ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ခွပ်ဒေါင်းများနှင့်ခွဒေါင်းများ
December 6, 2007, 5:57 pm
Filed under: My Opinion, Shameless Groups

လင်းလက်ကြယ်စင်သည် ဒီမိုကရေစီလမ်းစဉ်စစ်စစ် မြန်မာပြည်မှာ ရရှိဖို့အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အမှန်တကယ်လုပ်ဆောင်နေသော တက်ကြွသူများ ၊ နိုင်ငံရေးသမားကြီးများ ၊ မျိုးချစ်လူငယ်များကို လှိုက်လှိုက်လှဲလှဲလေးစားပါသည် ။


လင်းလက်ကြယ်စင်ဘလော့ခ်သည် `ခွဒေါင်း´များကို နေရာမပေးပါ ။ ထိုလူများနှင့်ပတ်သတ် မရိုင်းချင်သလို ယဉ်ကျေးမည်လည်းမဟုတ်ပါ ။



လင်းလက်ကြယ်စင်ဘလော့ခ်သည် နအဖကိုကာကွယ်ပေးပြီး ဒီမိုကရေစီဘက်တော်သားများနှင့် ပူးပေါင်းသလိုလို ၊ ဆန္ဒပြသလိုလိုနှင့် အခွင့်ရေးသမားများကို ဆန့်ကျင်သည်။



လင်းလက်ကြယ်စင်သည် ဘက်မရှင်းသည့် ၊ မိမိကိုယ်မိမိ ဘာကာလာမှန်းတောင် မသိသည့် လူများကို မကြိုဆိုမထောက်ခံပါ ။



လင်းလက်ကြယ်စင်သည် စီးပွားရေးအရမွဲတေပြီး စစ်အာဏာရှင်စနစ်လက်အောက်မှာ ဒုက္ခအတိရောက်နေသော ပြည်သူများဘက်မှ အပြည့်အ၀ရပ်တည်ပြီး ရပ်တည်ချက်မှန်ကန်သောသူများအား ကြိုဆိုအားပေးလေးစားပါသည်။



ဒါကတော့ ကျွန်မရဲ့ ရင်တွင်းစကား ပုံသေသတ်မှတ်ချက်တွေပါ .. ။


ကျွန်မက ဘယ်သူ့ကိုမဆို ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ရဲရင့်တာ ၊ ပြတ်သားတာ ၊ သတ္တိရှိတာကို အမှန်တကယ်သဘောကျပါတယ် .. ။ နအဖဘက်က ကာကွယ်ပေးနေတဲ့လူတွေဆိုရင်လည်း ပြတ်ပြတ်သားသား ရပ်ကြစမ်းပါ .. ။ လူဆိုတာ ဘာပဲလုပ်လုပ် `မိမိရွေးချယ်လုပ်ကိုင်မှုအတွက် မိမိမှာ တာဝန်အပြည့်ရှိပါတယ်´ .. ။ မိမိကိုယ်မိမိ ဘာလုပ်နေလဲဆိုတာ မိမိလိပ်ပြာကပဲ သိအောင် အရင်ကြိုးစားသင့်ပါတယ် ။ နအဖဘက်တော်သားဆိုရင်လည်း ပြဿနာမရှိပါဘူး ။ သမိုင်းရဲ့ တရားခံထဲ ၀င်ဖို့သာ အသင့်ပြင်ထားပေါ့။

အခုတစ်လောမှာ ခွဒေါင်းတွေကို မြင်လာရတာ အမှန်တကယ် ကျက်သရေတုံးပါတယ် .. ။ မြောက်ကြွမြောက်ကြွနဲ့ ခွဒေါင်းလုပ်ပြီး လူတွေအမြင်မှားအောင် ၊ အယူအဆတွေ ယုန်ထင်ကြောင်ထင် လုပ်နေတာတွေကို အမှန်တကယ် ဆောင့်ကန်ချင်ပါတယ် .. ။

ဒီမိုကရေစီဘက်တော်သားတွေ ၊ သူငယ်ချင်းတွေ ၊ မောင်နှမတွေအားလုံးကို တစ်ခုပဲ အကြံပြုသတိပေးလိုတာက

ခွပ်ဒေါင်းနဲ့ခွဒေါင်း ကွဲကွဲပြားပြား မြင်နိုင်ကြပါစေ … ။

မှတ်ချက်။ ကျွန်မသည် သာမန်ခပ်တုံးတုံးမိန်းမတစ်ယောက်သာ ဖြစ်သည် ။ ကျွန်မသည် အသက် ၁၉နှစ်သာ ပြည့်တော့မည်ဖြစ်သော်လည်း ခွဒေါင်းများ ၊ နအဖ၏ယုတ်မာမှုများနှင့် ပတ်သတ်လာလျှင် မရင့်ကျက်နိုင်သေးပါ။ ရိုင်းသည်ဟု စွပ်စွဲလျှင် ၀မ်းသာအားရ လက်ခုပ်ပါတီးပေးမည်ဖြစ်ကြောင်း။



9 Comments so far
Leave a comment

အမပြောတာနဲ့  ကျနော့်ကိုကျနော်တောင်
ဘာ ဒေါင်း မှန်းမသိတော့ဘူး ဟီဟီ
ဘာဒေါင်းပဲဖြစ်ဖြစ် ဒီမိုကေ၇စီဟာ စစ်ဘက်အုပ်ချုပ်ေ၇းထက်စာ၇င် တိုင်းပြည်ကို အထောက်အပံ့ပေးနိုင်မှာကို ကျနော်ယုံကြည်ပါတယ်..။

Comment by လူမော်

ဒီပို့စ်ကိုတော့ လုံးဝ ကွန်ဂရက်ကျူလေးရှင်းပဲကွာ။

Comment by ကလိုစေးထူး

လင်းလက် ဒေါသကြီးလှချီလား။ ဟားဟား 😛 အပြည့်အ၀ ထောက်ခံပါတယ်ဗျာ။

Comment by MgThaJan

ကြယ်စင်ကျော်က–ကိုနစ်နေမင်းရဲ့သဘောထားကိုအ၇င်တီးခေါက်သင့်ပါတယဲ–အီးမေးလိပ်စာရှိတာပြ–စာမျက်နှာတွေပေါ်မှာမဖွသင့်ပါဘူး–နာမယ်ကြီးချင်လို့လား–သူဟာရည်၇ွယ်ချက်ရှိတဲံသူတစ်ယောက်ပါ–သူလုပ်ရပ်တွေကိုလေးစားဥင့်သောအားဖြင့်–တွေ့ဆုံမေဲမြန်းမှုကြိုီးစားပေးသင့်ပါတယ်–သူဘလိုလူလအြားလုံးကသိာကပါတယ်–

Comment by ain

ညီမလင်းလက် အရမ်းကိုကောင်းတဲ့ပို့စ်လေးတစ်ခုပါ..။
တကယ်ကိုပဲ ခွပ်ဒေါင်းလိုလို ခွဒေါင်းလိုလိုတွေတွေ့ရတာ စိတ်မချမ်းသာစရာပါပဲ…။ Bravo !

Comment by hero

ကြယ်စင်ကျော်က– ကိုနစ်နေမင်းရဲ့သဘောထားကို အ၇င်တီးခေါက်သင့်ပါတယဲ– အီးမေးလိပ်စာရှိတာပဲ -စာမျက်နှာတွေပေါ်မှာ မဖွသင့်ပါဘူး– နာမယ်ကြီးချင်လို့လား– သူဟာရည်၇ွယ်ချက်ရှိတဲံ သူတစ်ယောက်ပါ– သူလုပ်ရပ်တွေကို လေးစားသောအားဖြင့်– တွေ့ဆုံမေဲမြန်းမှုကိုကြိုးစားပေးသင့်ပါတယ် — သူလိုလူအားလုံးက သိသာပါတယ်။

Comment by ain

ညီမရေ .. ခွဒေါင်းပုံလေးကို ကြိုက်တယ်ဟေ့း) အမဘလောဂ့်မှာ ပြန်သုံးလိုက်ပါရစေ ။

Comment by ဂျစ်တူး - gyit_tu

သို့ မလင်းလက်ကြယ်စင်။

ကျနော့် ရည်းစားနဲ့ အသက် တစ်နှစ်ပဲကွာပါတယ်။ အခုလိုရိုင်းဆိုင်းတာမရှိပါဘူးခင်ဗျာ။ သူလည်း သာမာန် မိန်းခလေးတစ်ယောက်ပါပဲ။ ကိုယ့်မိဘတွေအားနည်းချက်ကို ဘာကြောင့် အသက်တွေနဲ့ လူတန်းစားကို ပုတ်ခတ်ချင်တာလဲခင်ဗျာ? အချိန်ရရင် မိဘတွေ ပြုပြင်ဖို့မိဘကျင့်ဝတ် ဆရာတော်ကြီးတွေထံမှာ သြ၀ါဒခံယူခိုင်းပါခင်ဗျာ။ နောက်ပြီး အရူးလုပ်တဲ့ သတင်းဌာနကို ကာကွယ်ပေးနေတဲ့ ခါးဒေါင်းလေးတွေ (ခါးဆိုတာ အက်စကီမိုးလို မစင်လို့ အဓိပါယ်ရပါတယ်ခင်ဗျာ) အကြောင်းရှင်းပြပါဦးခင်ဗျာ။ သြော် ထုံးဆန်ကိုမေ့နေတယ်။ ချီးကျူးပါမယ်ခင်ဗျာ။ မလင်းလက်ကြယ်စင် စာအရေးအသား တော်ပါတယ်ခင်ဗျာ။ အတွေးအခေါ်လည်းတော်ပါတယ်။ ဘာမှဝေဖန်စရာ မရှိပါခင်ဗျာ။ မလင်းလက်ကြယ်စင်ကြောင့် ဒီမိုကရေစီရတော့မှာ သေချာပါတယ်ခင်ဗျာ။ အရမ်းကိုတော်ပါတယ်ခင်ဗျာ။ တာဝန်အရ ချီးကျူးပြီးပါပြီခင်ဗျာ။

စိတ်ကူးယဉ်တဲ့ ဒီမိုကရေစီရရှိပါစေခင်ဗျာ
ဇော်မျိုး

Comment by * In Search of Truth *

အခုလိုအချိန်မှာမြန်မာများအချင်းချင်းစည်းလုံးညီညွတ်ကြဘို့အထူးလိုအပ်လှပါတယ်။ မတူတာဖယ်၊တူတာကိုယူပြီးစည်းလုံးရေးကိုတည်ဆောက်ကြပါ။

Comment by Anonymous




Leave a reply to Anonymous Cancel reply