ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


I’m Back !!!
March 13, 2008, 4:48 am
Filed under: Uncategorized

ခင်မင်လေးစားရပါသော မိတ်ဆွေမောင်နှမ ၊ စာဖတ်ပရိတ်သတ်များ

ကျွန်မ အိမ်အပြောင်းအရွှေ့ကြားမှာ အရမ်းအလုပ်များနေခဲ့တာရော ၊ အင်တာနက်လိုင်းချက်ချင်းပြန်မရသေးတာရော ၊ ကျွန်မရဲ့ ကိစ္စတွေရော အားလုံးပေါင်းပြီး အွန်လိုင်းပေါ်မှ ပျောက်သွားခဲ့ရတဲ့အတွက် အားလုံးကို တောင်းပန်လိုပါတယ်။ ကျွန်မဆီကို မေးလ်ပို့ ၊ ဖုန်းတွေဆက်ပြီး ဘလော့ခ်ဆက်ရေးဖို့ တိုက်တွန်းနေသူ မိတ်ဆွေများအားလုံးကိုလည်း ကျွန်မ ဘလော့ခ်ရေးတာ ရပ်သွားခြင်းမဟုတ်ကြောင်း အလေးအနက်ပြောလိုပါတယ် .. ။ ယခုမှ ကျွန်မကိစ္စတွေအားလုံး အဆင်ပြေ ၊ အင်တာနက်ပြန်ရတာမို့ ယခင်အတိုင်း ကျွန်မ စာပြန်လည်ရေးနိုင်ပါပြီ .. ။ ကျွန်မ၀ါသနာအလုပ်များအားလုံးက ကျွန်မ မိသားစုတစ်ခုလုံးကိုဆန့်ကျင်ပြီး လုပ်နေတာဖြစ်တဲ့အတွက် နေ့စဉ် အခြားဘလော့ခ်များအားလုံးကို အချိန်မလောက်လို့ မလည်ပတ်နိုင်ခဲ့ရင် နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ် .. ။

ကျွန်မ အချိန်ရတိုင်း သွားနေကျ ဘလော့ခ်အားလုံးကို အလည်ပတ်ရောက်ရှိအားပေးသွားမှာပါ .. ။ အခက်ခဲတွေကြုံရတိုင်း မိတ်ဆွေကောင်းနှင့်မိတ်ဆွေတု ၊ အမှန်တကယ်စေတနာရှိသူနှင့် ချောက်တွန်းလိုသူ … အစရှိသည်တို့နှင့်ပတ်သတ် သင်ခန်းစာတွေ ၊ အတွေ့အကြုံတွေကလည်း တဖြေးဖြေးရလာတာမို့ အဆိုးထဲက အကောင်းအားလုံးကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်။ ကျွန်မ အွန်လိုင်းမတက်နိုင်ချိန်ကာလအတွင်းမှာ မေးလ်တွေမပြန်ဖြစ် ၊ စီဗောက်စ်မှာ ရဂျစ်စတာလုပ်လိုသူများအားလုံးကို ပြန်မဆက်သွယ်ဖြစ်ခဲ့တာအားလုံးအတွက်လည်း အခု ကျွန်မ ကြိုးစားလုပ်ပေးနေပါတယ်။ မိတ်ဆွေတို့ရေးထားတဲ့ စာတစ်ခုခု သို့မဟုတ် ရဂျစ်စတာမေးလ်များကို ကျွန်မ တစ်စောင်တစ်လေ မတော်တဆ မျက်စိမှောက်ခဲ့လို့ မပြန်ဖြစ်ခဲ့ရင် ကျေးဇူးပြုပြီး ထပ်မံပို့ပေးကြဖို့အတွက်လည်း ကျွန်မ တောင်းဆိုလိုပါတယ်ရှင်။

လေးစားလျက်
လင်းလက်ကြယ်စင်


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: