ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ကျွန်မနှင့်တန်ဂလင်းရဲစခန်း
January 5, 2008, 11:22 am
Filed under: Lin Let Kyal Sin, News And Activities
အလုပ်ရှုပ်နေတုန်း ဖုန်းလာနေတာ ကျွန်မ စိတ်ရှုပ်ရှုပ်ဖြင့် ကောက်ကိုင်လိုက်သည်။

`လင်းလား´

`ဟုတ်ပါတယ် ပြောပါ´

`မင်းတို့ အာဆီယံဆန်းမစ်ကိစ္စအတွက် ရဲဌာနကို အင်တာဗျူးလာလို့ရမလား´

ရုတ်တရက် အလုပ်တအားရှုပ်နေချိန်မို့ ကျွန်မ ကြောင်တောင်တောင်ဖြစ်သွားသည်။ ခေါင်းထဲမှာ အလုပ်ကိစ္စတွေပဲရောက်နေတာမို့

`အမ် အာဆီယံဆန်းမစ်ဟုတ်လား ဘာအတွက်လဲ´

`မင်းတို့ဆန္ဒပြခဲ့ကြတဲ့အဖွဲ့လေ။ ရဲစခန်းကိုလာရမယ်။ စစ်ဆေးမေးမြန်းဖို့အတွက်ပါ´

ဆန္ဒပြခဲ့တာလည်း ကြာပြီမို့ ကျွန်မဖြင့် မေ့တောင်မေ့သွားပါပြီ။ အခုမှခေါ်သဖြင့် ကျွန်မမှာ တအံ့တသြဖြင့်

`ငါမအားသေးဘူး ။ ငါ့မှာ အလုပ်တစ်ဖက် ၊ ကျူရှင်တစ်ဖက် ၊ ငါ့မိသားစုတစ်ဖက်နဲ့ ချက်ချင်းတော့ မလာနိုင်ဘူး။ ငါအလုပ်အားတဲ့ရက်မှ လာနိုင်မယ်´

`မင်းဘယ်နေ့လာနိုင်လဲ´

`အခုချက်ချင်းမသိဘူး။ နောက်တစ်ရက် နှစ်ရက်နေမှ ငါ့ကိုဖုန်းပြန်ဆက်။ အခု ငါအလုပ်တအားရှုပ်နေတယ်´

ဖုန်းချသွားမှ ကျွန်မ သေချာပြန်စဉ်းစားမိသည် .. ။ ဆန္ဒပြတဲ့နေ့က သွားတဲ့ဘယ်သူတွေကို ရဲစခန်းက ခေါ်လဲ သေချာမသိသေး .. ။ အားလုံးရဲ့ စည်းလုံးမှုကိုတော့ ဒီတစ်ကြိမ်မှာ ကျိန်းသေပေါက်ပြရမည်။ အရင်အကြိမ်များနှင့်မတူ အေးအေးဆေးဆေးခေါ်သော ရဲတွေကိုတော့ စိတ်ထဲမှပြုံးမိသည်။ ဒီရဲတွေလည်း မြန်မာလူမျိုးတွေနဲ့တွေ့မှ လစာနဲ့တန်အောင် အလုပ်ပိုရှုပ်ကုန်သည်။ စင်္ကာပူမှာ တစ်ခုခုလုပ်တိုင်း နောက်ဆက်တွဲ ရဲတွေနဲ့ အကြိမ်ကြိမ် ရှင်းရတာကိုတော့ ကျွန်မစိတ်ထဲမှာ တစ်ခါတစ်လေ စိတ်ရှုပ်တာတော့ အမှန်ပါပဲ။ အလုပ်တွေတစ်ဖက် ၊ အလုပ်မှ ပင်ပန်းတာ stress များတာတွေက တစ်ဖက် ၊ အိမ်အလုပ်တွေကတစ်ဖက် ၊ ကျွန်မကျောင်းကိစ္စတွေက တစ်ဖက်နဲ့ မအားလပ်နိုင်အောင် အလုပ်စုများချိန်မှ တိုက်တိုက်ဆိုင်ဆိုင် ဒီရဲတွေနှင့် တွေ့ရဦးမည် ..။ ကျွန်မက အကြောင်းမပြန်ရင်လည်း တဂွမ်ဂွမ်ဆက်ခေါ်တတ်သည့် သူတို့အကြောင်းကို သိပြီးသားမို့ မြန်မြန်သာ သွားတွေ့မှ နားအေးမှာကိုတော့ ထည့်စဉ်းစားရသေးသည်။ ဒီစစ်ဆေးမေးမြန်းခြင်းအတွက် ကျွန်မရဲ့ အားလပ်ရက်လေးတစ်ရက်ကို စိတ်မပါစွာ ပေးဖို့ တွက်ချက်ရင်း ကျေးဇူးရှင်တို့နှင့် မကြာခင် သွားတွေ့ရပါတော့မည်။


2 Comments so far
Leave a comment

ရဲစခန်းကို သွားသာသွားဗျို့။ မိတ်ဆွေတွေ အဖော်ခေါ်သွားသင့်တယ်။ အင်အားပြတဲ့သဘောလည်း ပါတယ်။ ရန်ကုန်မှာ ဆန္ဒပြသူတွေ အင်းစိန်ထောင်ထဲက ဖျာကြမ်းပေါ် ကွေးနေလောက်ပြီ။ ပြည်ပက ဆန္ဒပြသူတွေက အဲဒီလိုတော့ မခံရပါဘူး။ စင်္ကာပူမှာ ဆန္ဒပြခဲ့ကြတဲ့ မြန်မာပြည်သားများကို ရာနှုန်းပြည့် အားပေးပါတယ်။

Comment by Z Win

ထူးဆန်းတာကတော့ တရုပ်ကြီးကို အဖေခေါ်နေတဲ့ နအဖ စစ်သားတွေ တရုပ်ကြီးလိမ်တဲ့အ ကြောင်းရေးတာကို စိတ်မဆိုးပဲ ဒီမိုကရေစီဝါဒသမားတွေသာ စပ်စပ်ထိ မခံနိုင်ဖြစ်နေတယ်

Comment by Anonymous




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: