆိုခဲ့ကြပါတယ်။ နောက် နိုင်ငံတော်သီချင်း သီဆိုခဲ့ကြတယ် .. ။ ဖြန့်ဝေတာဆိုလို့ လက်ကမ်းစာစောင်လေးနည်းနည်းပါ .. ။
နှလုံးသားရှိတဲ့ထောင့်ကို လက်သီးလေးဆုပ်ပြီး သစ္စာဆိုခဲ့ကြတဲ့အတွက် အပြစ်ဖြစ်သတဲ့ .. ။ နောက်တစ်ခါဆို လက်ကိုနောက်ပစ်ပြီး ဆိုကြရမယ် ထင်ပါတယ်။ လက်မမြှောက်မိအောင်လို့ပါ ။ ဘုန်းကြီးကျောင်းမှာ ပွဲတစ်ခုခု လုပ်မယ်ဆိုတိုင်း မြန်မာ့ဓလေ့ထုံးစံအရ ကျောင်းတိုင်ဘုန်းကြီးကို သွားလျှောက်ကြပါတယ် ။ ခွင့်ပြုရင် Executive Committee နဲ့ စကားပြောပြီး မျိုးချစ်မြန်မာတွေက ရှေ့ဆက်လုပ်ကြပါတယ် .. ။ အဲဒီလိုလုပ်လာတာ အခုမှ မဟုတ်ပါဘူး ။ ဟိုးအရင်နှစ်အဆက်ဆက်က ပွဲတွေလည်း ဒီလိုပဲ လုပ်လာတာပါ ။ ဘုန်းကြီးစိတ်ဆိုးရင် အားလုံးက သွားတောင်းပန်လိုက် ၊ ချော့လိုက် ၊ ဆူရင်လည်း ခေါင်းငုံ့ခံလိုက် ဒီလိုနဲ့ပဲ မြန်မာ့နယ်ပယ်လေးအတိုင်း အားလုံးဖြစ်လာပါတယ် .. ။
မြန်မာပြည်မှ သံဃာ့အရေးအခင်းကြီးဖြစ်တော့မှ လူတွေပိုသွေးဆူလာကြတယ်။ ပိုတက်ကြွလာကြတယ် ။ ပိုအလုပ်လုပ်လာကြတယ် ။ အဲဒီအတွက် နေရာဒေသကိုတော့ မြန်မာတွေအားလုံးအဆင်ပြေတဲ့ တိုပါးရိုးကိုပဲ ရွေးဖြစ်တာ များပါတယ်။ အားလုံးက ပွဲတစ်ခုခုလုပ်တိုင်း သီလယူတယ် ၊ အမှာစကားပြောတယ် ၊ သစ္စာဆိုတယ် ၊ ခြေလှမ်းတွေဆွေးနွေးတယ် ၊ ဆုံးဖြတ်ချက်တွေ ချတယ် ။ ဒါဟာ အကြမ်းလာဖက်နေတာလည်း မဟုတ်သလို ဆိုးဆိုးရွားရွား ဘာတစ်ခုမှ မရှိပါဘူး။
Executive Committee အဖွဲ့ထဲမှာ စင်္ကာပူလူမျိုးတွေ အချို့ကလည်း စာနာနားလည်ခြင်းမရှိစွာ ပါဝင်နေပါတယ် ။ `ဘုန်းကြီးကျောင်းဆိုတာ ငြိမ်းချမ်းစွာ ဘုရားရှိခိုးဖို့အတွက်ပါ´တဲ့ ။ ပြောတာကိုတော့ လက်ခံပါတယ် ။ နိုင်ငံရေးနဲ့ပတ်သတ်သမျှ လက်မခံဘူးဆိုတော့ အီးယူက ခေါင်းဆောင်တွေလာတာ ၊ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးတွေ လာတာက ဘုရားရှိခိုးတော့ မဟုတ်ဘူး ထင်ပါတယ် ။
အားလုံးသိကြတဲ့အတိုင်း စင်္ကာပူရောက်တက်ကြွသူများ လုပ်ခဲ့ကြတာ ရုပ်ပျက်ဆင်းပျက် ဘာတစ်ခုမှ မရှိပါဘူး ။ အော်တာ ဆူပူတာတွေဆို လုံးဝတောင် မရှိခဲ့ကြပါဘူး .. ။ ကျွန်မတို့က အခုအချိန်မှာ တော်ရုံတန်၇ုံ ဘာမှသိပ်မပြောတာ စည်းလုံးချင်လို့ပါ ။ သွေးမကွဲချင်လို့ပါ ။ ကျွန်မတို့က အခုအချိန်မှာ ပါစင်နယ်ဖီလင်တွေကို ဘေးချိတ်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်နေရတာပါ ။ ဒီလိုအချိန်မှာ ဘာမှသိပ်မပြောချင်ပါဘူး။ ဒါပေမယ့် သိပ်လွန်လာတဲ့အတွက် ဖြေရှင်းသင့်တာတော့ ဖြေရှင်းရပါတယ် .. ။
