ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


C-Box Registration
February 19, 2008, 5:17 pm
Filed under: Others

ညစ်ညမ်းစာများကြောင့် လွတ်လပ်စွာရေးသားခွင့်ပေးထားသော ကျွန်မစီဗောက်စ်ကို ခေတ္တခဏဖြုတ်ထားလိုက်ရပါတယ်။ ကျွန်မ တအားအလုပ်များနေတာကြောင့် တစ်ချိန်လုံး အဲဒီမက်ဆေ့ခ်ျတွေကို မကြည့်နိုင် ၊ မဖျက်နိုင်တာကြောင့်ပါ။ သူငယ်ချင်းတွေ ၊ စာဖတ်သူတွေက စီဗောက်စ်မှာ နှုတ်ဆက်ပြောဆိုခြင်းကို နှစ်သက်ကြတာ ကျွန်မသိတဲ့အတွက် စီဗောက်စ်ကို Upgrade လုပ်ပေးလိုက်ပါပြီ .. ။ ကျွန်မ စီဗောက်စ်မှာ ရေးသားလိုလျင် register လုပ်ဖို့အတွက် သုံးလိုသည့် username & password နှင့် Email Subject နေရာမှာ To Register ဟုရေးပြီး အီးမေးလ်ဖြင့် linletkyalsin@yahoo.com ကို ပို့လိုက်ပါ။ username ကို အင်္ဂလိပ်လိုပဲပေးကြဖို့ အကြံပြုလိုပါတယ်။ Register လုပ်ပေးပြီးရင် ကျွန်မ email နဲ့ အကြောင်းပြန်လိုက်ပါ့မယ် ။

ကျွန်မလုပ်ဆောင်ချက်များ ၊ ကျွန်မ အရေးအသားများနှင့်ပတ်သတ် အပြုသဘောဝေဖန်ရေးများကိုသာ လက်ခံကြောင်းလည်း ထပ်မံပြောလိုပါတယ် .. ။ ဒီဘလော့ခ်ဟာ ကျွန်မခံစားမှုတွေနှင့် အခြားလက်လှမ်းမှီရာများကို ရေးသားသီကုံးသည့် ဘလော့ခ်ဖြစ်တဲ့အတွက် မဆိုင်တဲ့မေးခွန်းတွေ ၊ ထပ်ခါတလဲလဲမေးခွန်းတွေအားလုံးအတွက် တစ်ယောက်ချင်းစီကို ကျွန်မ လိုက်မဖြေနိုင်တာလည်း နားလည်ပေးစေလိုပါတယ် .. ။

လွတ်လပ်စွာ သီကုံးရေးသားချင်သည့် ကျွန်မစိတ်နှလုံးသားထဲမှာ ကျွန်မခံယူထားသည့်အရာတစ်ခုကတော့

အမှောင်ထဲမှာ ထိုင်နေတာထက် ကျွန်မနိုင်တဲ့ဖယောင်းတိုင်သေးသေးလေးတစ်ခုကို ကျွန်မ ကြိုးစားထွန်းညှိလိုက်ပါတယ်။ နေရာအနှံ့အပြားကိုတော့ အဲဒီဖယောင်းတိုင်လေးရဲ့ အလင်းရောင်က အများကြီးမရောက်သွားပေမယ့် သူထွန်းညှိထားတဲ့ နေရာနယ်ပယ်လေးတစ်ခုမှာတော့ အလင်းရောင်တစ်ခုအဖြစ် အနည်းငယ်လင်းသွားတယ် .. ။ အဲဒါကိုပဲ မမှိန်သွားအောင် ကျွန်မ ကြိုးစားပြီး ဆက်လက်ထိန်းသိမ်းသွားရမှာပါ .. ။


5 Comments so far
Leave a comment

အမကိုအကြံပေးချင်ပါတယ် အခုလိုကောင့်လုပ်ပြီးမှရေး ရတော့ မသမာတဲ့လူတွေက အမဆီမှာအရင်ဦးဆုံးအ ကောင့်ဖွင့်ပြီးပေါက်ကရတွေရေးနေကုန်ပြီး ကျွန်တော် ဖြစ်စေချင်တာက အကောင့်မရှိတာကမှ တွေ့ လို့ အမြင် မတော်တဲ့သူကကောင်းနိုးရာရာလေးတွေကိုရေးပြီး ပို့  အဟောင်တွေကိုဖျက်ပေးလို့ ရပါသေးတယ် အခုဆိုရင် ကျွန်တော်တွေတာ ဆီဘောက်မှာအပြည့်ပါပဲပေါက်ကရ စာတွေရေးထားလိုက်တာ ကျွန်တော်ဘယ်လိုဖျက်ပေး လိုရတော့မှာလဲ အမဆီမှာအကောင့်ဖွင့်နေတာနဲ့ တင် ဆီဘောက်မှာက ထက်ပြည့်သွားပြန်ပြီ……………….အကြံပေးတာပါ………………………………………..
ကျော်လင်းထွန်း

Comment byုကျော်လင်းထွန်း

အမှောင်ထဲမှာ ထိုင်နေတာထက် ကျွန်မနိုင်တဲ့ဖယောင်းတိုင်သေးသေးလေးတစ်ခုကို ကျွန်မ ကြိုးစားထွန်းညှိလိုက်ပါတယ်။ နေရာအနှံ့အပြားကိုတော့ အဲဒီဖယောင်းတိုင်လေးရဲ့ အလင်းရောင်က အများကြီးမရောက်သွားပေမယ့် သူထွန်းညှိထားတဲ့ နေရာနယ်ပယ်လေးတစ်ခုမှာတော့ အလင်းရောင်တစ်ခုအဖြစ် အနည်းငယ်လင်းသွားတယ် .. ။ အဲဒါကိုပဲ မမှိန်သွားအောင် ကျွန်မ ကြိုးစားပြီး ဆက်လက်ထိန်းသိမ်းသွားရမှာပါ
သိပ်ကိုတန်ဘိုးရှိတဲ့အတွေးအခေါ်လေးပါဘဲ

Comment by Saung Yune La (aka) Way

ဒါဆိုလဲအကောင့်တခုလောက်ဖွင့်ပေးပါအုံးဗျာ
ဘယ်လိုဖွင့်ရမယ်ဆိုတာညွန်ပြပေးပါအုံး

Comment by moe

အကောင့်ဖွင့်လိုသော မိတ်ဆွေများအားလုံး ကိုယ်သုံးချင်တဲ့ Username နှင့် Password ကို linletkyalsin@yahoo.com ဆီပို့ပေးလိုက်ပါ။ ကျွန်မ activate လုပ်ပြီးရင် အီးမေးလ်နဲ့ အကြောင်းပြန်လိုက်ပါ့မယ်။ မိမိရဲ့အကောင့်ကို စတင်သုံးရင် ပထမဦးဆုံး မိမိ username ကို ရိုက်ထည့်လိုက်ပါ .. ။ ပြီးရင် မက်ဆေ့ခ်ျရိုက်တဲ့အောက်နားလေးက profile ဆိုတာကို နှိပ်ပြီး မိမိရဲ့ password ကို ရိုက်ထည့်လိုက်ပါ .. ။ အဲဒီအခါမှာ မက်ဆေ့ခ်ျတွေကို လိုသလောက် ရေးလို့ရပါပြီ .. ။ ခဏခဏ လော့အင်မလုပ်ချင်ရင် ၀င်းဒိုးကို ပါ့စ်ဝဒ်ကို မှတ်မိအောင်သိမ်းထားလိုက်ပါရှင် .. ။ အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

Comment by LIN LET KYAL SIN

ဒီအကြံကောင်းပါတယ် ညီမလေးရေ

အစစအရာရာ အဆင်ပြေပါစေ။

Comment by pandora




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: