ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


စီဗောက်စ်များတွင်မိုက်ရိုင်းယုတ်မာနေသော အမျိုးယုတ်မိစ္ဆာများ
February 10, 2008, 1:33 pm
Filed under: Shameless Groups
™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! ™


အခုရက်ပိုင်း တော်တော်များများဘလော့ခ်ရဲ့စီဗောက်စ်တွေမှာ ကျွန်မနှင့်ပတ်သတ် မျက်လုံးဖြင့်မမြင်ဝံ့လောက်အောင် မိုက်ရိုင်းယုတ်မာစွာ ရေးသားထားသော စာများကို တွေ့ရှိနေရပါတယ်။ မလိုအပ်တဲ့အရာတွေ ၊ လူမဟုတ်တဲ့ သတ္တ၀ါတွေရဲ့ ရိုင်းစိုင်းယုတ်မာမှုတွေ ၊ နှမချင်းမစာနာဘဲ အလုပ်မရှိ အားအားယားယား အွန်လိုင်းပေါ်မှာ မိုက်ရိုင်းနေတဲ့လူတွေနှင့်ပတ်သတ် ကျွန်မက ဂရုမစိုက်ဘဲနေနေပေမယ့် အခြားဘလော့ခ်ဂါတွေလည်း တချိန်လုံး ညစ်ညမ်းမက်ဆေ့ခ်ျတွေကိုဖျက်ပေးရ ၊ ဘန်းပေးရနှင့် အလုပ်များမှာကိုတော့ ကိုယ်ချင်းစာမိပါတယ် ။


အမျိုးယုတ် မိစ္ဆာတွေနှင့်ပတ်သတ် ပြန်ပြီးစကားများလေ့မရှိတဲ့ ကျွန်မအကျင့်ကြောင့် တမင်တကာ လုပ်နေကြတာကိုလည်း ကျွန်မကောင်းကောင်းသိပါတယ်။ မြန်မာမိန်းကလေးတစ်ယောက်ကို အင်မတန် မိုက်ရိုင်းယုတ်မာစွာ ပြောရဲတဲ့ သတ္တိကိုတော့ ချီးကျူးပါတယ်.. ။ အမျိုးကောင်းသားသမီးတစ်ယောက်ကို စကားအရ ညစ်ညမ်းစွာပြောဆိုလိုက်ကာမှ နေသာထိုင်သာရှိတယ်ဆိုရင်တော့ မိမိကိုလူဖြစ်အောင်မွေးပေးခဲ့တဲ့ မိခင်က မိန်းမတွေဆိုတာ မမေ့ဖို့တော့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ မိမိဘယ်သူလဲ ၊ ဘယ်လိုစကားတွေကို ယုတ်မာရိုင်းစိုင်းစွာ အကြောင်းမဲ့ ပြောနေလည်း မိမိလိပ်ပြာကပိုသိပါတယ်။ ရှက်တတ်ရင် အဲဒီနေရာမှာ အချက်တစ်ရာလောက်ဆောင့်ပြီး သေသင့်နေပါပြီ။

ဒီလိုမိုက်ရိုင်းယုတ်မာတဲ့လူတွေနှင့်ပတ်သတ်ပြီး ကျွန်မတို့ဘလော့ခ်ဂါအချင်းချင်းဟာ အချင်းချင်းပြောနေစရာမလိုဘဲ ကိုယ့်အသိစိတ်လေးနဲ့ကိုယ် ညစ်ညမ်းမက်ဆေ့ခ်ျတွေကို ဖျက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်။ အားလုံး စိတ်အနှောင့်အယှက်ဖြစ်ခြင်းမှ ကင်းဝေးကြပါစေ။


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: