ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ကြယ်တစ်စင်းရဲ့အလင်းရောင်
March 24, 2007, 10:50 am
Filed under: Lin Let Kyal Sin, True Feelings

၃ပတ်ကျော်ပြီ မနားမနေ တစ်နေကုန် မိုးလင်းကနေ မိုးချုပ် အလုပ်များနေတာ … အသက်တောင် အနိုင်နိုင်ရှုနေ၇တဲ့ ကိုယ့်ဘ၀ကိုယ် သနားတောင်သနားလာမိသလိုပဲ 😀 😀 …

မိသားစုကိစ္စက တစ်ဝက် ၊ ကိုယ့်ကိစ္စတွေက တစ်ဝက်နဲ့ အလုပ်တအားများလို့ အွန်လိုင်းဘက် ခြေဦးမလှည့်ဖြစ်တာထက် သံလွင်အိပ်မက် ဧပရယ်လ်အစ်ရှုးအတွက် စာရေးလို့မပြီးခဲ့တာ အားနာမိပါတယ် .. ။ အယ်ဒီတာတွေကို အားနာတာ မဟုတ်ပါဘူး … ။ စာဖတ်သူတွေကိုပါ … ။ လင်းကလည်း ကြီးကျယ်တယ်ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ရမလား .. ။ စာတစ်ပုဒ်ရေးဖို့ဆို ရေးတာ ၊ ပြန်ပြင်တာ ၊ မလိုတာ ပြန်ဖြုတ်တာ ၊ လိုအပ်တာ ပြန်ဖြည့်တာက သီတင်းပတ်တော်တော်ကြာတယ် … ။ ဇတ်တစ်ခုရဲ့ ကုန်ကြမ်းကိုလည်း တော်တော်လေး စဉ်းစားတယ် .. ။ ပြီး၇င်ပြီးရောစာတစ်ပုဒ်ဆိုပြီး ရေးလေ့မရှိဘူးလေ.. ။ ဘလော့ခ်မှာ ပို့စ်တစ်ခုရေးဖို့ တစ်ခါတစ်လေ ရက်တော်တော်ကြာ ပြန်စဉ်းစားတာတွေလည်း ရှိပါတယ် … ။ ဘယ်အရာမဆို ပြီးရောပြီးရောလုပ်တတ်တဲ့အကျင့်ကို မုန်းတတ်တယ် .. ။

လင်းဇတ်လမ်းတွေဖတ်ဖူးသူဆို ပိုသိမှာပါ … ။ စာမျက်နှာများသလို ဇတ်မပေါသွားအောင် အတတ်နိုင်ဆုံး ထိန်းပေးထားပါတယ် … ။ နောက် လင်းရဲ့ အကျင့်တစ်ခုက နေရာဒေသတစ်ခုအကြောင်း ရေးတော့မယ်ဆို ကိုယ်မသိတဲ့နေရာဆို၇င်အောင် အဲဒီနေရာနဲ့ပတ်သတ်တဲ့ ဓါတ်ပုံတွေ ၊ Video တွေ အကုန်ပြန်ကြည့်တယ်.. ။ အဲဒီနေရာရောက်သွားအောင် ကိုယ့်ကိုယ်ကိုယ် စိတ်သွင်းထားရတယ်.. ။ စင်ကာပူနေရာတွေ ထည့်ရေးမယ်ဆို အဲဒီနေရာကို အားတဲ့နေ့ ပြန်ပြီးထပ်သွားတယ် … ။ မသုံးရင်တောင် ပုံတွေရိုက်ထားတယ် … ။ နောက် မကြာခဏပြန်ပြန်ထုတ်ကြည့်တယ်. .. ။ အခုတစ်ကြိမ်က ကိုယ်ရေးတဲ့စာကို အချောမသတ်နိုင်တာရယ် ၊ မအားတာရယ်နဲ့ ဒီတစ်ခေါက် Issue တော့ သည်းခံပေးကြပါလို့ မေတ္တာရပ်ခံပါတယ်..။

လင်းဖြစ်ချင်တာတွေအားလုံးက အိပ်မက်တစ်ခုလို့ပဲ လင်းက အမြဲသဘောထားခဲ့တယ် .. ။ အိပ်မက်ဆိုတာ မိုးလင်းသွားရင် ပြီးဆုံးသွားမှာပဲလို့ တွေးထားခဲ့တယ် .. ။ မထင်မှတ်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ လင်းဘ၀ရဲ့ အိပ်မက်တွေအားလုံးကို ဖြည့်ဆည်းပေးမယ့် အလင်းရောင်တစ်စင်းက လင်းဘ၀ထဲကို ဖြာဆင်းလာခဲ့တယ် … ။ အဲဒီအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ရှိမိပါတယ် .. ။ လင်းက ပါစင်နယ်တွေ ရေးလေ့မရှိပါဘူး .. ။ ဒီပို့စ်က မိန်းကလေးတစ်ယောက်ရဲ့ တစ်ခုတည်းသော ၀န်ခံချက်ပါ … ။

လင်းအိပ်မက်က ဘာလည်းလို့ မေးတတ်ကြတယ် .. ။ အတိအကျ ဖြေလေ့မရှိခဲ့ဘူး .. ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြေပြီးရင် ဘာမှအကျိုးမရှိဘဲ ကိုယ်တိုင်ပဲခံစားရလို့ပါ … ။ လင်းလက်ကြယ်စင်က နိုင်ငံေ၇းသမား မဖြစ်လာနိုင်ဘူးလို့ လာလာအော်တတ်တဲ့ လူအားလုံးကို အမြဲပြောလေ့ရှိပါတယ် ။ “ကျမက အနုပညာကိုစိတ်ဝင်စားတာပါ ၊ နိုင်ငံရေးသင်ချင်စိတ်လည်း မရှိပါဘူး” .. ။ ဒါပေမယ့် မှန်ရာကိုတော့ ရေးဖို့အတွက် ကျမမှာ ခွန်အားအပြည့်ရှိပါတယ် .. ။ ကျမက Independent Girl ပါ .. ။.. ။ မှန်ကန်သော အခွင့်အရေးကြိုးစားမှုအတွက်ဆိုရင် ဘယ်အဖွဲ့မဆို ကျမလေးစားရင်တော့ ပူးပေါင်းပါဝင်လေ့ရှိပါတယ် .. ။

ကျမကို ချစ်တဲ့သူ အရေအတွက်ဘယ်လောက်ရှိလည်း ကျမ မသိပါဘူး .. ။ ဒါပေမယ့် မုန်းတဲ့သူ ဘယ်လောက်ရှိလည်းတော့ ကျမသိပါတယ် .. ။ အဲဒီအတွက် ကျမ ဘာမှလည်း ဂရုမစိုက်တတ်ပါဘူး .. ။ ကျမစာတွေ အားပေးတဲ့သူ ဘယ်လောက်ရှိလည်း ကျမ မသိပါဘူး .. ။ ကျမ စာတွေကို လည်ပတ်တဲ့သူ အရေအတွက် ဘယ်လောက်လည်းတောင် ကျမသိအောင် မလုပ်ထားပါဘူး .. ။ ကျမလိုချင်တာက ကျမက ကျမစိတ်ထဲက ကျမယုံကြည်တဲ့အမှန်တရားအတွက် Standing Alone ပါပဲ .. ။ စာဖတ်သူတိုင်း ၊ ကျမကို အားပေ့းသည်ဖြစ်စေ ၊ မအားပေးသည်ဖြစ်စေ အားလုံးကို လေးစားစိတ်ရှိပါတယ် .. ။

ကျမရဲ့ အိပ်မက်လေးတစ်ခု ဖြစ်ချင်တာက Interior Decorator ။ ကျမက ရင်ထဲကယုံကြည်ချက်နဲ့ ကျမ ရေးချင်တဲ့ အကြောင်းရာ စာများကိုလည်း တစ်ဖက်တစ်လမ်းက ရေးချင်သေးတယ် .. ။ ကျမရဲ့ စိတ်ကူးအိပ်မက်တွေကို ကျမရဲ့မိသားစုက ခွင့်မပြုတဲ့အတွက် ကျမက အားလုံးကိုချောင်ထဲထိုးထည့်ထားခဲ့ရတယ် .. ။ ကျမရဲ့ဘ၀မှာက ကျမလုပ်ချင်တာ လုပ်ခွင့်ကနည်းပြီး ကျမ မဖြစ်ချင်တာတွေချည်း ရှေ့တန်းတင်ပေးခဲ့ရတာ များခဲ့တယ် … ။

ကျမ ဖြစ်ချင်တာတွေကို အသက်သွင်းပေးတဲ့ ”သူ့”ကို ကျမ ကျေးဇူးတင်ပါတယ် .. ။ စိတ်ကူးလှလှတွေနဲ့ချည်း ပုံဖော်ချင်တဲ့ ကျမဘ၀မှာ ငွေတွေချည်းနောက် ကောက်ကောက်လိုက်ရတဲ့ ပညာရပ်ကို အမှန်ပြောရရင် တစ်စက်မှ စိတ်မ၀င်စားခဲ့ပါဘူး … ။ ၀တ်ကျေတန်းကျေလောက်ပဲ ကျမလုပ်ခဲ့တာများတယ် … ။

ကျမဘ၀ရဲ့ အဆင်မပြေမှုများစွာကြားမှာ လက်ကျန်တဲ့ မာနတစ်ခုကပဲ ကျမကို အမြဲတင်းခံပေးထားခဲ့တယ် .. ။ လိုတာတစရာ မလိုလောက်အောင် အလိုက်သိတဲ့ “သူ“ ကျမ ဘ၀ထဲရောက်လာခဲ့တာ သူနဲ့ကျမ ခံယူချက်တစ်ခုကြောင့်ဆိုရင် ကျမ ပိုပြီးဝမ်းသာနေမှာပါ .. ။ မျှော်လင့်ချက်ဆိုတာ မထားတတ်တဲ့ ကျမရဲ့ စိတ်ကူးထဲမှာ ကျမဖြစ်ချင်တာတွေ အလင်းရောင်သန်းလာခဲ့တာ တစ်ခါတစ်လေ အိပ်မက်များလား ကျမ ထင်မှတ်ခဲ့ရသေးတယ် .. ။ ကျမက ဘာတွေပဲကြုံလာခဲ့ရရ ၊ တစ်ယောက်တည်း ရင်ဆိုင်အံတုခဲ့ရတာ များတယ် .. ။ အခုတော့ ဘယ်အရာမဆို ကျမဘေးမှာ အတူရှိနေပေးတဲ့ “သူ့”ကို ကျေးဇူးတင်မိပါတယ် .. ။

ကျမစိတ်ကူးတွေကို တကယ်ဖြစ်လာအောင် ၊ ကျမအမြဲပြုံးပျော်နေအောင် ၊ ကျမသွားချင်တဲ့ လမ်းကြောင်းမှာ နွေးထွေးမှုတွေပြည့်နေအောင် ၊ ကျမကိုယ်ကျမယုံကြည်မှုတွေ ပိုတိုးလာအောင် ၊ ကျမလိုချင်တာကို အမြဲရှေ့တန်းတင် လုပ်ပေးခဲ့တာ ………. မြင်သူတကာ အားကျလောက်အောင် နွေးထွေးအေးမြတဲ့ မေတ္တာတရားတွေနဲ့ လွှမ်းခြုံစောင့်ရှောက်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးပါ …. ကို ….

ကျမသွားမယ့်လမ်း ပန်းခင်းလမ်းထက် ပိုလှပအောင် ကြိုးစားဖန်ဆင်းပေးနေခဲ့တာတွေအတွက် ရင်ထဲက သစ္စာတရားက ကျေးဇူးပါ … ကို

ကျမရဲ့ဒေါသတွေကို အပြုံးပန်းတွေအဖြစ် ပြန်ပြောင်းလဲပေးနိုင်ခဲ့တာတွေအတွက် ကျေးဇူးပါ .. ကို

ကျမလေးစားရသူလည်းဖြစ်တဲ့အပြင် ၊ ကျမထက် အဆပေါင်းများစွာ ပိုထက်မြက်ထူးချွန်သူတစ်ယောက်က ကျမကို အရာအားလုံးထက် ပိုမြတ်နိုးခဲ့တာ ရင်ထဲက မေတ္တာတရားက ထာဝရကျေးဇူးပါ .. ကို


13 Comments so far
Leave a comment

Congratulation, sis . Wish you have happy return of the days.

PMT

Comment by Anonymous

ur happiness is my wish, sis. wish u b happy with ur love. b understanding. n b careful. too much is as bad as too little. 😛
just kidding.

Comment by Kreator

Yo,sis..!
It is nice to read.. Keep it up.. =)

Comment by demo

Congratulation….
Linlet
Carry on ….
Have a nice future.

Comment by Jr. Moe Swe

nice reading is becoming your life

Comment by bobowin

finally , you are back. we have been waiting

Comment by Christina

PMT, ကျေးဇူးပဲသူငယ်ချင်း

အကိုရဲမြင့် .. ဟုတ်ကဲ့ အကို.. ကျေးဇူးအထူးနော် .. မများ မနည်း အချစ်က ပိုကောင်းပါတယ် ဟုတ်တယ်ဟုတ် …

Sis Demo, Thank You !

ဲJr. Moe Swe, Thank You, Bro !

Bro Bo Bo Win , Thank You, Bro !

Sis Christina, Thanks , sis…. I m back.. !

Comment by LIN LET KYAL SIN

“Love makes the time pass. Time makes love pass.”

Wish you can love unconditionally and with understanding!

Comment by Dewy

Hi my sis, Linlet

Nice to know you have got lover like him.
Congratulation!
Wish your dream come true together with your ‘Ko’.

Comment by MELODY MAUNG

Hi, sis

That’s good that u have someone love u and u love someone.Life will be full of happiness if someone love u.

Comment by khayayphyu

လင်းရေ
အရာရာပြည့်စုံတဲ့ချစ်သူတစ်ယောက်ရထားတာ
လင်းတွက်ဝမ်းသာပါတယ်နော်……

Comment by storyyy

congratulation Juliet
finally you found LOVE!
but one thing i want to edit 😛
u should call him “Oo” not “Ko”
sincerely urs
(friend from mmchat)

Comment by Anonymous

ခင်ဗျားရဲ့ တောမရောက်တောင်မရောက် အတွေးတွေကို ခံစားချက်လို့ ခေါင်းစဉ်တပ်ပြီး ရေးချင်ရာရေးထားတာကတော့ မနိပ်ပါဘူးဗျာ….
်အဲ… တစ်ခုတော့ရှိတယ်ဗျို့…..
ခင်ဗျားရဲ့ ချစ်သူကိုတော့ ရွှေကွပ်ထားသင့်တယ်ဗျို့…

Comment by Honey




Leave a reply to Jr. Moe Swe Cancel reply