ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ဒုက္ခ သောက .. မုန်တိုင်း
May 8, 2008, 5:29 am
Filed under: My Opinion

အသက်အိုးအိမ်စည်းစိမ်အားလုံးကို နာရီပိုင်းအတွင်း ဖြုတ်ခြွေဖျက်ဆီးနိုင်တဲ့ မုန်တိုင်းသတင်းကို မြန်မာပြည်မှာ သေသေချာချာ အထူးသတင်းအဖြစ် ကြေငြာခြင်းမရှိခဲ့တာ အံ့သြရင်နာလို့မဆုံးပါဘူး။ ကျွန်မတစ်သက်မှာ ငယ်စဉ်အချိန်က တစ်မြို့လုံးရေအတိဖုံးလွှမ်းခဲ့ရပုံကို ကြုံခဲ့ရဖူးပါတယ်။ အဲဒီအချိန်ကတောင် အင်မတန်သွေးပျက်ထိတ်လန့်ခဲ့ရပါတယ်။ ဒုက္ခအတိရောက်နေချိန် .. ကျွန်မတို့ ပဲခူးနယ်မြေအဲဒီလို ဖြစ်နေခဲ့တာ ဘယ်သူမှ မသိခဲ့ကြသလို သတင်းဌာနတွေမှာလည်း အထူးတလည်ဖော်ပြခြင်းမရှိခဲ့ပါဘူး … ။ လာရောက်လှူဒါန်းကြတဲ့ ပစ္စည်းတွေကလည်း နအဖလူတွေလက်ထဲ အားလုံးလွှဲလိုက်လို့က လုံလုံလောက်လောက် လက်ထဲမရောက်ခဲ့ပါဘူး .. ။ အစားအသောက် ၊ ဆေးဝါး ၊ ကျန်းမာရေး အားလုံးဒုက္ခရောက်တာကို ကြုံဖူးသူမို့ အဆပေါင်းများစွာပိုဆိုးတဲ့ဒီမုန်တိုင်းဒုက္ခအတွက် အများကြီးကြေကွဲဝမ်းနည်းမိပါတယ် .. ။

မုန်တိုင်းအပြီး လူသေအလောင်းပုံတွေမြင်ရတိုင်း ရင်ထဲတစ်ခါဆို့နင့်မိတယ် .. ။ ဆိုးရွားလှတဲ့အခြေအနေမှာ ဘယ်လိုဒုက္ခဆိုးတွေကများ ထပ်မံဝင်ရောက်လာပါလိမ့် .. ။ သဘာဝဘေးအန္တာရယ်ကြီးကို မဖြစ်အောင် တားဆီးလို့မရပေမယ့် မိမိဘက်မှ ကာကွယ်နိုင်တာကို ကြိုတင်ပြင်ဆင်ထားလို့ရပါတယ် .. ။ ဒီအတွက် လိုအပ်တဲ့အရေးတကြီးထုတ်ပြန်ကြေငြာချက် ၊ အသံ နှင့် ရုပ်မြင်သံကြားတွေမှ သေသေချာချာ သတိပေးကြေငြာချက် ၊ သတင်းစားခေါင်းကြီးပိုင်းတွေမှာ ပြင်ဆင်သင့်တဲ့နည်းလမ်းတွေကို အထူးဖော်ပြချက် .. အစရှိတာတွေလုပ်လို့ရပါတယ် .. ။ ဒါပေမယ့် … စစ်အာဏာရှင်အပါအ၀င် အဖွဲ့အစည်းတစ်ခုလုံး ဘာများဆောင်ရွက်နေကြလဲ နားမလည်နိုင်တော့ပါဘူး။


လူသေနှုန်းတွေ အနည်းဆုံး သောင်းဂဏန်းခန့် အရမ်းများပြားလွန်းချိန် အသက်ရှင်ကျန်ရှိနေသော ပြည်သူများ စားဝတ်နေရေးအတွက် အများကြီး ကူညီရပါဦးမယ် .. ။ အဲဒီအတွက် စစ်အာဏာရှင်တွေအားလုံးဘက်မှ လိုက်မကူညီနိုင်ရင်တောင် ဘေးကနေ ကူညီချင်လွန်းလို့ အာပေါက်အောင်ခွင့်တောင်းနေကြတဲ့ နိုင်ငံတကာအသိုင်းဝိုင်းအကူညီကို ၀မ်းသာအားရလက်ခံသင့်ပါတယ် .. ။ ဒီအချိန်ဟာ အယူအဆတွေ ၊ နိုင်ငံရေးတွေ ၊ လူထုဆန္ဒတွေ ကောက်ခံစည်းဝေးနေရမယ့် အချိန်မဟုတ်ပါဘူး။ ဖြစ်ပေါ်လာတဲ့ အခြေအနေဆိုးကြီးကို အကောင်းဆုံးပြန်လည်ကယ်ဆယ်ရချိန်ပါ .. ။ မိမိဘက်မှ လိုအပ်နေချိန် သူများထံက အကူညီကို တောင်းယူရမယ့်အချိန်ပါ .. ။ အဖိုးတန်လှသော လူ့အသက်တွေအတွက် အရေးပေါ်ကူညီကယ်ဆယ်မယ့်သူတွေ လာဖို့အရေး … ဗီဇာ … ဆိုတာကြီးနဲ့ အတင်းတံခါးပိတ်ထားနေပါလားနော် … ။

မြောက်မြားစွာသော လူသေအလောင်းတွေကို ဒီအတိုင်းသာပစ်ထားနေကြရင် နောက်ဆက်တွဲဖြစ်လာမယ့် ကူးစက်ရောဂါတွေအတွက် ကျွန်မ အင်တန်စိတ်လေးနေမိပါတယ် .. ။ အပြစ်မဲ့တဲ့ ဒီပြည်သူတွေမျက်နှာမှာ ကြုံတွေ့ရတဲ့ သောကဒုက္ခတွေများလွန်းလို့ ဘာခံစားမှုမှတောင် မကျန်ရစ်တော့ပါဘူးလို့ ကျွန်မထင်မိပါတယ်။ လောလောဆယ် အရေးတကြီး လိုအပ်နေတဲ့ သောက်သုံးရေ ၊ အစားအသောက် ၊ ဆေးဝါးများ ၊ နေရာထိုင်ခင်း အစရှိတာတွေကို သေသေချာချာ အလျင်အမြန် စီစဉ်ပေးရပါ့မယ် .. ။ ဒါတွေကို သေချာမလုပ်ဘဲ ယူနီဖောင်းကြီးတွေဝတ် ၊ အစိမ်းရောင်တွေ တလဲ့လဲ့နဲ့ ဟန်ရေးပြ ပျော်ပွဲစားများ ပြည်သူတွေရှေ့ ထွက်ပြနေသလား မြင်နေမိပါတယ် .. ။

ဒုက္ခပင်လယ်ဝေနေသူတွေထဲမှာ စစ်သားမိသားစုအသိုင်းဝိုင်းတွေလည်းပါမယ် … ကြံ့ဖွတ်ဆိုတာတွေလည်း ပါမယ် .. အာဏာရှင်လက်အောက်က အလုပ်သမားဝန်ထမ်းအားလုံး ပါဝင်နေမယ်… ပြည်သူတွေအားလုံးပါဝင်မယ် … ဒီလူတွေအားလုံးကို မခွဲခြားဘဲ ကူညီဖို့အရေး နိုင်ငံတကာနဲ့ ပြည်ပရောက်မြန်မာတွေက ကြိုးစားနေတာကို အသာတကြည်လက်တွဲဆောင်ရွက်လိုက်မယ်ဆိုရင်ဖြင့် ဒီထက်ကြီးမားသောဆုံးရှုံးမှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး .. ။ ဆက်သွယ်ရေးနှေးကွေးမှုတွေအပြင် ၊ အလုပ်လုပ်ပုံလေးပင့်မှုကြောင့် မဖြစ်သင့်တာတွေတော့ ထပ်မံဖြစ်လာမှာ ရင်လေးနေမိပါတယ်။ မိမိဘက်က စနစ်တကျ မကိုင်တွယ်တတ်ရင် တတ်သိနားလည်သူတွေက စေတနာဖြင့် ကူညီပေးမှာကိုလည်း မလိုချင်မှတော့ ……… မုန်တိုင်းထဲသာ ထိုတစ်အုပ်စုလုံး ပါသွားသင့်ပါတယ် … ။

လက်ရှိအခြေအနေမှာ အလျင်အမြန်လည်း ကူညီနိုင်သလို ကူညီပါ့မယ်လို့ ကမ်းလှမ်းနေတဲ့ အမေရိကန်ရေတပ်ကို ၂၄နာရီအတွင်း နအဖဘက်က လက်ခံသင့်ပါတယ် .. ။ ဒါ့အပြင် .. ကျွန်မတို့ ပြည်ပရောက်မြန်မာတွေဘက်ကလည်း မိမိအုပ်စုမိမိနည်းဟန်များဖြင့် ပြည်တွင်းမှာ လုံခြုံစိတ်ချရသော တာဝန်ခံများမှတဆင့် သေသေချာချာ ထိထိရောက်ရောက် ကူညီလှူဒါန်းနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားရပါ့မယ် .. ။

ပြည်တွင်းရှိမြန်မာများအားလုံး မီးဘေးတစ်မျိုး ၊ စီးပွားရေးကျပ်တည်းမှု အငတ်ဘေးတစ်မျိုး ၊ လေဘေးတစ်မျိုး ၊ ရေဘေးတစ်မျိုးဖြင့် အမျိုးမျိုးသော ဒုက္ခတွေကြုံနေရတာ မင်းကောင်းမင်းမြတ်မရှိခြင်းကြောင့်ဖြစ်သလို စနစ်တကျပြင်ဆင်လုပ်ကိုင်ပုံမရှိသေးတာကြောင့် ဖြစ်ပါတယ် … ။

ဒီဒုက္ခသောကတွေအားလုံးလက်အောက်ကနေ ပြည်သူအားလုံးကို လွတ်မြောက်အေးချမ်းစေချင်ပါပြီ … ။


1 Comment so far
Leave a comment

i lov ur heart . i know u hv a sharp mind . that,s why i give u my respect nyi ma lay lin let kyal sin . .. thks ……
zaw naing
aussi ..

Comment by kokozaw




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: