ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ကဗျာဆရာစောဝေ၏လက်ရာပြောင်မြောက်သောကဗျာ
January 23, 2008, 5:10 am
Filed under: News And Activities

ဒီကဗျာရဲ့ ထိပ်ဆုံးစာလုံးတစ်လုံးစီကိုပဲ စာဖတ်သူတို့ ဖတ်ကြည့်လိုက်ပါ။ မြင်လိုက်ရမည့် စာလုံးကတော့ `အာဏာရူးကြီး မှူးကြီးသန်းရွှေ´ဖြစ်ပါတယ်။ ဒီကဗျာကို ဇန်န၀ါရီလ ၂၁ရက်နေ့ အချစ်ဂျာနယ်မှာ ကဗျာဆရာ စောဝေက ရေးသားခဲ့ခြင်းပါ။

တိုက်ဆိုင်သွားတာလား ၊ တမင်ရည်ရွယ်ပြီးရေးတာလား ကဗျာဆရာကိုယ်တိုင်ပဲသိပါလိမ့်မယ်။ ဒီကဗျာနဲ့ပတ်သတ်ပြီး ရန်ကုန်မှ လူအများက ၀ယ်ယူကြည့်ရှုကြပြီး ထုတ်ဝေသူနဲ့အယ်ဒီတာကတော့ ခေါ်ယူမေးမြန်းခြင်း ခံနေရတယ်လို့ သတင်းကြားသိရပါတယ်။ ကဗျာဆရာစောဝေမှာ ယခုလောလောဆယ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ `စာတစ်စောင် ပေတစ်ရွက်´ အမှန်တရားခံစားချက်ကို ဖော်ထုတ်နေတဲ့ ပြည်သူတွေခံစားချက်ကို စစ်အာဏာရှင်နှင့်အပေါင်းပါများ ပိုမိုနားလည်သင့်ကြပြီလို့ ယူဆမိပါတယ်။ ကဗျာဆရာကိုစောဝေ အန္တရာယ်မရှိ လွတ်မြောက်ပါစေလို့လည်း ဆုတောင်းဆန္ဒပြုမိပါတယ်။


4 Comments so far
Leave a comment

တော်တော်ကြိုက်သွားပြီ…အဲစာအုပ်လေးကို

Comment by Mintasay

တမင်ရေးလား မတော်တဆဖြစ်သွားလားဆိုတာတော့ အစ်မပြောသလိုပဲ ကဗျာဆရာကိုယ်တိုင်ပဲသိမှာပဲ။ အစ်မနဲ့အတူဆုတောင်းပေးပါတယ် ကဗျာဆရာကိုစောဝေ အန္တရာယ်မရှိ လွတ်မြောက်ပါစေလို့။

Comment by Winkabar

ကဗျာဆရာ ကိုစောဝေ ! ဂုဏ်ယူတယ်ဗျာ ၊ ပြောင်မြောက်ပါပေတယ် ၊ လင်မယား ၂ယောက်စလုံးအတွက်လည်း စိုးရိမ်မိပါတယ် ။

Comment by a2me

အင်မတန်ကောင်းတဲ့ကဗျာလေးပါဘဲဗျာ။ လေးစားမိသလို ကဗျာဆရာ ကိုစောဝေအတွက်လဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ ပုလဲသွယ်ရေးနည်းနဲ့ ရေးထားတယ်လို့ ယူဆပါတယ်

Comment by ဟယ်ရီ




Leave a reply to ဟယ်ရီ Cancel reply