ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ကန္တာရ .. အလွမ်းဒီဇင်ဘာ
December 23, 2007, 8:27 am
Filed under: Poems


ကန္တာရ .. အလွမ်းဒီဇင်ဘာ

ပြင်းရှရှအလွမ်းတစ်ချို့

ဖွင့်ဟမပြောခဲ့ပေမယ့်

မသိစိတ်ရဲ့နှလုံးသားမှာ

မြင်နိုင်စွမ်းရှိရင်

ဒီဇင်ဘာမနက်ခင်းတွေနဲ့အတူ

မလွမ်းတတ်သူတစ်ယောက်

ခပ်တိုးတိုးလွမ်းနေတာပါ .. ။

အပြင်မှာလေနုအေးတွေတိုက်ခတ်နေချိန်

ရင်ထဲမှာတိတ်တိတ်လေးကျိတ်ငိုနေခဲ့တာ

နှစ်သိမ့်မဲ့စကားလုံးတွေနဲ့

အချမ်းတွေကြား အလွမ်းမပြေဘဲ

မျက်ဝန်းလေးတွေမှေးမှိန်ခဲ့ရပြီပေါ့ ဒီဇင်ဘာ …။

ရင်ထဲမအေးမြနိုင်တဲ့မနက်ခင်းတွေမှာ

လောင်ကျွမ်းနေတဲ့အလွမ်းတွေက

ရောက်ရှိတော့မယ့်ခရစ်စမတ်အတွက်

ဟန်ဆောင်ပြုံးလေးတစ်ပွင့်တောင်

ကြိုးစားမပန်ဆင်ပေးနိုင်တာ

(ငါ)အားတော့နာပါရဲ့ ဒီဇင်ဘာ .. ။

ခပ်တိုးတိုးခေါ်သံတစ်ခု

အပြုံးတွေပွင့်လန်းသွားတဲ့နှုတ်ခမ်းတစ်စုံ

ကြည်လင်သောနှင်းတစ်ပွင့်လို

ပျော်ရွှင်မြူးတူးစွာမျက်ဝန်းတွေဖွင့်လိုက်မှ

အို .. ဒါအိပ်မက်တစ်ခုပါလား .. ။

နောက်ဆုံးတော့လည်းကွယ်

မိုးစက်တွေရွာသွန်းနေတဲ့

ရေကန်လေးဘေးနားမှာ

အလွမ်းတွေနဲ့ထိုင်နေခဲ့ရင်း

ခရစ်စမတ်ဒီဇင်ဘာဆိုတာ

ငါ့အတွက်တော့ ကန္တာရရက်စွဲတွေပါ .. ။

လင်းလက်ကြယ်စင်


5 Comments so far
Leave a comment

နာတိတယ်ဟေ့–

Comment by မမခိုင်

ကျနော်တို့ တောသားနှစ်ယောက် နအဖ ပြုတ်ကျရေး လမ်းစဉ်ကို လက်တွေ့ကျကျ တင်ပြလိုက်ပါတယ်။ အတင်းပြောတာနဲ့ အရေမရအဖတ်မရ အလုပ်တွေကို စိတ်ကုန်နေသူတွေကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ http://lightofmyanmar.blogspot.com/

Comment by * In Search of Truth *

ရင်ထဲမအေးမြနိုင်တဲ့မနက်ခင်းတွေမှာ
လောင်ကျွမ်းနေတဲ့အလွမ်းတွေက
ရောက်ရှိတော့မယ့်ခရစ်စမတ်အတွက်
ဟန်ဆောင်ပြုံးလေးတစ်ပွင့်တောင်
ကြိုးစားမပန်ဆင်ပေးနိုင်တာ
(ငါ)အားတော့နာပါရဲ့ ဒီဇင်ဘာ .. ။
ဟုတ်တယ်ညီမလေးရေ။ပြုံးရင်လည်းအားရပါးရဘဲပြုံး
ချင်ပါရဲ့.အကိုလည်းညီမလေးကဗျာလေးထဲကလိုဘဲခံစားနေရသူပါ

Comment by Saung Yune La (aka) Way

လင်းလက်ရေ ကန္တာရ .. အလွမ်းဒီဇင်ဘာ ကဗျာလေးသဘောကျတယ် နှင်းမဝေမြူမစိုင်း အပူလှိုင်းကိုအန်တု နွေကိုရန်ပြုရင်းနဲ. စင်ကာပူက ဒီဇင်ဘာဆောင်း အိမ်မက်တွေတောင် မမက်သေးခင် ဟောင်းဟောင်းသွားတယ် ပူလွန်းလို.ပါညီမရယ်

Comment by J Moe

ကဗျာက ခံစားချက်ပါတယ်။ အသက်ဝင်တယ်။ ဘာကို ဆိုလိုချင်တယ်ဆိုတာ ခံစားချက်ပါပါနဲ့ စပ်ပြထားတယ်။ တစ်ကယ်ကောင်းတယ်။ မြှောက်တာမဟုတ်ဘူး၊ ညီမရေ။ တစ်ကယ်ပြောတာ။

Comment by YeKyawAungMDY




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: