ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ဆရာကြီးမောင်စွမ်းရည်၏ (၇၁)နှစ်ပြည့်မွေးနေ့ဆုတောင်း
February 16, 2008, 5:56 pm
Filed under: Best Wishes

`ဘာလဲဟဲ့…´ဆိုသော စကားလုံးအသုံးအနှုန်းလေးများကို မြင်ရတိုင်း ကျွန်မစိတ်ထဲ အမှတ်ရမိသူမှာ ဆရာကြီးမောင်စွမ်းရည်ပင်ဖြစ်သည်။ ဆရာကြီး၏ ဆောင်းပါးများ ၊ ဝေဖန်မှုများ ၊ ပြောဆိုမှုများကို စာစောင်များတွင် အမြဲအားပေးဖတ်ရှုလေ့ရှိပြီး ဆရာကြီးအရေးအသား အပြောအဆိုများကို ကျွန်မ အမြဲလေးစားသဘောကျမိသည် .. ။

ဆရာကြီးမောင်စွမ်းရည် ဆောင်းပါးများကို စုစည်းထုတ်ဝေသော `ဘာလဲဟဲ့ မောင်စွမ်းရည်´ စာအုပ်ကို အွန်လိုင်းမှပင် ကျွန်မရှာဖွေတွေ့ရှိခဲ့ပြီး အလွန်သဘောကျနှစ်ခြိုက်ခဲ့သည်။ စာကြည့်တိုက်ပညာ ၊ ဒီပလိုမာတွေရယူခဲ့ပြီး ကျောင်းဆရာတဖြစ်လဲ စာပေလောကမှာ ကျင်လည်နေတဲ့ ဆရာကြီးမောင်စွမ်းရည်၏ အသက်(၇၁)နှစ်ပြည့်မွေးနေ့မှသည် သက်တော်ရာကျော်အထိ ကျန်းမာပျော်ရွှင်စွာနဲ့ မြန်မာပြည် လွတ်မြောက်ရေး တိုက်ပွဲအောင်မြင်မှုထိ ဆက်လက်လျှောက်လှမ်းနိုင်စေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ စာပေတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသိပညာ ၊ ဗဟုသုတများကို အရေးအသားပိုင်နိုင်စွာနဲ့ လူငယ်လူကြီးအားလုံးကို မျှဝေလက်ဆင့်ကမ်းပေးတဲ့ ဆရာကြီးမောင်စွမ်းရည်အား အစဉ်အမြဲလေးစားအားကျမိပါတယ်.. ။

5 Comments so far
Leave a comment

ဆရာကြီး မွေးနေ့ ဆုတောင်းလေး ဖတ်သွားတယ် ညီမလေးရေ။ ဆရာကြီး စာအုပ်လည်း download လုပ်သွားတယ်။

Comment by ကောင်းကင်ကို

မောင်စွမ်းရည်ရဲ့ “အနီနှင့် အပြာ” ကဗျာများ စာအုပ်ကို ရှာဖတ်ကြည့်ပါ။ နှစ်သက်ပါလိမ့်မယ်။ လမ်းပြကြယ်မှာ ရှိမယ်နဲ့ တူတယ်။ ကျနော် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဖတ်ဘူးခဲ့စဉ်က အင်မတန် နှစ်သက်ခဲ့ပါတယ်။

Comment by Ko Paw

ညီမလေးလင်းလက်.. :p ချီဗုံးကြီးရှိတော့ဘူး .. ဘယ်ရောက်သွားလဲ

Comment by Min Min

လေးစား အတုယူထိုက်တဲ့ နာမည်ကြီး စာရေးဆရာကြီးတွေကို အားကျပြီး လိုက်တော့ ရေးကြည့်နေတာပဲ။ ဒါပေမယ့် ကျနော်တော့ အဝေး… ကြီး လိုသေးတယ်

Comment by မင်းကျန်စစ်။

ချီဗုံးကြီးရှိတော့ဘူး .. ဘယ်ရောက်သွားလဲ..?

Comment by Anonymous




Leave a comment