ကျောင်းတိုင်ဘုန်းကြီးကို ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး လျှောက်ထားမေးမြန်းတောင်းဆိုတော့လည်း ဘုရားသားတော်ဘုန်းဘုန်း ပြန်မိန့်ကြားလိုက်ပုံက `ဒီဘုန်းကြီးကျောင်းကို တည်ထောင်တုန်းက မြန်မာတွေ အများဆုံးထည့်တဲ့ဝင်ငွေနဲ့ မဟုတ်ပါဘူး ။ စလုံးလူမျိုးတွေဝင်ငွေနဲ့စတည်ခဲ့တာ။ ငါက ဘုန်းကြီးကျောင်းကို Burmese Buddhist Temple လို့ နာမည်ပေးခဲ့တာ ။ တကယ်တော့ Buddhist Temple လို့ပဲ ပေးခဲ့လည်း ရတာပဲ ။ မင်းတို့မြန်မာတွေက ပွဲတွေလုပ်သွားပြီး နောက်ဆုံးကျရင် ဒီဘုန်းကြီးကျောင်းနဲ့ ငါပဲကျန်ခဲ့မှာ ၊ နောက်တစ်ခါ ဘာပွဲလုပ်လုပ် ရဲဌာနက ပါမစ်ယူလာခဲ့´လို့ ဖြေကြားပေးခဲ့ပါတယ် ။
စင်္ကာပူရဲ့အခြေအနေအရပ်ရပ်ကြောင့် မြန်မာတွေက မြန်မာ့ဘုန်းကြီးကျောင်းလေးကို အားကိုးပြီး လူစုပွဲလေးတွေ လုပ်ရတာပါ ။ စလုံးရဲတွေရဲ့ ထောက်ခံစာ ပါမစ်ကို ယူလာခဲ့ရမယ့်အစား အိပ်ပျော်နေတဲ့ ကျားကို ကလိသာသွားထိုးလိုက်ချင်ပါတော့တယ်။
မြန်မာဘုန်းကြီးကျောင်းဟု အများကသတ်မှတ်ပြီး မြန်မာလူမျိုးတွေ အများဆုံးလာ ၊ မြန်မာလူမျိုးတွေက အဲဒီနေရာမှာပဲ အလှူအတန်းလုပ် ၊ မြန်မာ့ဘုန်းကြီးကျောင်းလို့ သတ်မှတ်ထားတဲ့ နေရာကြီးတစ်ခုကို ကျွန်မ ရင်ထဲမှာ အများကြီးဝမ်းနည်းခံစားသွားရပါတယ် .. ။ ကျွန်မတို့ဘက်မှာ ရပ်တည်ပေး ၊ အားပေးခဲ့တဲ့ မျိုးချစ်ဘုန်းဘုန်းတွေကိုတော့ အစဉ်လေးစားဦးခိုက်လျက်ပါ။
မြန်မာပြည်မှာဖြစ်ခဲ့တဲ့ အရေးအခင်းမှာ သံဃာတွေရဲ့သွေးတွေ မြေပေါ်ကို အများကြီးစီးဆင်းခဲ့ပါတယ် ။ အဲဒီအတွက် မခံရပ်နိုင်စွာ စင်္ကာပူမှာ အားလုံးက သတိကြီးစွာထားပြီး မြန်မာ့အရေးအတွက် နိုင်တဲ့ဘောင်တစ်ခုကနေ အလုပ်လုပ်နေကြပါတယ် ။ ဒီလိုလုပ်ရပ်မျိုးကို အားမပေးဘူး ၊ ငြိမ်းချမ်းစွာလုပ်ဆောင်နေတာတွေကိုမှ လက်မခံဘူးဆိုရင် မြန်မာဘုန်းကြီးကျောင်းလို့ အမည်မတွင်ပါနဲ့တော့ ။ မြန်မာတွေလည်း ပွဲလမ်းသဘင်တွေ သွားလုပ်မနေပါနဲ့တော့။
ကျွန်မတို့အသိုင်းအ၀ိုင်း သူငယ်ချင်းအားလုံးထဲမှာ ဒီကိစ္စကို အားလုံးက မကျေမချမ်းဖြစ်ကြပါတယ် ။ ဘုန်းကြီးကျောင်းကို မသွားတော့ဘူးဆိုပြီး နီးရာကိုလည်း အကြောင်းကြားကြတယ် ။ မြန်မာ့အရေးအတွက် လုပ်နေတာတွေအားလုံးကို ဆန့်ကျင်အပြစ်ပြောတဲ့ လူသားချင်းမစာနာတဲ့ ဥက္ကဌအဖွဲ့ကိုရော ၊ ရှိသမျှအားလုံးကိုပါ စိတ်ကုန်မိပါတယ် ။ နောက်လ ဒီဇင်ဘာ ၁၃ရက်နေ့ ကျွန်မ၁၉နှစ်မွေးနေ့မှာ တိုပါးရိုးကျောင်းမှာ အာရုဏ်ဆွမ်းကပ်ပြီး အလှူအတန်းကြီးတစ်ခုလုပ်ဖို့အစီအစဉ်ကိုလဲ တခြားဘုန်းကြီးကျောင်းကိုပဲ ကျွန်မရွေးချယ်လိုက်ပါတော့တယ် .. ။
`မြန်မာတွေ မလှူလည်း ပြဿနာမရှိဘူး´လို့ ခံယူထားမှတော့ အခြားလှူစရာနေရာတွေ ပေါပါတယ် ။ နယ်စပ်မှာ ဒုက္ခသည်တွေ သွားလှူရတာမျိုးကအစ လှူမယ့်နေရာတွေ အများကြီးပါ မိတ်ဆွေတို့ရယ်။
ဒီလိုပြဿနာတွေကို စိတ်ရှုပ်မိရင်း ၁၇ ရက်နေ့က ကျင်းပခဲ့သော မြန်မာ့အရေးဆွေးနွေးပွဲမှာ ဘုန်းဘုန်းတစ်ပါး မိန့်ကြားခဲ့သော `ဒေါ်လာစားဘုန်းကြီးများ´ ဆိုသော အနက်အဓိပ္ပါယ်ကို ကျွန်မ လေးလေးနက်နက်စဉ်းစားနေမိပါတော့တယ်။
ဖြည့်စွက်ချက်။
ပီနန်ဆရာတော်ကြီး ကြွလာပြီး ဖြေရှင်းပေးမှာကို အားလုံးက စောင့်မျှော်နေကြပါတယ်။ ဆရာတော်ကြီးနဲ့မျိုးချစ်မြန်မာတွေ ၊ ဘုန်းကြီးကျောင်းက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအားလုံး မျက်နှာချင်းဆိုင် ထပ်ဆွေးနွေးပြီးလို့ လုံးဝဒီအခြေအနေအတိုင်း မတိုးတက်လာရင်တော့ သပိတ်မှောက်ရပါ့မယ် ။ ရာဟူးဂရုတွေ ၊ စီဗောက်စ်တွေ အခြားနေရာတွေမှာလည်း အမြင်တူတာတွေရော ၊ မတူတာတွေရော စုံနေပါတယ်။ ပြဿနာမရှိပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ်ပါပဲ။ ကျောင်းထိုင်ဆရာတော်က ဘုန်းဘုန်းမို့လို့ လူတွေကိစ္စ၀င်မပါဘူး ၊ အေးအေးဆေးဆေးသာ မိန့်ကြားခဲ့မယ်ဆိုရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ပါဘူး ။ အခုက ဘုန်းကြီး မိန့်ကြားလိုက်တဲ့ စကားတွေအပေါ်မှာ မြန်မာတွေက ရင်တအားနာသွားတာပါ။ ကျားကြောက်လို့ သူ့အားကိုး ၊ သူက ကျားထက်ပိုဆိုး .. ။ ( ကန်တော့ပါသေးရဲ့ ၊ ရင်ထဲရှိသမျှခံစားသမျှ အမှန်တရားအားလုံးကို ရေးသည်မို့ ငရဲနှင့်လွတ်မည်ဟု ထင်ပါသည်)
ဲ17 Comments so far
Leave a comment
Please understand the monks, of course they are Burmese also, and they have the feeling for the motherland. It is obvious that the “authorities” made this decision, and the monks hands are tied upon this issue.
The other reason is that, the Monastery at Toa Payoh is not visited just by Myanmar community, a huge percentage of local Buddhists and other non-Myanmar Buddhists also visit there, although the monks are Myanmars.
So, please don’t blame the monks, they also would have their difficulties, despite we might not understand all.
With Respect,
Comment by Kael November 24, 2007 @ 7:43 amKael
toa payoh monastery just simply too much controlled by foreigneers and they just don’t feel it
Comment by zee November 24, 2007 @ 12:21 pmall religions prayers bases have been strong support for all the activists around the world .. this decision is just simply let down
and comment from the so called ” monk ” just simply simply can say ” stupid ” and i will go to hell if this will lead me too .. cos this word just shouldn’t be spoken out by the son of Buddha ..
I’d say the management committe members especially myanmars are too selfish. They are afraid their family businesses would be afected if the TPY monestary becomes famous with activities.
George Yeo visited there to support the myanmar activities, and they became headline in media, so as usual myanmar myo cht committe members becomes afraid and stop all our wishes.
Burmese Buddhist Temple is not just simply a place for worship. It is a place where our hearts sinks. It is a refuge for our souls. It is the place of solidarity for myanmar people. It is a place for us to gather for any social, cultural, spiritual and emotional activities.
So, at least in this eventful time, they should close one eye and let us relieve our hearts rather than bluntly ask us not to mess. IF they are afraid for their own interests, they should not volunteer at this place, let the new management be formed.
Comment by Zeyar November 24, 2007 @ 1:42 pmသေချာပါတယ်-မြန်မာအစိုး၇၇ဲ့ဝါးလုံးချီးသုတ်၇မ်း၇င်စီးပွာပျက်မှာကြောက်တဲ့-စီးပွားေ၇းသမားတစုကြောင့်ပဲဖြစ်မှာပါ–အင်းပေါ့လေ-အင်းစိန်ထောင်ထဲမှာသူတို့အမျိုးမေ၇ာက်သေးလို့ဒီလိုလုပ်ကြတာပေါ့
Comment by ain November 24, 2007 @ 1:50 pmThanks for this post. I have the same feeling.
Comment by Ko Paw November 24, 2007 @ 1:51 pmYeah, that’s right decision. This is totally bullshit. the more we have that kind of monks, the more our country fate will be fade.
Comment by Mintasay November 24, 2007 @ 2:37 pmဘုန်းကြီးကျောင်းနဲ့ ပတ်သက်သူတွေဟာနူးညံ့တဲ့သူတွေများပါတယ်။
ဘယ်အရာမဆို အလွယ်တကူရမယ်လို့ ထင်လို့ မရပါ။ ကိုယ်နဲ့ သဘောမတူသူများ အထူးသဖြင့်
marginal seatသူ့ဘက်လိုလိုကိုယ့်ဘက်လိုလိုနေရာမျိုးမှာရှိနေတဲ့သ
ူတွေကိုစည်းရုံးကြည့်ပါ။ သူတို့ ဘာကိုကြောက်နေတာလဲ။ ဘာကိုမကြိုက်တာလဲ။ ကိုယ့်ဘက်ကဘာတွေ လျှော့ ပေးရမလဲ။
ခက်ခဲတဲ့ အလုပ်တခု ကိုအလျှော့မပေးဘဲအောင်မြင်အောင်တခြားနည်းလေး
တွေနဲ့ ချည်းကပ်ကြည့်ပါအုန်း
အောင်မြင်ပါစေ။
Comment by Ottara November 24, 2007 @ 3:39 pmDear Ma LLKS,
Comment by win myint 19862003 November 24, 2007 @ 4:33 pmAfter I read your post..I do so feel very sad for our Burmese community in SG..You r right..if they don’t want us to donate..may be we can use in other place such us for the kids who do not have parents,who do not have food to eat.Who run away from home country cannot go to school at border…
It’s will be very great, The BUDHA and the people will say SADHU,SADHU…SADHU…
လင်းလက်ကြယ်စင် ရေ
ပထမဦးစွာ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
ဒုတိယ အချက် အနေ နဲ့ ပြောချင်တာ က ပို့စ် ထဲ က ဖြေရှင်းချက် နဲ့ ဆုံးဖြတ်ချက် အားလုံးကို အပြည့်အ၀ ထောက်ခံကြောင်း ပြောချင်ပါတယ်။ အကြောင်းကတော့ ဒီမှတ်ချက်ကို ရေးသူ ဟာ အဲဒီဆရာတော် ဘုရား မိန့်မှာချက် ထုတ်တဲ့ နေ့က တိုပါယို ကြောင်းမှာ ရှိနေခဲ့လို့ပါ။
အကြောင်းအရင်းကတော့
(၁) ဆရာတ်ေဘုရား ဟာ မြန်မာ၊စင်္ကာပူ နှစ်ဖက်လုံးက နေ ဖိအားရနေပုံရပါတယ်။ ဒါကို စလုံးရောက် မြန်မာအားလုံး နားလည် ခွင့်လွှတ်ပါတယ်။ ဆရာတော် က နိုင်ငံရေးနဲ့ ဆိုင်တာတွေ မလုပ်ကြဖို့ တောင်းပန် တားမြစ်လာတာ ကို လည်း လက်ခံပါတယ်။
(၂) သို့ပေမယ့် အဲဒီနေ့ က ဆရာတော် မိန့်မှာသွားတာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး ရဲ့ နှုတ်ကနေ ထွက်လာတာလို့ မယုံနိုင်စရာပါပဲ။
(က) နိုင်ငံရေး ဆိုင်ရာ ရုတ်ရုတ်သဲသဲ စုဝေးတာ၊ ကြွေးကြော် တာတွေ မပြုလုပ်ကြဖို့တဲ့။ ပွဲတိုင်း မတက်ဘူးပေမယ့် သုံးလေး ပွဲတော့ တက်ဖူးပါတယ်။ ဘယ်တုန်းက မှ မြန်မာတွေ လက်သီးလက်မောင်းတန်းပြီး မကြွေးကြော်ပါဘူး။ မေတ္တာသုတ် ရွတ်ပြီး မေတ္တာပို့တာပဲ ရှိပါတယ်။
(ခ) ဆရာတော် မိန့်မှာတဲ့စကား တစ်ခွန်းကို တစ်သက်လုံး မမေ့တော့ဘူးဗျာ။ “မေတ္တာတရား ပွားများသူဆို တာ ကိုယ်တိုင်မေတ္တာတရားမရှိပဲ ပါးစပ်က ပဲ အော်နေရင် ဘာမှ မထူးဘူး” တဲ့ဗျာ။ မြန်မာ နိုင်ငံ က အဖြစ်အပျက်တွေကို ပြည်သူတိုင်း ကရုဏာ၊ မေတ္တာတွေ သက်ဝင်ပြီး ဘယ်သူမှ မတိုက်တွန်းပဲ လာရောက် မေတ္တာ ပို့ကြတာကို မေတ္တာ မရှိဘူးလို့ ဘယ် ဗုဒ္ဓဘာသာ ဘုန်းကြီးစစ်မှ ပြောမည် မဟုတ်ပါ။
(ဂ) ဆရာတော်က သူ့ကျောင်းကို ဆောက်နိုင်တာ လက်ရှိမြန်မာ တွေ လှူထားလို့ မဟုတ်ဘူးတဲ့ဗျာ။ သူ့ကျောင်းပေါ်လာပုံ၊ ဘဏ္ဍာငွေ ရှာရပုံက အစ အသေးစိတ် ဖွင့်ဆို ရှင်းလင်းပါတယ်။ ဒါကြောင့် သူက ပြောပါတယ်။ “ခပ်ရိုင်းရိုင်း ပြောရရင် အဲလို ဆူပူ အုံကြွရုံလောက် ကျောင်းကို လာချင်ရင် တော့ မလာကြပါနဲ့၊ မလာလည်း ဘုန်းကြီးတို့ ဘာမှ မဖြစ်ဘူး” တဲ့ဗျာ။
(ဃ) ဆရာတ်ေက စလုံးမှာ ကျောင်းတွေ အများကြီး ရှိတဲ့ အထဲ မှာမှ သူ့ကျောင်းက အအေးချမ်းဆုံး လို့ မိန့်ပါတယ်။ ပုဂ္ဂိုလ် စွဲ၊ ကျောင်းစွဲ မရှိပဲ သံဃ္ခိက ဒါန သံဃာပိုင် ကျောင်းတွေကို ဘယ် ကျောင်းဖြစ်ဖြစ် အတူတူ ပဲ လို့ စိတ်ထဲ စွဲကြတာ မြန်မာ့ ဓလေ့ပါ။ ဘယ်ကျောင်းကို တော့ ငါ ပို ကိုးကွယ်မယ်။ ယုံကြည်တယ် လို့ မရှိပါဘူး။ ဆရာတော် အနေနဲ့ သူ့ကျောင်း က အအေးချမ်းဆုံး လို့ သူများကျောင်းတွေကို ပုတ်ခတ် မမိန့်သင်ဖူးထင်ပါတယ်။
(၃) ဒါကြောင့် လင်းလက်ကြယ်စင် က အားလုံး ထုတ်ရှင်းလိုက်တာကို ထောက်ခံပါတယ်။
(၄) ကျွန်ုပ် တို့ ကိုယ်တိုင် လည်း ထိုနေ့မှ စ၍ တိုပါယို ကို မသွားတော့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ မွေးနေ့ အလှူ နဲ့ အခြား အလှူ များကို အခြားနေရာများတွင် ပဲ ပြုလုပ်ကြပါရန် ဆုံဖြတ်ထားပါတယ်။
(၅) မြန်မာတွေကို မလိုချင်၊ မြန်မာ့ရေးကို မကူညီ၊မဖေးမပဲ အေးချမ်းမှု ထက် ကိုယ်ပိုင်သာယာရေးကို သာ ရှေ့ရှု ပြီး မြန်မာတွေကို ဗြောင်မလာဖို့ မိန့်မှာ ထားတဲ့ ကျောင်းကို စလုံးမှာ ရှိတဲ့ မြန်မာအားလုံး တက်ညီလက်ညီ သပိတ်မှောက်ပြီး အခြားကျောင်းများမှာ သွားရောက် အလှူပြုဖို့ တိုက်တွန်းပါတယ်။
(မှတ်ချက်။ ။ အမှန်တရားကို ရေးသားပါသဖြင့်၊ သံဃာ ကို စော်ကားခြင်း မဟုတ်သဖြင့် ဒီမှတ်ချက်ကို ဗုဒ္ဓဘာသာ ၀င် တစ်ယောက် အနေဖြင့် စိတ်သန့်စွာ ရေးသားပါသည်။)
Comment by အဖြူရောင်လူ November 25, 2007 @ 5:26 amဟုတ်တယ်၊ အဲဒီဘုန်းကြီးကျောင်းကို မသွားကြပါနဲ့ သပိတ်မှောက်ကြပါ။ ညီမလင်းလက်ပြောတာ လုံးဝ ထောက်ခံတယ်။ မြန်မာပြည်မှာ ဗုဒ္ဓ
Comment by YeKyawAungMDY November 25, 2007 @ 6:33 amသာသနာ ပျောက်တော့မယ်။ အဲဒါကိုမှ ပြည်ပမှာ ရှိနေတဲ့ သာ့သနာဝန်ထမ်းနေတဲ့ ကိုယ်တော်တွေက ဗမာပြည်မှာ စစ်မှန်သော သာသနာ ပေါ်ထွန်းအောင်
( နအဖ လက်ဝေခံ ဟန်ပြသာသနာ မဟုတ်) မလုပ်ရင် ပြည်တွင်းသံဃာ့သပိတ် ကံဆောင်မှုကို မထောက်ခံရင် အဲဒီ ဘုန်းကြီးကို ဘုရားသားတော် စစ်စစ် လို့ပြောဖို့ ခက်သွားပြီ။ အဲဒီကျောင်းကို လုံးဝမသွားပါနဲ့၊ သပိတ်မှောက်ကြပါ။
ညီမရေ .. ဒီပို့စ်အတွက် ရှင်းထားတာလေး ကျေးဇူးပါ ။ အမတို့ အားလုံး တိုပါရိုးဘုန်းကြီးကျောင်းကို မသွားကြတော့ဖို့ ၊ ဆုံးဖြတ်လိုက်ပြီ ။
Comment by ဂျစ်တူး - gyit_tu November 25, 2007 @ 10:08 amမလင်းလက်ရေ အခု အလည်လာတယ်နော် အဲဒီတိုပါရိုးကျောင်းက ဘုန်းကြီးတွေ ကိုမေးကြည့်စမ်းပါ။ ဒီအခြေအနေရောက်အောင် ဘယ်သူတွေက ကျေးဇူးပြုလိုက်တာလဲလို့ ။ : ငစိန်ဆန်းကြမ်းရော ပေါ်ဆန်းမွေး ရွှေဘိုမနော်ဆိုတဲ့ ထမင်းလုံးတွေ အရှင်းဘုရားတို့ဗိုက်ထဲမှာ မြင်နေရပါသေးတယ်လို့။ သူများလှူမှ စားရတဲ့ဘုန်းကြီးဘ၀ကို ဘာတွေမာန်တက်နေကြတာပါလိမ့်နော်။ တော်ပါပီ ဒီလောက်ပါပဲ။ နောက်မှ ရေးဦးမယ်။
Comment by MyoMyanmar November 25, 2007 @ 3:01 pmThanks for your post.This is the true story.I feel so sad.I have decided not to visit there anymore.Toa payoh’s monk side with junta.
Comment by zinlone November 25, 2007 @ 4:10 pmတိုပါးယိုး ဘုန်းကြီးကိုစတင်ဆောက်သူ ဟာ သာသနာ့ဥသျှောင် ဥကဌ ဦး ပညာဝံသလို့ ခေါ်တဲ့ ပီနန်ဆရာတော်ကြီးပါ။ အခုကျောင်းထိုင်ဟာ ပီနန်ဆရာတော်၏ တပည့်ပါ သူကိုယ်တိုင် လွှဲပြောင်းပေး ခဲ့တာပါ။ ကျောင်းဆောက်တုန်းက ယခု ကျောင်းထိုင် ဆရာတော်မှာ စင်္ကာပူ ဗီဇာမရလို့  ယိုးဒယား မြန်မာ စလုံး ခေါက်တုန့် ခေါက်ပြန် ပြေးနေခဲ့ရတာပါ။ တကယ် စေတနာနဲ့ ဆောက်ပြီး လျှုခဲ့တဲ့ ဆရာတော်ကြီးက ပီနန်ဆရာတော်ပါ။ ကိုယ်တွေ့ အဖြစ်ပျက်တခု ပြောပြချင်ပါတယ်။ မိခင်ဆုံးသွားလို့  တိုပါးယိုး ဘုန်းကြီးကျောင်းမှာ ကိုယ်တိုင် အပင်ပန်းခံ ဆွမ်းသွားချက်ပါတယ်။ အရင်ကလည်း ဘုရားရွှေကပ် အလျှုငွေထည့်နဲ့  အမြဲသွားပါတယ်။ အဲဒီမှာ အလျှူအတွက် ကိုယ်တိုင်မချက်ဘဲ အလျှုငွေထည့်ဖို့  ကျောင်းထိုင်ဦးတိလောက က ပြောလာပါတယ်။ မိခင်ကြီးအတွက် ကိုယ်တိုင်ချက်ပါရစေပြောလို့  လက်ခံသွားခဲ့ပါတယ်။ အာရုံဏ်ဆွမ်းသွားချက်တဲ့ အခါ ညနေဘက် သွားချက်ရတာပါ။ ရောက်ပြီး ချက်ဖို့ ပြုတ်ဖို့ လုပ်တော့ ထမင်းချက်တဲ့ အခန်းကို သော့ခတ်ထားပါတယ်။ အလျှုလုပ်တာ ဒီကျောင်းက ဘုန်းကြီးတွေ အတွက်ပါ။ ၀ယ်လာတဲ့ ရေခဲမုန့် တွေ အပြင်မှာ ထားရပါတယ် အပြင်မှာ ချက်ဖို့ ပြုတ်ဖို့ အိုးခွက် တွေ ပစည်းတွေ မရှိလို့  ချက်တဲ့ အခါမှာ တညလုံး အခက်ခဲဖြစ်ခဲ့ရပါတယ်။ နောက်မှ သိရတာက ကျောင်းထိုင်ဦးတိလောက က အလျှုငွေနဲ့ ဆွမ်းကပ်ဖို့ ဘဲ သဘောတူကြောင်း ဆွမ်းချက်လျှင် ကုန်ကျမည့် လျှပ်စစ်မီးဖိုး ရေဖိုးနဲ့ တခြားပစည်းဖိုးတွေကို ပါ အလျှုပေးမှ ပေးချက်ကြောင်း သိရပါတယ်။ နောက်အလျှုတွေ မှာ လမ်းထိပ်က မဟာစည်၂ပါးကျောင်းမှာ အလျှုပေးတော့ ဆရာတော်က တရားချ မိန့် တော်မူတာမှာ ဒကာ၊ဒကာမတို့  ဘုန်းကြီးကို လျှုတဲ့ ဆွမ်းဟာ ဘုန်းကြီးပိုင်ပြီ။ ဒါ့ကြောင့် တပည့်တော် ချက်တဲ့ ဒီဟင်းလေးဘုန်းပေးပါ ဟိုဟင်းလေး ဘုန်းပေးပါ ပြောခွင့်မရှိသလို။ ကျုပ်က ပြန်လျှုဒါန်းတာကို လည်း ၀င်မစွက်ရဘူး။ အလျှုဆိုတာ သဓါစိတ်အပြည့်နဲ့  လျှုရတယ် လို့ မိန့် တော်မူခဲ့တဲ့ အတွက် မနေ့ က တိုပါးယိုး ဘုန်းကြီးကျောင်းကြီးက ရခဲ့သော ဒေါသစိတ်၊ မခံချင်စိတ်။ မသက်သာစိတ်များဟာ တိုပါးယိုး ၂ပါးကျောင်း မဟာစည်ဆရာတော်တွေရဲ့ တရားအေး ကြောင့် ဧမြခဲ့ရပါတယ်။
Comment by ဂျေဂျေ November 27, 2007 @ 11:01 pmအဲဒီအချိန်က စပြီး ဆရာတော် ဦးစံရှိတဲ့ အချိန်ကလွဲပြီး တိုပါးယိုးဘုန်းကြီးကျောင်းကို ခြေဦးမလှည့်တော့ပါဘူး။ ၂ပါးကျောင်းမှာ တရားထိုင်ပြီး အလျှုပေးခဲ့ ပြီး စိတ်၏ ဧချမ်းရာ ရခဲ့ပါတယ်။
ကိုယ်တွေ့ အဖြစ်အပျက်နှင့် ပတ်သက်ရ်ျ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါသည်။
http://www.joyful4all.blogspost.com
Comment by ဂျေဂျေ November 27, 2007 @ 11:10 pmဗမာ့ နိုင်ငံရေး သမိုင်း တလျှောက် နှစ်ပေါင်း ရာ၊ထောင် ချီပြီး ဘုရား ကျောင်းကန် ဘာသာရေး အဆောက်အအုံ အဖွဲ့အစည်း တွေ ဟာ အရေးပါခဲ့ ပါတယ်။ ရှေးဘုရင်တွေ စစ်မထွက်ခင် ဘုရား ကျောင်းကန် တွေမှာ အောင်စေကြောင်း ဆုတောင်း ခဲ့တာ တွေကအစ ရဟန်းပျို အဖွဲ့ ဆိုပြီး လှုပ်ရှား ခဲ့ကြတဲ့ ဘာသာရေး အဖွဲ့အစည်း တွေဟာ ဘယ်သူမှ ငြင်းလို့မရတဲ့ သမိုင်း အချက်တွေပါ။
Comment by FYI November 28, 2007 @ 12:32 pmI’ve deciced not to go to TPY Temple again after reading your post. I don’t like the nature of that temple since the first time I visited there.
Comment by Neo Photon November 29, 2007 @ 11:32 am